part15

40 3 0
                                    

ကစားကွင်းမှာကိုအချိန်တော်တော်ကုန်သွားတာနေ့လည်စာစားချိန်ရောက်သွားသည်။

"ကော ဘာစားမလဲ"
"ေဟာ့ပေါ့သွားစားရအောင်"
"ကောင်းပြီလေ"

ဆိုင်ကိုရောက်တော့လည်းရှောင်းရှောင်ကသာဂရုတစိုက်မှာပေးသည်။
"ကောလက်ပူမယ်  "
"ရပါတယ် မပူပါဘူး"
"ေကာပုစွန်စားမလား"
"အင်း"
"နေအုံးခွာပေးမယ်"
"ရော့ ထည့်စား"
"​ဝပြီ   ဒါပြီးဘယ်သွားကြမလဲ"
"တစ်နေရာရာပေါ့"

နေ့လည်စာစားပြီးတော့ရှောင်ကျန့်တို့နောက်တစ်နေရာကိုဉီးတည်ခဲ့ကြသည်။
"ရှောင်းရှောင် အခုကဘယ်ကိုသွားမှာလည်း"
"ကျွန်တော်တို့ဘိုးဘွားတွေနေခဲ့တဲ့နေရာ"
"ဝေးသေးတာလား."
"မြို့ကနေ တစ်နာရီလောက်ပဲမောင်းရမှာ"
"အော်"

မြို့ကနေတစ်နာရီကျော်ကျော်မောင်းပြီးနောက်ရှောင်ကျန့်ရဲ့ ဘိုးဘွားတို့အိမ်ရောက်ခဲ့သာည်။ အိမ်ကလူမနေတာကြာပေမဲ့   အဘိုးတို့လက်ထက်ကတည်းကရှိခဲ့တဲ့ဉီးလေးကျုံနဲ့သူ့မိန်းမကတော့ဒီအိမ်ကြီးရဲ့အလုပ်သမားခန်းမှာကျန်ခဲ့တာမို့  အိမ်ကြီးကလူနေတဲ့အတိုင်းသန့်ရှင်းနေသည်။   ခြံကြီးအနောက်နားလေးမှာရေတံခွန်အသေးလေးနဲ့   အလေ့ကျပေါက်နေသော အပင်တွေကတောအုပ်လေးသဖွယ်စိုပြေနေသည်။အဘွားကပန်းတွေကိုချစ်တဲ့သူတစ်ယောက်မို့ ခြံထဲမှာပန်းပေါင်းစုံစိုက်ပျိုးထားသည်။အပန်းဖြေအိမ်သဘောမျိုးဖြစ်တာမို့ အိမ်ကလေးကတကယ်အေးချမ်းသည်။ဒီအိမ်က ငယ်ဘဝအမှတ်တရတွေနဲ့အဘွားတို့ရဲ့အငွေ့သက်တွေနဲ့ပြည့်နေသည်။ ဒီအိမ်လေးကိုတော့အဘိုးနဲ့အဘွားက ကျွန်တော့အတွက်အမွေအဖြစ်ပေးခဲ့သည်။ ဒါပေမဲ့ အဘွားတို့ဆုံးပြီးကတည်းကမရောက်ဖြစ်တာအခုချိန်ထိဆိုပါတော့။

"ဝါးးး   ဒီအိမ်လေးကတကယ်လှတာပဲရှောင်းရှောင်"
"ကောသဘောကျဖို့ပဲလိုတာပါ "
"အရမ်းလှတယ်"
"နောက်မှာရေတံခွန်လေးရှိသေးတယ်ကောရဲ့ "
"ဟုတ်လား  သွားချင်လိုက်တာ"
"လိုက်ပို့ပေးမယ် အခုတော့နားလိုက်အုံး"
"နေအုံး ဒီမှာဆိုရင်ကောတို့်အိမ်​​ပြန်နောက်ကျနေမှာပေါ့"
"ဟုတ်သား ဒါဆိုလည်း ခနနေကျရင်ပြန်​ြကမယ်လေ"
"အွန်း အိမ်ပြန်နောက်ကျမယ့်မကြောင်းပြောလိုက်အုံးမယ် တော်ကြာမားစိတ်ပူနေမယ်"
"ဟယ်လို မား ကျွန်တော်အိမ်ပြန်နဲနဲနောက်ကျမယ်"
"​ေအးပါ    အရမ်းကြီးတော့မိုးမချုပ်စေနဲ့  ပြန်လာရင်လည်းဂရုစိုက်အုံး"
"ဟုတ်ကဲ့ စိတ်မပူပါနဲ့"
"အေးပါ သားကအခုရှောင်လေးနဲ့ရှိနေတာမလား "
"ဟုတ်ကဲ့"
"မားမပြောသင့်တာသိပေမဲ့
သားတို့ကယောက်ျားလေးတွေဆိုပြီး လွယ်လွယ်ကူကူစည်းမကျော်စေချင်ဘူး"
"မားမစိုးရိမ်ပါနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးစည်းရှိပါတယ်"
"အေးပါကွယ် ဒါဆိုလည်း ဒါပဲလေ"
"ဟုတ်ကဲ့မား ဘိုင့်ဘိုင့်"

Love Of Them (Three)Onde as histórias ganham vida. Descobre agora