မနက်5နာရီ ဝေလီဝေလင်းအချိန်တွင်
ကျွန်တော့ဘေး၌အိပ်ဆက်နေသော ကလေးငယ်တစ်ယောက် လှုပ်လှုပ်ရှားရှားဖြင့် ကျွန်တော်မနိုးအောင် ခိုးထရန်သွားရန်ကြံနေသည်ဂျောင်ကုတစ်ယောက် ဂျီမင်းသူ့အားအဆုံးထိ ဖုံးကွယ်ပီး သွားတွေ့မယ်မှန်းသိ၍
ဒီနေ့မနက်တွင် ခိုးထွက်သွားမည့်သူထက်အရင် နိုးနေမိပေမယ့် မသိချင်ယောင်ဆောင်ကာ အိပ်နေလိုက်သည်ဂျီမင်း မနက်စောစောထကာ ဂျောင်ကုမသိခင် သွားရမည်
ဒီကိစ္စတွေအားဂျောင်ကုသိလို့မဖြစ်
မနက်စောစောထ၍ အလုပ်စားပွဲပေါ်မှ ဖုန်းဆီ အသာအယာ လှမ်းသွားကာ
ညက Gumပို့ထားသော massage အား အသာလေးဖတ်နေမိသည်ကျွန်တော့ဘေးမှ ထသွားသော ကလေးငယ်အား ကျွန်တော့မသိမသာ စောင်ပုံထဲ၌ခိုးကြည့်နေမိကာ
ဆုံးဖြတ်ချက်တစ်ခုအမြန်ချရသည်
မဟုတ်ရင် ဒီကလေးဘယ်အထိသူ့ကို ဖုံးကွယ်ထားမယ်မှန်းမသိပါ
ဒါ့ကြောင့် အလုပ်စားပွဲရှေ့တွင် ညအိပ်ဝတ်စုံလေးဖြင့် စိုးရိန်ပူပန်စွာ သက်ပြင်းချနေသော ကျွန်တော့ မူပိုင်လေး ထံ ထသွားလိုက်သည်ဘယ်လောက် သောကများနေမှန်းမသိ ကျွန်တော်ထပြီး သူ့အနောက်ရောက်နေတာတောင် မသိရှာသော ကလေးငယ်ရယ်ပါ
အပူလုံးတွေဖြင့် မနက်စောစောမှာလည်းစိတ်မချမ်းမြေ့နိုင်ပါ
ဖော်ထုတ်မှဖြစ်မယ် ဒီတိုင်းပစ်ထားလို့မရပါ
ဖေဖေဟာ တကယ်ဘဲ ဖောက်ပြန်နေလာ မနေလားငို သူသိရမှဖြစ်မယ် ။အတွေးတွေထဲ ပူလောင်နေစဉ် ဩရှရှ ခေါ်သံလေးဖြင့် ခါးတွေပေါ်လက်များရစ်သိုင်းလာသောသူ
ဒီအသံ ဒီသန်မာသောလက်တွေကို သူမသိဘဲနေပါ့မလား သေချာပေါက်ဂျောင်ကုပေါ့
အနည်းလန့်သွားပေမယ့် ဟန်ဆောင်ကောင်းသူပီပီ အမြန်ထိန်းလိုက်နိုင်သည်"ကလေးးးးးးး"ဆွဲငင်စွာခေါ်လိုက်သော အသံသည် အပူတစ်ချို့ကိုငြိမ်းအေးစေနိုင်ပါသည်
ကလေးလို့သူ့ကို ခေါ်ပီး ကလေးလိုလာချွဲနေသောဂျောင်ကုအား သူပြန်မဖြေမိ
"ကလေးးး ဂျီမင်း"
"ဟင် . အင်းး "
ကလေးငယ်က သူ့ကို ရှောင်ဖယ်နေသလိုဘဲ
အခုတစ်လော စိမ်းသက်သွားသလိုခံစားရတယ်
YOU ARE READING
မူပိုင်
Fanfictionရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ