Pt.33

2.6K 217 42
                                    

ရင်ခွင်ထဲဝင်ကာ ငိုယို၍ အိပ်ပျော်သွားသော မင်္ဂလာဦးညလေးအပြီး နောက်နေ့ရက်တိုင်းတွင် ထယ်နဲ့သူ မဆိုသလောက်လေး နီးစပ်နေခဲ့ပါသည်

အလုပ်လုပ်ရာတွင်လည်း ထယ်သည် သေသပ်လွန်းကာ ဝါသနာပါရာအလုပ်မဟုတ်သော်ငှား စည်းကမ်းရှိလှသည်

ကျွန်တော့်ဆီ လုပ်ငန်းအကြောင်းသင်ယူရင်လည်း ပေါ့ပျက်ပျက်မလုပ် အလေးအနက်လုပ်သည်
ကျွန်တော့် အပြုအမူများကိုလည်း ခါးခါးသီးသီးမငြင်းဆန်သလို အပြောအဆိုတွေကိုလည်း သူ မသိချင်ယောင်ဆောင်တတ်သေးသည်

တစ်ခါတစ်လေ ရုံးပိတ်ရက်တွေ အပြင်သွားရန်ပြောလာလျှင်လည်း မငြင်းဆန်ဘဲ လိုက်လာပေးသည်
ထယ်သည်သိပ်သိတတ်ကာ လိမ်မာသောကလေးလေး

ကျွန်တော့အချစ်တွေကို တစ်ရက်ပြီးတစ်ရက် ပိုပိုတိုးလာအောင်သူလုပ်နိုင်စွမ်းရှိသည်
အချစ်တွေကိုသာလက်မခံတာ ကျွန်တော်နူးနူးညံ့ညံ့ကြည့်လို့ သူပြန်ကြည့်လာသောအကြည့်သည် လူကို ရူးခါသွားနိုင်ပါသည်

ဒီလိုဘဲပေါ့ ထယ်မချစ်သေးလည်း ကျွန်တော်က အလျှံအပယ်ချစ်ပေးမည်
တစ်ချိန်ချိန်မှာတော့ချစ်လာပါလိမ့်မည်

အချစ်တွေက ပေးထားတာမနဲမနောမို့ ချက်ချင်းကြီးလက်မခံနိုင်လည်း မြင်အောင်ကြည့်ပေးပြီး ဖြေးဖြေးချင်းသယ်ယူပါထယ်
တစ်ချိန်မှာထယ့်နှလုံးသားလေးကိုများ လူကြီး အပိုင်ရခဲ့လျှင် ပိုပြီး ပိုပိုပြီး ရူးရအောင် ချစ်ပေးပါ့မည်

စိမ်းပြာရောင်မျက်လုံးပိုင်ရှင်ကို သိပ်ချစ်တာမို့ ထိုမျက်လုံးစိမ်းလေးများ၏အကြည့်စူးစူးလေးများကိုယှဉ်မကြည့်နိုင်တောင် တစ်ဝက်တော့ကြည့်ပေးနိုင်ပါသည်

ဟိုတစ်ခါ ကျွန်တော်တို့သုံးယောက်ဆုံတုန်းက ဂျောင်ကု သူ့အမျိုးသားအား တင်စားမှုတွေကို အပိုတွေလို့ထင်ခဲ့မိသေးတာ
ခုတော့ ကိုယ်က ဒီစိမ်းပြာရောင်လေးကိုတင်စားနေတာများ ကဗျာတစ်အုပ်လောက်တောင်ထုတ်လို့ရနေလောက်ပြီ
တယ်လည်း တတ်နိုင်ပါ့ ယွန်းဂီရေ
နမ်ဂျွန်းနဲ့ငကုကြားရင် အော်ရီပါလိမ့်မည်

မူပိုင်Where stories live. Discover now