"ဆရာ ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်"
ဒါမှပြဿနာအစစ် ကျွန်တော်ပြောတာလဲ အာရုံရမနေပါ သူ့ဘာသာ Laptopကြီးဖွင့်ပြီးပြုံးစိစိဖြစ်နေသည်
ဟိုဆော့စိတ်မရှည်တော့ပါဟုတ်တယ်လေ သူခေါ်နေတာ နာရီဝက်လောက်ရှိနေပြီ
Ceo Jeonသည် ဒီအလုပ်ခန်းထဲစရောက်ကတည်းက တခုပြီးတခုအာရုံများနေသည်ဒီလိုဖြစ်တာကလဲ ဒီနေ့မှ
ခါတိုင်းဆို တချက်အာရုံမပျက် သူ့အလုပ်သူ တစိုက်မတ်မတ်လုပ်တတ်သလို ကျွန်တော့်ကိုလည်း သေချာသင်ပြပေးသည်ဒီနေ့မှ တကယ်ကို ဒီနေ့မှ ဘယ်လိုဖြစ်နေတယ်မသိပါ
"ဆရာဂျွန် ကျွန်တော်ပြန်တော့မယ်လို့ "
တခါခေါ်လည်းမရ နှစ်ခါခေါ်လည်းမရ စိတ်မရှည်တော့
"ဆရာ့"ဟိုဆော့အော်လိုက်တော့သည်
"အမလေး အိစိ"
"ဟင် ဆရာ ဘယ်က အိစိလည်း ကျွန်တော်ခေါ်နေတာလည်းကြာပြီ အာရုံလည်းမရဘူး ဆရာ အမူးမပြေသေးရင်လည်း နားလိုက်ပါ့လား"
"မဟုတ်ပါဘူး ဟိုဆော့ရာ ကဲပြော
ငါ့ကိုဘာလို့ခေါ်တာလဲ"မြင်လားအခုတောင်အာရုံက
"ပြန်တော့မယ်လို့ ပြောနေတာပါဆရာ"
"အော် အေးအေး ပြီးသွားပြီလား အလုပ်က"
"ဟုတ်ဆရာ ပြီးသွားပြီ အဲ့တာပြန်မလို့လေ ဒီနေ့ပိတ်ရက်ဆိုတော့ အမေ့ကိုလည်းအချိန်ပေးရဦးမှာမို့ပါ ဆရာ"
"အေးအေး ပြန်တော့ ပြန်တော့ မင်းလည်း အန်တီကို ဂရုစိုက်ရဦးမှာ "
"ဟုတ်ဆရာ အာ့ဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်" ဟိုဆော့ခေါင်းငုံ့ကာ နှုတ်ဆက်၍ ထွက်လာတော့သည်
"ဆော့လေး ပြန်တော့မလို့လား "
"ဟုတ် ဦးလေးဂျို "
"အေးအေး ရော့ ဒါလေးတွေအစ်မဖို့ ယူသွားလိုက်ဦး ဦးလေးလည်း မင်းတို့အိမ်မလာတာကြာပြီလေ အမကိုလည်းမတွေ့ရတာကြာပြီ "
"ဟုတ် ဦးလေးဂျို ကျွန်တော်အမေ့ကိုပြောလိုက်ပါ့မယ် အာ့ဆို ပြန်တော့မယ် ဦးလေးဂျို
ဦးလေးလည်း ကျန်းမာရေးဂရုစိုက်ဦး"
YOU ARE READING
မူပိုင်
Fanfictionရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ