Pt.20

3.1K 251 10
                                    

နမ်ဂျွန်းသည် ယွန်းဂီအား ဂရုနာသက်နေမိကာ စကားဝိုင်း‌သည်လည်းအတော်အတန်ကြာအောင်တိတ်ဆိတ်နေမိသည်

ယွန်းဂီHygသည် ဒီလိုမှိုင်မှိုင်‌တွေတွေလူမျိုးမဟုတ် လူအများအားကျရတဲ့ သွက်သွက်လက်လက် စီနီယာကောင်းတစ်ယောက်သာ

ကျွန်တော်နဲ့ဂျောင်ကု ယွန်းဂီ Hygနဲ့ ပေါင်းသင်းခဲ့စဉ်ကတည်းက စီနီယာသည် စိတ်သဘောထားကောင်းကာ ပွင့်ပွင့်လင်းလင်းသိပ်ရှိခဲ့တာ ဝါသနာအပေါ်အရူးအသွပ်မို့ နေ့နေ့ညည basketballကွင်း၌သာ အချိန်များအားကုန်ဆုံးစေခဲ့သူ

အခုတော့ အချစ်ကြောင်တဲ့လား
အချစ်က အဲ့လိုလည်းပြုစားနိုင်သလား

နမ်ဂျွန်းလည်း မိမိရှေ့တွင်တိတ်ဆိတ်စွာ အတွေးများနေသူအား နာမည်နာမ တစ်ခုကို သိချင်လွန်း၍ မေးလိုက်တော့သည်

"ယွန်းဂီ Hyg.. 'ထယ်'ဆိုတဲ့ တစ်ယောက်ရဲ့နာမည် အရင်းကိုပြောပြပါ့လား"

"သူ့ နာမည်က ကင်ထယ်ယောင်းပါ
'ထယ်'လို့ Hygမြတ်မြတ်နိုးနိုးသုံးနှုန်းတဲ့သူလေးပေါ့ "

နမ်ဂျွန်းမျက်လုံးပြူးသွားတာတော့အမှန်ပါ
ဒါနည်းတဲ့ တိုက်ဆိုင်မှု မလို့လားး

"နေဦး Hyg ကင်ထယ်ယောင်းဆိုတာ
ပတ်ဂျီမင်းသူငယ်ချင်း soulmate coffeeဆိုင်က ပိုင်ရှင်ကိုပြောတာလား "

"ဟုတ်တယ်လေ ဘာလို့လဲ နမ်ဂျွန်း မင်းနဲ့သိနေလို့လား "

"ရင်းရင်းနှီးနှီးတော့မဟုတ်သေးပေမယ့်
ကျွန်တော်က သူ့ဆိုင်ရဲ့ ဖောက်သည်လေ
ပြီးကျ ဂျောင်ကုတို့အိမ်မှာလည်းခဏခဏ တွေ့နေလို့ ခင်နေတဲ့သဘောပါ "

နမ်ဂျွန်းပြောသော "ဂျောင်ကုတို့အိမ်မှာလည်းခဏခဏတွေ့ရတယ်" ဆိုတဲ့ စကားမှာ ယွန်းဂီ တကယ်ကိုကြောင်သွားတော့သည်
ဒါကြောင့် နမ်ဂျွန်းအားပြန်မေးရသည်

"နမ်ဂျွန်း ထယ့်ကိုဘာလို့ ဂျောင်ကုအိမ်မှာတွေ့ရတာလဲ ငါ့ကိုနားလည်အောင်ပြော‌ပြစမ်းပါဦး ဟျောင့်ရ "

နမ်ဂျွန်းလည်း ယွန်းဂီအား ဖြစ်ကြောင်းကုန်စင်သာ ရှင်းပြလိုက်တော့သည်

မူပိုင်Where stories live. Discover now