Pt .32

2.6K 220 7
                                    

ကျွန်တော်နဲ့ ကလေးငယ်ကတော့ တစ်ရက်ထက်တစ်ရက်ပိုပိုချစ်လာကျပါတယ်

အရစ်လုံးလေးက ရစ်လိုက် ကျွန်တော်က မမောနိုင် အသဲတယားယားချော့လိုက်ဖြင့်သာသာယာယာ

တစ်ခါတစ်လေ ပြိုင်ကွင်းခိုးခိုးသွားလို့ လိုက်ဖမ်းရတာလဲ မမောနိုင်

တစ်ခုခုလိုချင်တာလို့ သွားချင်တာလို့ဆို အမောင်ပတ်ဂျီမင်းတို့များ ချွဲပြီး တောင်းဆိုတတ်တာကြောင့် ဒီလူကြီးမှာအကြိမ်ကြိမ်အ‌ရည်ပျော်ရပါသည် ။

တစ်ခါတစ်လေကျလည်း သူ့ဘာသာငြိမ်ငြိမ်လေးတွေးနေတတ်လွန်းလို့ ပြန်ဆွဲဆွဲခေါ်နေရသည်
ဒီကလေးဟာ အဆန်းတကြယ်လေး

ထယ့်ကိုလွမ်းနေပြီ ထယ့်ဆိုင်သွားမလို့ဆိုပြီး ဂျီကျလာရင်လည်း ကျွန်တော့မှာ အကြောင်းပြချက်ပေါင်းစုံဖြင့် သူ့သူငယ်ချင်းထယ်ယောင်းနဲ့ပေါင်းကာလိမ်လည်ပေးရသည်

ထယ်ယောင်းနဲ့က ဖုန်းတော့ပြောဖြစ်ကျပေမယ့် ထယ်ယောင်းက ဂျီမင်းအား လာအတွေ့မခံ
ဆိုင်မှာ ပြင်ဆင်တာတွေရှိနေလို့ မလာနိုင်သေးဘူးဟု လိမ်လည်ထားသည်

ကျွန်တော်ရယ် နမ်ဂျွန်းရယ် ဟိုဆော့ရယ်ကတော့ ကြံရာပါများသာ
ဘယ်နေ့ မိပြီး အကိုက်ခံရမလဲ မသိနိုင်
သထွေး တမျိုမျိုဖြင့် ချွေးပျံနေရသည်

ဒီ ကလေးတွေနဲ့ ခေါင်းခြောက်ပါသည်
ဟိုတစ်ယောက်ကလည်း သူယောက်ျားယူမည့်ကိစ္စအား ဒီငဂျစ်အား ပြောမသွား
အမယ် သူက အပြီးတောင်ပြန်လိုက်သေးသည်
ဒီငဂျစ်ကလည်း ဘာမှမသိ သွားတွေ့မယ် တဂဲဂဲဖြင့် သူ့သူငယ်ချင်းယောက်ျားယူတော့မယ်ဆိုတာသာသိကြည့် ကျွန်တော်တို့3ယောက် ခေါင်းမွှေးပြောင်မည့်ဖြစ်ခြင်း။

ဘယ်ဘက်လှည့်လှည့် အသက်ပါမည့်ကိန်းတွေမို့ အလယ်မှာငြိမ်ငြိမ်နေတာသာကောင်းပါသည်

ခုလည်း ကြည့်လေ ဒီ ငဂျစ်လေး ဘာတွေအလိုမကျနေလည်းမသိ မနက်မိုးလင်းကတည်းက အိပ်ယာပေါ်တွင်ပတ်လပ်လှန်ကာ နှုတ်‌ခမ်းလေးတွေအား ဆူထားသေးသည်

ဂျောင်ကုတစ်ယောက် သူ့ကလေးဖြစ်နေပုံအား ခေါင်းခါကာ ငချိတ်လေးဘေး ဝင်လဲတော့ ပိုင်ပိုင်နင်းနင်း ဗိုက်ပေါ်ရောက်လာသော ခြေဖဝါးသေးသေးလေးနှစ်ဖက်
ဂျောင်ကုလည်း ခြေမလေးအား အသဲယားဖွယ် ဖွဖွလေးကိုက်ကာ အင်္ကျီအောက်ထဲ ပစ်သွင်းထားလိုက်သည်

မူပိုင်Where stories live. Discover now