pt.2

5.8K 464 15
                                    

ထိုအကြောတင်းနဲ့တစ်ပွဲတစ်လှမ်းနွဲပြီးသောအချိန်တွင် ကားအတွင်းသည်လည်း သဲကန္တာရရောက်သွားသလို တိတ်ဆိတ်ငြိမ်သက်သွားရသည်

အတော်အတန်မောင်းခဲ့ပြီးအချိန်တွင် ဆိတ်ငြိမ်ရပ်ကွက်တခုအတွင်းသို့ဝင်ရောက်လာခဲ့သည် လမ်းတခုအတွင်းသို့ဝင်ရောက်ခဲ့၍ကြီးမားသောအိမ်ရှေ့တွင် ကားဟွန်းတီးသံဖြင့် တံခါးဖွင့်ပေးရန်အချက်ပြလိုက်သည်

ထိုအခါမှလည်း ဘေးဘက်တွင်အသက်တောင်ပါရဲ့လားမသိအိပ်လာသောသူသည် ထလာခဲ့သည်

"သူ့အိမ်ရောက်တာကျသိတယ် ကားကျငါတယောက်တည်းမောင်းလာခဲ့ရတယ် တရားပကွာ ..."

တယောက်တည်းတိုးတိတိုးတိ ပွားနေချိန်တံခါးသည်လည်းပွင့်လာခဲ့သည်

ကျွန်တော်တို့လည်းမောင်းဝင်လာခဲ့ရာ ငယ်ငယ်ကတည်းက ကျွန်တော်အားထိန်း‌ကျောင်းပေးခဲ့သောအာဂျီမားအား စင်ဝင်အောက်တွင်တွေ့ရသည်

ကျွန်တော်တို့လည်းနှုတ်ဆက်ကာ အိမ်ထဲသို့ညစာစားရန် ဝင်လာခဲ့တော့သည်

ဟော တွေ့ပါပြီ အဆိပ်ပြင်းအကြောတင်းရဲ့ မိဘနှစ်ပါး ညစာစားရန်ကျွန်တော်တို့နှစ်ယောက်ကို ထိုင်စောင့်နေချင်းဖြစ်မည်ထင်သည်။

ဂျီမင်းမိဘတွေသည် ဂျီမင်းထက်ဆိုးသောသူများသာဖြစ်သည် တင်းမာနေသောမျက်နှာများသည် အကြောတင်းအားပုံတူထုထားခဲ့သော အရာများဖြစ်မည်ထင်သည် ..

ဂျီမင်းသည် ထမင်းစားခန်းရောက်သည်နှင့် သူ၏မိဘများကိုနှုတ်တောင်မဆက် ဝင်ထိုင်ကာစားစရာရှိတာစားသည်

မိဘတွေသည်လည်း မိမိသားနှင့်ညစာစားချင်းသည် တွေ့ဆုံမှုတခုသာဖြစ်သည်

ကျွန်တော်သည် သူတို့မိသားစုကြား အပိုလူလို ကိစ္စမရှိပါဘူး အစောကတည်းက မျက်နှာတင်းမာသူမို့ အာရုံများများစားစားမထား စားစရာရှိတာစားသည်

"ကျွန်တော်ပြီးပီ ဂျောင်ကုပီးရင်လာခဲ့တော့ငါကားထဲကစောင့်မယ် "

"နေဦး ဂျီမင်းငါတို့ကမင်းမိဘ‌တွေနော် ငါကမင်း‌အဖေ မင်းအရှေ့မှာထိုင်နေတာမင်းအမေနော် "

မူပိုင်Where stories live. Discover now