Pt.27

2.9K 233 0
                                    

လွန်ခဲ့သော 2ရက်ခန့်၌.......

ထယ်ယောင်းတစ်ယောက် ‌coffeeဆိုင်ထဲတွင် ထိုင်၍ဂျီမင်းအတွက်စိတ်မကောင်းဖြစ်နေမိသည်

အရင်ကဆို အားအားမအားအား တရက်တခါဖုန်းပြောဖြစ်ကျပေမယ့်  ခုတော့ ဂျီမင်းသည်ကျွန်တော့အား ရှောင်နေပုံ

နားလည်ပါတယ် ရွယ်တူသူငယ်ချင်းကောင်းတစ်ယောက်ရှေ့မှာ ဒီလိုသူ့အဖေရဲ့ ဖောက်ပြားပါတယ်ဆိုတဲ့ သတင်းကြီးကြီးကို သိသွားမိတာမဟုတ်လား

"ဟွန်းးးးး ဂျီဂျီတစ်ယောက်ဖုန်းလည်းမဆက်
သူဆက်တော့လည်းမကိုင်
တစ်ယောက်တည်း ဘာတွေလုပ်နေတာပါလိမ့်"

ကျွန်တော့် သူငယ်ချင်းအတွက် စိတ်ပူမိပါသည်
ဂျောင်ကုကတော့ ဂရုစိုက်မယ်မှန်းသိပေမယ့်
ဂျီဂျီမှာ သူခင်တွယ်ရမည့် သူငယ်ချင်းဆိုလို့ သူတစ်ယောက်ဘဲ ရှိတာမဟုတ်လား

'ချလွင်'

ဆိုင်မှာ ဒီနေ့လူကျနဲ၍ ထိုင်ပြီးစဉ်းစားနေချင်း
ရုတ်တရက် ထမြည်လာသော ဆိုင်ဝမှ ခြူသံလေး

ကျွန်တော်လည်း ဝင်ပေါက်အား ကြည့်မိရာ တစ်ကိုယ်လုံးအေးစက် တောင့်တင်းသွားတော့သည်

"မေမေ "

ဟုတ်ပါတယ် ဝယ်သူလို့ထင်နေမိပေမယ့် တကယ်တမ်းရောက်လာသူမှာ သူ၏တစ်ဦး‌တည်းသောမာတာမိခင် ပါဘဲ

"သား ထယ်‌ယောင်း "

မေမေသည်သူ့အား လွမ်းနေပုံရကာ ဝင်ဝင်လာချင်း ဖက်တော့သည်
ကျွန်တော်လည်း ဖက်တာအနဲငယ်ကြာနေပြီဖြစ်၍ ရှုန်းလိုက်ကာ
စားပွဲခုံ တစ်ခုတွင် ဝင်ထိုင်လိုက်တော့ ဘာမှမပြောရှာဘဲ  ဘေး၌ လိုက်ထိုင်ပါသော မေမေ

ကျွန်တော်လည်း ပုန်ကန်ရတာ အတော်ပူလောင်နေပါပြီ မေမေရယ်

"ထယ်ယောင်းလေး သား "ပြောစရာရှိသော စကားအား မဆိုသေးဘဲ အရင်အစချီလိုက်တာ ကျွန်တော့ နာမည်အား နုနုညံ့ညံ့ခေါ်သောအသံဖြင့်

"မေမေဒီထိလိုက်လာကတည်းက အရမ်းအရေးကြီးတာဖြစ်မယ်မှန်း ကျွန်တော်သိပြီးသားပါ အားနာမနေဘဲ ပြောပါမေမေ "

မူပိုင်Where stories live. Discover now