Part 34
3K 281 104
"ရိပ်လေး လက်ကို ရေ မထိရဘူးနော်"
'မိုးညိုက ရိပ်ရဲ့လက်ကို ပတ်တီး စည်းပေးရင်းပြောလိုက်သည်'
"ဟီးးအဲ့ဒါတော့ မပူနဲ့ ကျုပ်က ရေချိုး ပျင်းတယ် လုံးးးဝမထိစေရဘူး"
'ရိပ်က လူနာကုတင်ပေါ်ကနေ ခြေလွှဲထိုင်ပြီး သူ့ရှေ့ရပ်နေတဲ့ မိုးညိုကို ရယ်ပြနေသည်'
"အမလေးးးတူတူ တို့ကတော့ ပျင်းတာနဲ့ နားပင်းတာ ကွက်တိပေါ့လေ ရေမချိုးချင်လို့ ပတ်ပြေးစရာမလိုတော့ဘူး"
"ဟုတ်တယ် အဘ ကြိမ်လုံးမမိတော့ဘူးး ဘယ်သူကများ ဒီရေချိုးတာကြီး စတီထွင်ခဲ့တာလဲမသိဘူးး နော် ဒေါက်တာကြီး"
"ကိုယ်လည်း မသိဘူးးလေ ရိပ်က နွေရာသီ ရောက်နေတာကို ရေမချိုးတာလား"
"နွေတစ်ခါ ဆောင်းဗလာ တဲ့ ကျုပ်ရေတစ်ရက် ချိုးရင် ရပြီလေ"
"ဟောဗျာ အဲ့ဒီဆိုရိုးက ဘယ်သူကပြောခဲ့တာလဲ"
"အဲ့ဒါ ကျုပ်တို့အဘပါပဲ အမေရဲ့အဖေလေ နွေရာသီမှာ တစ်ခါပဲချိုးတာ ဆောင်းရာသီဆို ရေလုံးးဝမချိုးးဘူး တူတူက အမေ့ဘက်က အဘ တူတာလေ ဘမျိုးဘိုးတူ ချို(ဂျို)ကလေးနဲ့လေ"
'မိုးသူက သူ့မောင်ခေါင်းကို ပုတ်ကာပြောပြလိုက်သည်'
"နို့ အစ်မ ကျုပ်အဘကိုနွားလို့ ပြောလိုက်တာလား ဒါဆို နင်လည်း နွားနော်"
"ဟဲ့တူတူ ငါက ရှေးလူကြီးစကားပြောတာပါ လက်က ပြီးရင် ပြန်ကြမယ် အိမ်မှာ အဘတစ်ယောက်ထဲရယ်"
"ဒေါက်တာကြီး"
"ခင်ဗျ!"
"ဒီပတ်တီးကြီးနဲ့က ဘယ်ချိန်ထိနေရမှာလဲ"
"တစ်လပဲ စည်းထားရမှာ "
"ဘာ တစ်လ သင်္ကြန်က နောက် ၅ ရက်ဆို ရောက်ပြီ ကျုပ်မကဲရတော့ဘူးးအခုပြန် ဖြည်ပေးး အခုဖြည်"
'ရိပ်က ကလေးလို မိုးညိုလက်ကိုလွှဲကာ ပူဆာနေသည်'
"ရိပ်ကလည်း  မဆိုးနဲ့လေ ပတ်တီးမစည်းရင် ဘယ်လို သက်သာမှာလဲ မဆိုးရဘူးးနော် လိမ္မာတယ်"
'မိုးညိုက ရိပ်ရဲ့ခေါင်းလေးကို ပုတ်ကာ ချော့ပြောနေရသည်'
"မလိမ္မာဘူးး ကျုပ်က ဒီသင်္ကြန်အတွက် အား ခဲထားရတာ အခု ဖြည် အားးအားးးမမ လွှတ်"