Pt.30

3K 221 10
                                    

တစ်ဖက်မှာ ညလေးသည်သာယာသလောက်
တစ်ဖက်မှညလေးသည် မှောင်မိုက်နေခဲ့သည်

'Tong' ထိုအရာသည် ထယ်ယောင်းဖုန်းထံ ဝင်လာသော မက်ဆေ့သံတစ်ခု

ထယ်ယောင်းတစ်ယောက်ခေါင်းသုတ်နေရာမှ စားပွဲခုံပေါ်တင်ထားသော ဖုန်းလေးဆီသို့ သွားကာ ကြည့်မိတော့ ဝင်ရောက်လာသော စာ‌လေးသည် ကောင်းခြင်းတွေယူဆောင်လာမည့်စာလေးလား ဆိုးခြင်းတွေ ယူဆောင်လာမည့်စာလေလား

သယတွေတွေလေး ရပ်စဉ်းစားနေတုန်း ထပ်မံတုန်ခါလာသော ထယ့်လက်ထဲက ဖုန်းလေး  contactကို ကြည့်မိရာ  မွေးသဖခင်ဆီမှ ။
မဆက်စဖူး ဆက်တာဆိုပေမယ့် ခုတခါတော့ သိပ်စိတ်မတိုမိ
ဟိုတစ်ခါမေမေ ဆိုင်လာပြီး ပြောသွားခဲ့သော စကားတွေကြောင့်ဘဲ ဖြစ်ပါလိမ့်မည်

"Helloဖေဖေ "

"အေး သားထယ်လေး ဖေဖေပါ "

ဖေဖေ့အသံတွေထဲတွင် လွန်ခဲ့သောနှစ်အချို့က တင်းမာခဲ့သော အသံများမရှိတော့ လုံးဝပြောင်းလဲသွားခဲ့သည်
ဒီလိုဆိုတော့လည်း ထယ်တစ်ယောက်မျက်ရည်ဝဲရပြန်သည်
'မိဘတွေဘဲမဟုတ်လား
ဂျီဂျီဘေးမှာ နေပေးလာတာ အချိန်‌အတော်ကြာနေပြီဘဲ ။ ခုဆို ဂျီလေးကလည်း ဂျောင်ကုရှိနေပြီလေ
ဂျောင်ကုက ငါ့ထက်ပိုကာကွယ်ပေးနိုင်မှာပါ'ဂျောင်ကုကိုတော့ သူယုံပါသည်

"ကဲ ကင်ထယ်ယောင်း မိဘတွေကို တစ်ခါလောက်ပြန်ကြည့်ရအောင်
ဂျီဂျီစိတ်ဆိုးလဲဘာဖြစ်လဲ 1လ 2လ လောက်ပါဘဲ အဆင်ပြေပါတယ် " ကိုယ့်ကိုယ်ကိုအားပေးကာ  တစ်ဖက်မှ ဖေ့ဖေအား စကားအကောင်းပြန်ပြောနေလိုက်သည်

"ဟုတ် ဖေဖေ နေကောင်းတယ်မဟုတ်လား "

သားဖ2ယောက် ဖုန်းပြောချင်းက အဲ့လောက်မသက်မသာဖြစ်စေတာလား
ငါကဘဲ ခုမှ ပြောဖူးလို့လား
ဇောချွေးများပျံကာ တော်တော်ခက်ခဲလှပါသည်

"ကောင်းပါတယ်ကွယ် သားလေးကော "

"ဟုတ် သားက ကောင်းပါတယ် "

တကယ့်တော့ ဖေဖေသည် ကျွန်တော်ထင်သလောက်အတ္တမကြီးပါဘူး
မိဘမေတ္တာတွေပါ
ခုလိုလေး အဆင်ပြေတော့ အေးချမ်းလိုက်တာ အရင်ကဖေဖေက ကျွန်တော့်ရဲ့ခေါင်းမာမှုကြောင့် ဝုန်းဝုန်းဒိုင်းဒိုင်းသာ ပြောဆိုဆက်ဆံသဖြင့် ခုလိုနူးညံ့ပေးမှာတွင် ထယ်ယောင်း နွေးထွေးမိပါသည်

မူပိုင်Where stories live. Discover now