✍✍✍1(UNI)

927 26 2
                                    

ဒီနေ့သူတို့ရဲ့ 3 year anniversary. နေ့
Anni day တစ်ခါမှမမှတ်မိဘူးတဲ့ကိုကိုကချိန်းဆိုလို့ ရှောင်ကျန့်ရင်အရမ်းခုန်နေသည်
ဒီလိုဆိုတော့လည်းကိုကိုကသူ့ကိုအလေးထားပါသည် သူကပဲအတွေးများနေတာနေမှာပါ သုံးနှစ်တာလျစ်လျူရှူမှုတွေ ခံစားရတာတွေကို ဒီအတိုင်းလေးပဲမသိချင်ယောင်ဆောင်ပြီးတော့ပေါ့။
ချိန်းတဲ့နေရာကိုစောစောသွားခဲ့ပေမဲ့ ကိုကိုကသူ့ထက်ပိုပြီးတောင်မှစောရောက်နေသေး။


"ကျန့် ကိုယ်တို့. ...... လမ်းခွဲရအောင်"
ွမဟုတ်ဘူးလေ ဒီနေ့က ....ကိုကိုစနေတာပဲနေမှာ ဒါအမှန်မဟုတ်ဘူး ရှောင်ကျန့်လက်မခံနိုင်စွာနဲ့ခေါင်းခါမိသည် ဒါဘယ်လိုစနောက်မှုမျိုးလဲ

"မဟုတ်ဘူးမလား ကိုကိုနောက်နေတာမလား
ဖြေလေကိုကို ဖြေလေ"
"ငါတကယ်ပြောနေတာ"
"ဒါဆို...တွဲခဲ့တဲ့အချိန်အတွင်းရော...ချစ်ခဲ့ရဲ့လား"
အကြောင်းပြချက်ကိုသူတကယ်မသိချင်ဘူး ဒီအတိုင်းလေး ဒီအတိုင်းလေး ပဲချစ်ခဲ့ရဲ့လားသိချင်တာ

" ဟင့်အင်း ကိုယ် မချစ်ခဲ့ဘူး"

ရှောင်ကျန့် ခါးသက်စွာနဲ့ပြုံးလိုက်မိသည်
နောက်ဆုံးအချိန်ထိဒီလူဆီကချစ်တဲ့စကားမကြားရဘူးပဲ
ဒီအတိုင်းသူ့အနားအရှုပ်လိုကပ်နေခဲ့လို့ပြီးပြီးရောတွဲရအောင်ပြောခဲ့တာပဲ
သူကပ်တွယ်ခဲ့လို့ဘယ်လောက်တောင်မှစိတ်ရှုပ်နေမလဲ သူ ကိုကိုအတွက် မစဉ်းစားမိဘူးပဲ သူတစ်ကိုယ်ကောင်းဆန်လွန်းတာပဲ
ဒါကြောင့် မျှော်လင့်ချက်တွေ မျိုသိပ်ပြီးတော့ပဲ
"ကောင်းပြီလေ ဒီမှာတင် လမ်းခွဲတာပေါ့
ကို ..အာ ဆောရီး ရိပေါ်ကော ပျော်ရွှင်ပါစေ"
"ဒါနဲ့ မှတ်မိလား မသိပေမယ့် ဒီနေ့က သုံးနှစ်ပြည့် .... လက်ဆောင်အနေနဲ့ပထမဆုံးအကြိမ်နမ်းလို့ရမလား"

ခင်များတို့မမှားပါဘူး တွဲနေတဲ့အတွင်းလက်ကိုင်တာသာ ရှောင်ကျန့်ဘက်ကတွဲလို့မိုရှိတာ
ပထမဆုံးအကြိမ်နမ်းခွင့်ရတဲ့နှုတ်ခမ်းလေးကို ပဲ့ကြွေမယ့်အလားနူးနူးညံ့ညံသာနမ်းနေမိသည် တုန့်ပြန်မှုမရှိတဲ့အနမ်း​ပေမယ့်လဲ။

သူ့ရှေ့ကထွက်လာတာနဲ့ရှောင်ကျန့်ရင်ဘက်ကြီးတစ်ခုလုံးပြည့်ကြပ်ပြီး မျက်ရည်များသာကျဆင်းနေမိသညှ်လမ်းတစ်​​ေလျှာက် လူတွေသူ့ကို​​ ကြည့် ပြီးတီးတိုးပြောနေတာကိုလည်းဂရုမစိုက်နိုင်ပါအိမ်ပြန်ရောက်တာနဲ့အခန်းထောင့်မှာငိုကြွေးနေမိသည် ဘာလို့ရှောင်ကျန့်ချစ်တဲ့သူတွေကအမြဲတမ်းထားသွားကြတာလဲ ။မားနဲ့ပါးကလည်း သူ့ကိုထားသွားပြီးနောက်အိမ်ထောင်က သားသမီးတွေနဲ့ပျော်ရွှင်နေကြတာပဲ။ဘာလို့ ဘာလို့သူ့ကျမှပျော်ရွှင်မှူတွေပျောက်ဆုံးနေရတာလဲ

Love Of Them (Three)Where stories live. Discover now