part16

124 2 1
                                    

"ရှောင်းရှောင်     ကောလာပြီ "
"ကောလာပြီလား    ကျွန်တော်ကစောင့်နေတာ"
"အယ်  ငါ့ရည်းစားလေးက ငါ့ကိုမျှော်နေတယ်ဆိုပါလား။ "
"လာပါ မနက်စာစားရအောင် စမနေနဲ့တော့"
"အေးပါ  အေးပါ   မစတော့ပါဘူး ဟ​ီး.. "

"ဒီနေ့ကောတို့ဘယ်လိုအရင်ဒိတ်ရင်ကောင်းမလဲ    ဟင်"
"မသိဘူး ေလ"
"ဟာ ရှောင်းရှောင်ကလည်း    ဘာလဲ မဒိတ်ချင်တာလား    ငါ့အပေါ်နဲနဲလေးမှစိတ်မဝင်စားတာလား မင်းက"
"မဟုတ်ရပါဘူးဗျာ  ကျွန်တောကစနေတာပါ"
"ငါက မင်းငါ့အပေါ်နဲနဲလေးမှအလေးမထားဘူးထင်နေတာ   ဟင့်"
"ဝမ်းမနည်းပါနဲ့တော့  ကျွန်တော့်မှာအဲလိုရည်ရွယ်ချက်မရှိပါဘူး  ကောကကျွန်တော့အတွက်အရေးပါတဲ့သူတစ်ယောက်ပါ။"
"မင်းငါ့ကိုနှစ်သိမ့်နေတာမလား"

လူကြီးလေးကစရစ်နေပါပြီ။ဆိုတော့  ကိုယ်ကပဲချော့ရတော့မှာပေါ့။

"ကော ကျွန်တော့ကိုကြည့် "

ပြောပြီးတာနဲ့ထပ်တူကြသွားတဲ့နှုတ်ခမ်းတွေ။ကောက  ကျွန်တော့်အတွက်အရေးပါတဲ့လူတစ်ယောက်မို့ လက်မလွတ်လိုက်ပါရစေနဲ့ ။အတ်တကြီးတာသိပေမဲ့ ကျွန်တော့ဘက်ကအချစ်တွေအစားဂရုစိုက်မှုတွေနဲ့အကြင်နာတွေပေးရင် ကောကျွန်တော့ဘေးနားအအမြဲနေနိုင်မလား။
ရှောင်းရှောင်     ကောကိုမင်းဘေးအမြဲနေခွင့်ပေးပါ  ကျန်တာတွေအကုန်စွန့်လွှတ်နိုင်ပေမဲ့ မင်းတစ်ယောက်ကတော့ကောအပိုင်အဖြစ်ရှိနေပေး။

"Sean ကိုယ်ဆီလာတာလား"
"ရိပေါ်    ငါမင်းကိုပြောစရာရှိလို့"
"မေးလေ "
"မင်းနဲ့ရှောင်ကျန့်က အရင်ကရည်းစားတွေဆိုတာ"
"ဟင် "
"ဟက်    ဘာလဲဟုတ်နေတာလား"
"Sean.  ကိုယ်တု့ိက"
"ဘာလဲ မင်းတို့နှစ်ယောက်မပတ်သတ်ခဲ့ပါဘူးလို့ပြောမလို့လား   ဒါမှမဟုတ်  ပတ်သတ်မှုကအရာမဝင်ဘူးလို့ပဲပြောရမလား
ရိပေါ် မင်းသိပ်ရက်စက်လွန်းတယ်မထင်ဘူးလား   တစ်လျှောက်လုံးမင်းအချစ်ကိုမခဲ့တဲ့အပြင်  အစားထိုးခံဖြစ်ခဲ့တဲ့လူတစ်ယောက်အဖြစ် သိရတဲ့အချိန်ဘယ်လိုခံစားရမယ်ဆိုတာမင်းကိုယ်ချင်းမစာတတ်ဘူးလား  ဟင်"

"ကိုယ် ကိုယ်ချင်းမစာတာမဟုတ်ဘူး။အဲဒီခံစားချက်တွေကိုကိုယ်ရောမခံစားခဲ့ရလို့လား။ ရှောင်ကျန့်ကိုခံစားရစေတာကို ကိုယ်အားနာပေမဲ့ ကိုယ်မှမတတ်နိုင်တာ။မင်းရော ကိုယ့်ဘက်တစ်ချက်လှည့်ကြည့်ခဲ့ဘူးလား"

Love Of Them (Three)Where stories live. Discover now