✍✍✍14(uni)

212 14 0
                                    

နေ့လည်ရောက်တော့ ရိပေါ်တစ်ယောက်တည်းသာနေ့လည် စာ စားလိုက်တော့သည်။ seanကတော့ ရှောင်ကျန့်နဲ့သွားစားရအောင်လို့ခေါ်ပေမဲ့ ကိုယ်ပါရင် အနေခက်မှာဆိုးလို့  မလိုက်သွားတော့ပါ။ သူတို့နှစ်ယောက်ကိုအတူတဲွဲပီးမကြည့်နိုင်တာလဲပါတာပေါ့။ ခါတိုင်းလိုနှစ်ယောက်မဟုတ်ပဲတစ်ယောက်တည်းဆိုတော့ နေ့လည်စာစားရတာယောင်ချာချာနဲ့ပေါ့။

"ရှောင်းရှောင် လာနေ့လည်စာသွားစားရအောင်"
"အွန်းသွားမယ်လေ  ဘာစားချင်လဲ"
"ဖက်ထုပ် စားရအောင်လေ  ရှောင်းရှောင်ရော "
"ရတယ် ကောစားတာပဲစားမယ် "
"အွန်း "
"ကောက ceoဝမ်ရောမခေါ်ခဲ့ဘူးလား ခါတိုင်းအတူတူစားတာကိုအားနာစရာကြီး"
"ကောကခေါ်ပါတယ် သူကမလိုက်ခဲ့တာ ။ အားနာရတာသိပေမဲ့ ကောတို့ကတစ်ယောက်တစ်လမ်းဆီလျှောက်ရမှာပဲ အမြဲအတူတူရှိနေလို့မှမရတာ"
"အင်းပါ ကောအဆင်ပြေရင်ပြီးတာပဲ"
"ရှောင်းရှောင်"
"ဟင်"
"မနက်ဖြန် ရုံးပိတ်ရက် အဲဒါကောတို့ dateရအောင်   ရှောင်းရှောင်အားလား"
"အင်းdateကြမယ် လေ ကောဆီလာခေါ်လှည့်မယ်"
"အွန်း ကောစောင့်နေမယ်"
"အခုတော့ သွားရအောင်"
"အင်း "

seanဒီနေ့ ရှောင်းရှောင်နဲ့ဒိတ်ရမှာမို့ စိတ်လှုပ်ရှားနေတာနဲ့ညကနောက်ကျမှအိပ်ယာဝင်ဖြစ်သည်။မနက်လည်းအစောကြီးနိုးနေသည်။အားလုံးပြင်ပြီးအောက်ဆင်းလာတော့မနက်စာပြင်နေတဲ့မားနဲ့တွေ့သည်။

"သားဒီနေ့ရုံးပိတ်ရက်မလား"

""ဟုတ်တယ် သားသွားစရာရှိလို့"
"ရိပေါ်လေးနဲ့လားသား"
"မားဟိုလေ    သားကရှောင်းရှောင်နဲ့သွားမှာ"
"အော်      သူလေးနဲ့ကအဆင်ပြေနေပြီလား"
"ဟီး  သားတို့ကချစ်သူတွေဖြစ်နေကြပြီ"
"ဒါဆိုလည်းကောင်းတာပေါ့ကွယ် တစ်နေ့နေ့တော့အိမ်ကိုခေါ်ခဲ့ပါအုံးကွယ် မားလည်းတွေ့ချင်နေတာ "
"ဟုတ် အခုသူလာခေါ်မှာ တစ်ခါတည်းတွေ့ပေးမယ်နော် မား"
"ကောင်းပါပြီကွယ်မား သူ့ဖို့ပါ မနက်စာပြင်လိုက်မယ်နော်"
"ဟုတ်ကဲ့မား "

"ဟယ်လို ကော အိမ်ရှေ့ရောက်နေပြီ "
"အွန်းဝင်လာခဲ့လေ ဒီမှာ မားရောစောင့်နေတယ် မားက ေရှာင်းရှောင်နဲ့တွေ့ချင်နေတာ"
"ဖြစ်ပါ့မလား     ကောမားက ကျွန်တော့ကိုသဘောမကျရင်ရော"
"ဖြစ်ပါတယ်ရှောင်းရှောင်ရဲ့ မားကိုကောတို့အကြောင်းပြောထားတယ်   လာမှာသာလာခဲ့"
"အွန်း"
"မား ရှောင်းရှောင် ရောက်ပြီ "
"လာပြီ သားရေ     ဟယ်   ရှောင်လေးကသားနဲ့တကယ်တူတာပဲ   ကြည့်ပါအုံး ဘယ်လိုကြည့်ကြည့်ကိုတူတာ  မားတော့သားတစ်ယောက်ရသလိုပါပဲ။      ရှောင်လေး အန်တီကို   ကိုယ့်မားလိုသဘောထားလို့ရတယ်နော် 
လာ   မားမနက်စာပြင်ပေးထားတယ် မားတို့နဲ့အတူစားရအောင်"
"ဟုတ်ကဲ့ပါ အန်တီ"
"မားလို့လည်းခေါ်လို့ရပါတယ်ကွယ်"
"အိမ်မှာဧည့်သည်ရောက်နေတာပဲ "
"အော် ဟုတ်တယ် ပါး သူက သားဧည့်သည်"
"ေဟ သူက ပါးတို့် seanလေးနဲ့တကယ်တူတာပဲ"
"ဟုတ်တယ် ကိုရေ သူလေးနာမည်ကရှောင်ကျန့်တဲ့ "
"လောကမှာလူတူမရှားနာမည်တူမရှားတွေတကယ်ရှိကြတာပဲ  ဘယ်လိုပဲဖြစ်ဖြစ်  ရှောင်ကျန့်လေးကလည်းဉီးတို့အိမ်ဝင်ထွက်လို့ရပါတယ်  ဉီးတို့ကိုလည်းမိသားစုလိုသဘောထားပေါ့"
"ဟုတ်ကဲ့ပါ ဉီးနဲ့အန်တီ"
ရှောင်ကျန့်  ကောမိဘတွေနဲ့တွေ့ရတာ တစ်ခါမှမခံစားဘူးတဲ့ နွေးထွေးမှုကိုခံစားရသည်။ကောကလည်းမိဘတွေနဲ့တူလို့အေးချမ်းပြီးနွေးထွေးတာထင်သည်။ ကောကမိဘတွေရဲ့အချစ်တော်လေးထင်သည်။ ကောကတကယ်ကံကောင်းတာပဲ။
မနက်စာစားတော့လည်းကောမိဘတွေကမိသားစုလိုဂရုစိုက်သည်။ မခံစားဘူးခဲ့တဲ့မိသားစုထမင်းဝိုင်းရဲ့နွေးထွေးမှုကိုကောတို့မိသားစုက ခံစားစေသည်။ကျေးဇူးပါကောကျွန်တော့ဘဝထဲခဏတာဝင်လာခဲ့ပေးလို့။ကောကို ပျော်ရွှင်စရာတွေစိတ်သုဉ်းနေတဲ့ကျွန်တော့်ဘဝထဲအမြဲမရှိနေစေချင်ပါ။

မနက်စာစားပြီးတာနဲ့ ကောမိဘတွေကိုနှုတ်ဆက်ပြီးတော့ထွက်လာကြသည်။
"ကော ဘယ်သွားချင်လဲ ပြော ဒီနေ့ကောသဘောအတိုင်းဖြစ်စေရမယ်"
"Wow. ဒီနေ့ ကောရဲ့ရှောင်းရှောင် ဆေးမှားသောက်လာတာလား  "
"ကောက ကွာဒီကအတည် ပြောနေတာ   ဘာလဲ မသွားချင်တော့ဘူးလား"
"သွားမယ် သွားမယ်  ပထမဆုံး ကစားကွင်းအရင်သွားရအောင်"
"ကောကလည်း ကလေးကလားနဲ့ "
"ကောမှ ရည်းစားမထားဘူးတာ ဒီတော့ ရည်းစားတွေဒိတ်ကြရင် ဘယ်သွားလဲ သိပါ့မလား ဘာလဲ ရှောင်းရှောင်ကသိလို့လား"
"မသိပါဘူးဗျာ    ကစားကွင်းက ကလေးဆန်တယ်လို့ပဲပြောမိတာပါ  သူပဲပြောနေပြီးတော့"
"ဒါဆိုလည်းရှောင်းရှောင်ပြောလေ ဘယ်သွားကြရင်ကောင်းမလဲ"
"အင်းးး အရင်ဆုံးကစားကွင်းပဲသွားကြမယ်လေ  ပြီးမှနောက်တစ်နေရာစဉ်စားကြတာပေါ့"
"အွန်း သွားကြမယ်"

ကစားကွင်းရောက်တော့  ကလေးဆန်တယ်လို့ပြောတဲ့သူကပဲတစ်မျိုးပြီးတစ်မျိုး လက်ညှိုးထိုးပူဆာနေသည်။ကစားကွင်းသွားဖို့ခေါ်ာသူလားကိုယ်လားမသဲကွဲ။ အခုလိုကျတော့လည်းရှောင်းရှောင်ကလူကြီးယောင်ဆောင်ထားတဲ့ကလေးပေါက်လေးအတိုင်းပဲ။

"လာ ကော ကျွန်တော်တို့ရိုလာကိုစတာသွားစီးရအောင်"
"တော်ပြီကောမောနေပြီ  "
"ေမာနေပြီလား ခဏစောင့် နေနော် ပြန်လာခဲ့မယ်"
"ဘယ်သွားမလို့လဲ "
"​​ေမာ​နေတာဆို ရေခဲမုန့်စားကြရအောင်သွားဝယ်မလို့"
"အင်းဒါဆို ကောကပိန်းဉ"
"အင်းဝယ်ခဲ့ပေးမယ်  "
"နှစ်ခုနော်"
"ဟုတ်ပါပြီဗျာ ဝယ်ခဲ့မယ်"

ရှောင်းရှောင်ရဲ့ အကြောင်းကိုသိသင့်သလောက်သိထားတာမို့  ရှောင်းရှောင်သဘောကျရာ ပျော်ရွှင်ရာကိုပဲ ကောကဂရုစိုက်ပေးမယ်။ငယ်ငယ်က ကစားကွင်းမရောက်ဘူးခဲ့တာကိုသိတာမို့ဒီနေ့ကစားကွင်းကိုတမင်ခေါ်လာတာ။ ရောက်တော့လည်း တကယ့်ကလေးလေးလိုပျော်ရွှင်နေတာကိုမြင်ရလို ကောကျေနပ်ပါသည်။ ကောကလည်းမင်းရဲ့ပျော်ရွှင်မှုကိုသာ ရှေးရှူတာမို့ မင်းပျော်မယ်ဆိုကောနှလုံးသားပါမချန် လိုက်လျောပေးပါမယ်။

#သူတို့ကလည်း တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်စေချင်နေလိုက်ကြ  ငါ့မှာတော့ မူးလို့ရှူစရာကိုမရှိဘူး🙂🙂#

Love Of Them (Three)Where stories live. Discover now