Pt.10

3.7K 327 2
                                    

"ဂျီဂျီရေ ပြန်ရအောင်လေ"

ကျွန်တော်တို့နှစ်ယောက် အတွေးကိုယ်စီဖြင့် ဟန်မြစ်ဘေးတွင် အချိန်တော်တော်ကြာထိုင်နေမိကျသည်
ကျွန်တော်မှစ၍ ပြန်မယ်လို့ စကားမစလျှင် ဒီကနေ့အိမ်ပြန်ဖို့ မိုးချုပ်သွားလိမ့်မည်

ကျွန်တော်သိတာပေါ့ ဒီနေ့ကျွန်တော်ပြောခဲ့တဲ့စကားကြောင့် ဂျီဂျီ ဝမ်းနည်းသွားလိမ့်မယ်ဆိုတာ ဒါပေမဲ့ ပြောထားမှဖြစ်မည်လေ

ကျွန်တော်တကယ် သူ့အနားကနေ အခြားတယောက်စီ ချက်ချင်းရောက်သွားခဲ့လျှင် သူပိုဝမ်းနည်းရမည့်ကိန်း

ကျွန်တော့ကို ဂျီဂျီ လွှတ်ပေးမည်မဟုတ်ပါ
ဘာလို့ဆို ဂျီဂျီအတွက်ကျွန်တော်ဟာ အဖြူစင်ဆုံးနဲ့အချစ်ရဆုံး ပထမဆုံး မိသားစုလေးလို့ သူကျွန်တော့ကိုပြောခဲ့ဖူးပါသည်

ဒီလိုတွေပြောနေရချင်းဟာလည်း အားလုံးသူ့အတွက်သာ...

ခက်ခဲကျရင်တောင် မင်းဘက်မှာ ဂျောင်ကုရှိနေလို့ ငါစိတ်ချရပါတယ်ဂျီဂျီ
ငါ့ကို လွယ်လွယ်ကူကူ လက်လွတ်ပေးမယ်မဟုတ်လားဟင်....

"အွန်းအွန်း ထယ်ကပြန်ချင်နေပြီလား"

"မဟုတ်ပါဘူး ထယ်ဆိုင်ကိုပြန်ရဦးမယ်လေ
မန်နေဂျာတယောက်ထဲနဲ့လွှတ်ထားလို့မရဘူး  ဂျီဂျီလည်းသိရက်နဲ့ အခုတောင် တနာရီထိုးနေပြီ"

"အင်းပါ အာ့ဆိုပြန်ကျစို့"

ကျွန်တော်တို့လည်း စားသောက်ထားသောအရာများအားရှင်းလင်းပေးခဲ့ကာ အိမ်သို့ပြန်လာကျတော့သည်

"ကဲ စထွက်ပါပြီ ကိုင်ထားနော် ထယ်ရေ"

"ဟုတ်"

ဟိုအကြောတင်းအား အမြင်ကပ်ပုဒ်မ တပ်ကာ အလုပ်များသိမ်းကျုံးလုပ်နေလိုက်တာ အခုဘယ်နှနာရီတောင်ရှိသွားသည် မသိပါ

"အားးးး ညောင်းလိုက်တာကွာ" ဂျောင်ကု
သည် အကြောဆန့်ရင်း မနက်စာနဲ့နေ့လည်စာပေါင်းစားရန် အောက်ထပ်သို့ ဆင်းလာတော့သည်

"သခင်လေးဂျွန်  မနက်စာစားတော့မှာလား
အာ အခုက နေ့လည်တောင်ရောက်နေပြီဆိုတော့  နေ့လည်စာပေါ့ သခင်လေးဂျွန်"

မူပိုင်Where stories live. Discover now