Pt .19

3.2K 249 6
                                    

အိပ်ယာထကာစ ခေါင်းစုတ်ဖွားဖြင့်ငူငူငိုင်ငိုင်ထိုင်နေသောသူမှာ ဂျောင်ကုသာ..

သူညက လုံးဝအိပ်မပျော်ပါ
ကလေးငယ်ပြောကြားမည့်အဖြေသည် စိတ်ကျေနပ်စရာဖြစ်နိုင်သလို ဝမ်းနည်းစရာလည်းဖြစ်နိုင်တာမို့ ညလုံးပေါက် အတွေးများကာ မိမိကိုယ်ကိုနှစ်သိမ့်နေမိခြင်း

ဘဝမှာ ကိုယ်ဖြစ်ချင်တာဘဲဖြစ်ခွင့်မှမရှိတာ
သူ့ဘက်ကိုယ့်ဘက်မျှတွေးထားတော့ အနည်းဆုံးခံစားခဲ့ရင်တောင် အများကြီးနာကျင်မှာမဟုတ်လောက်ပါဘူးဟု ကြိုတင်တွေးတောထားတော့သည်

"ကဲ ဂျောင်ကု အတွေးများတာမကောင်းဘူး
လုပ်စရာရှိတာလုပ်ပြီး ကလေးငယ်က ကို့အချစ်ကိုယုံကြည်အောင်သက်ပြရမယ် fighting"

မိမိကိုယ်ကို အတတ်နိုင်ဆုံးအားပေးကာ
ရုံးသွားဖို့ ပြင်ဆင်ရမည်ဖြစ်တာကြောင့် ကလေးငယ်အခန်းဘက်ကူးခဲ့တော့သည်

"ဒေါက်ဒေါက် ဂျီမင်းနီ..
ကို ဝင်ခဲ့မယ်နော် "

မနက်စောစောအိပ်တဝက် နိုးတဝက်ဖြစ်နေချိန် အခန်းအပြင်မှ ချိုသာစွာခေါ်လိုက်သောအသံကြောင့် ဂျီမင်း၏မျက်လုံးအစုံဟာ ပြူးကျယ်သွားတော့သည်

ရင်တွေခုန်နေတာကလည်း ပရမ်းဗတာရယ်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသောအချိန်တွင် အခန်းထဲသို့ရောက်ရှိလာသော
ဂျောင်ကု

အခန်းထဲသို့ ကလေးငယ်အားအသံပေးကာ ဝင်လာ‌တော့သည်
ကျွန်တော်ဝင်လာတော့ ကလေးကရှက်လို့ထင်တယ်
အခုဘဲ စောင်ခြုံတော့မလိုလို
အိပ်တော့မလိုလိုနဲ့ ‌တယောက်ထဲ ရှုပ်ရှက်ခက်လျှက်

"ဂျီမင်း ဘာလုပ်နေတာလဲ "

"ဟိုဟို စောင်လေ..ဟုတ်တယ် စောင်ခေါက်မလို့ လုပ်နေတာ
ဂျောင်ကုကရော ဘာလာလုပ်တာလည်း "

ဂျီမင်းသည် လိမ်ကလည်းလိမ်ချင် မလိမ်လည်းမလိမ်တတ်ဖြစ်ကာ ပါးစပ်ထဲရှိတာလျှောက်ပြောတော့ ဒီကဂျွန်ဂျောင်ကုကြီးမှာ ရီကလည်းရီချင် မရီလည်းမရီရဲဖြစ်နေကာ
ရုပ်က စပ်ဖြီးဖြီးဖြင့်သာ

အခုချိန်မှာ ဂျောင်ကုစိတ်ထဲတွင်အိပ်ယာပေါ်မှ ဖြူဖြူလုံးလုံးလေးအား ရင်ခွင်ထဲသွင်းကာ ဖျစ်ညစ်ထားလိုက်ချင်တော့သည်

မူပိုင်Where stories live. Discover now