Pt.24

2.8K 236 6
                                    

ကလေးငယ်သည် မူးပြီးပြန်လာတဲ့ညပြီးကတည်း ကျွန်တော့အား စကားလည်းမပြော
ရှောင်နေသလိုပင်

'တစ်ခုခုဖြစ်လို့လား'လို့မေးတော့လည်း
'ဘာမှမဖြစ်ပါဘူး'ဟု ဖြေဆိုသူ

ညတိုင်းလည်း အိမ်ပြန်နောက်ကျ လာတတ်ကာ တစ်ခါတစ်လေ ငူငူငိုင်ငိုင်ဖြင့်

အခုလည်း သူကျွန်တော့ကိုရှောင်နေတာ
4ရက်ရှိပြီ
အကြောင်းပြချက်က ဘာမှန်းလည်းမသိရပါဘဲ ရှောင်နေတဲ့ ကလေးကို ထုပစ်လိုက်ချင်ပါသည်

မနက်ဆိုလည်း ကျွန်တော်မနိုးခင် အစောကြီး ရုံးထသွားသည်
ညဆိုလည်း မိုးချုပ်ပြီးပြန်လာတယ်
တကယ်ပါဘဲ ဘာတွေဖြစ်နေလဲဆိုတာသိရမှကိုဖြစ်မယ်

ဂျောင်ကုရုံးခန်းထဲတွင် ဂျီမင်းကြောင့် အတွေးနယ်ထဲလက်ပစ်ကူးနေမိစဉ်

"ဆရာ "ဆိုတဲ့ ခွင့်တောင်းသံ တစ်ခု အပြီး တံခါးဖွင့်သံနဲ့အတူ ဟိုဆော့ဝင်ရောက်လာခဲ့သည်

ဟိုဆော့ကို မြင်သည်နှင့် ဂျောင်ကု၏ မျက်လုံးဝိုင်းဝိုင်းလေးများ အရောင်လဲ့သွားကာ  သိချင်ဇောဖြင့် ပြာတိပြာယာဖြစ်နေတော့သည်

"ဟိုဆော့ ဘာတဲ့လဲ "

ဟိုဆော့သည် ပြောရခက် မပြောရခက်
ကြားထဲရောက်နေကာ မျက်နှာသည် မအူမလည်ဖြင့်

ဟုတ်တယ်လေ သတင်းက အမှားဆို သူ့ယောက္ခထီးကို အသရေ ဖျက်ပါတယ်ဆိုပြီး
ကိုယ့်အလုပ်ထုတ်နေမှ

"ဟို ဆရာ
ကျွန်တော်လည်း အတိအကျပြောပါ့မယ်
မှန်လားမမှန်လားတော့  မသိပါဘူး
ဆရာစုံစမ်းခိုင်းတဲ့အတိုင်း စုံစမ်းပြီးမှသိလာတဲ့ကိစ္စတွေမို့  မှားခဲ့ရင်လည်း အပစ်မဆိုပါနဲ့ "

ဟုဆိုကာ အရှေ့မှ ချထားသော ရေခွက်အား ခပ်တည်တည်ဖြင့် မော့သောက်လိုက်သော သူ့အတွင်းရေးမှူးကြီးအား သူ စိတ်အတော်ရှည်နေပြီဖြစ်ပါသည်

သိချင်နေတာ တစ်ပိုင်းသေနေပါပြီဆို ဘာတွေပြောနေမှန်းကိုမသိဘူး အတော်လည်း လေပေါတဲ့ကောင်

"အေးအေး
ငါနားလည်တာမို့ တင်ပြပါတော့ဟ "

ဂျောင်ကုသည်စိတ်မရှည်သလိုအရိပ်ကြီးကြီးပြလိုက်မှ အလုပ်လုပ်ရာတွင်တိကျသေသက်လွန်းသလောက် အရစ်နည်းနည်းရှည်နေသော အတွင်းရေးမှူး‌လေး အထာပေါက်ကာ ကိစ္စအစုံ‌အား အထုပ်ဖြည်တော့သည်

မူပိုင်Where stories live. Discover now