pt.16

3.4K 277 1
                                    

ဂျွန်ဂျောင်ကုတယောက်အားလပ်ရက်မှာ မအားလပ်စွာ ချစ်ရသောကလေးငယ်အား ပြုစုပေးခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်။

ဒီနေ့လည်း ပထမဦးစွာ အိပ်ယာမှနိုးထလာသူသည် ဂျောင်ကုသာ ဖြစ်သည်
ဘေးတွင် အိပ်စက်နေသော ကြက်‌ေပါက်အား
ခေတ္တမျှငေးကြည့်နေလိုက်၏

ဒီလိုမြင်ကွင်းမျိုးသည် မနက်စောစောတွင် ကျွန်တော့အား အင်မတန်လန်းဆန်းစေပါသည်

"ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာကွာ "

ပတ်ဂျီမင်းက တကယ့်နတ်ဘုရား
ကကြိုးတွေလည်းစုံလင်လှသည်
တခါတခါ အသစ်အဆန်း အမူအယာလေးများထုတ်သုံးလျှင်ကျွန်တော့မှာ အလဲလဲအကွဲကွဲ

"နှမြောဖို့ကောင်းလိုက်တာ ဒီလို ကလေးငယ်ရဲ့ ကကြိုးဆန်းဆန်းလေးတွေအား တစ်နှစ်နေမှ သတိထားခဲ့မိလို့ "ဂျောင်ကုသည် အမှန်တကယ် နှမြောနေဟန်

အတော်အတန်ကြာ ကြည့်ပြီးမှသာ ဂျောင်ကုသည် အလုပ်သွားရန် ပြင်ဆင်ရတော့သည်

"တနေကုန် ကြည့်ချင်ပေမယ့် ကလေးရယ်
ကိုယ်လည်း ဒီနေ့ Min groupက CEOနဲ့ ချိန်းထားလို့ စောစောသွားမှ ဖြစ်မှာမလို့ပါကွာ "ဟု အိပ်နေသော ကလေးငယ်၏ နှဖူးလေးအား အသာအယာနမ်းကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်

"သခင်လေးဂျွန်  အာဂျီမား မနက်စာ ပြင်ထားတယ် "

"ဟုတ် အာဂျီမား ကျွန်တော် ဒီနေ့အရေးကြီးတွေ့စရာရှိလို့ မစားဖြစ်ဘူး ဟိုရောက်မှဘဲစားလိုက်တော့မယ် "

"ဟုတ်ကဲ့ သခင်လေး "

"အော် အာဂျီမား ဂျီမင်းနိုးလာရင် စားဖို့ဆန်ပြုတ်လေးဘဲ ပြုတ်ထားလိုက်ပါ ကျန်တာမကျွေးပါနဲ့ နေမကောင်းသေးလို့"

"ဒါပေမယ့် သခင်လေးဂျီမင်းက "

"ဒါပေမယ့်တွေဘာတွေလုပ်မနေပါနဲ့ အာဂျီးမားရယ် ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်‌
သူတခုခုပြောရင် ကျွန်တော်နဲ့သာ လွဲချ
ကျန်တာ အလိုလိုက်လို့ရတယ် ကျန်းမာရေးနဲ့တော့အလိုမလိုက်နိုင်ဘူး "

"ဟုတ်ကဲ့ပါ သခင်လေး အာဂျီးးမားလုပ်လိုက်ပါ့မယ် "

"အာ့ဆို ဦးလေးဂျို ကျွန်တော်အလုပ်သွားတော့မယ် ကားအဆင်သင့်ပြင်ပေးပါဦး "

မူပိုင်Where stories live. Discover now