part8

15 1 0
                                    

seanညရောက်တာနဲ့ရှောင်းရှောင်ဆီဖုန်းဆက်လိုက်သည်။ တစ်ဖက်ကတော်တော်နဲ့မကိုင်တာမို့ခဏနေမှပြန်ဆက်လိုက်သည်။
တီ တီ
ဒီတစ်ခါတော့တစ်ခါတည်းနဲ့တန်းကိုင်တာပဲ။
"ဟယ်လို ကော"
"ခုနကဆက်သေးတယ် မကိုင်လို့"
"အွန်း ေရချိုးနေလို့"
"အော်      အခုဘာလုပ်နေတာလဲ"
"အကင်္ျီလဲပီး ညစာချက်မလို့"
"ဟုတ်လား ဒါဆိုလည်းချက်လေ ပြီးမှပြန်ခေါ်လိုက်တော့မယ်"
"အွန်း"

sean ဖုန်းကြည့်ပြီးပြုံးနေမိသည်။ ရှောင်းရှောင်နဲ့ဖုန်းပြောရတာကိုက ရင်တွေခုန်နေသည်။ ရှောင်ရှောင်ကတကယ်ပြုစားတာပဲ။
ဒေါက်ဒေါက်
"သားရေ ညစာစားရအောင်လေ  ဆင်းခဲ့တော့ "
"ဟုတ်ကဲ့ မား"
"သားsean ရိပေါ်တို့ကုမ်ပဏီမှာ အလုပ်လုပ်ရတာအဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ပါး      ပါးရောအလုပ်ကအဆင်ပြေရဲ့လား "
"ပြေပါတယ်သားရယ်  စက်ရုံမှာပြဿနာလေးအနည်းငယ်တော့ရှိတာပေါ့"
"ဦးလေးကရော စက်ရုံဘက်က ကိစ္စ တွေကိုလာမကြည့်ဘူးလား"
"အရင်တစ်လကသူလာကြည့်တော့ ပြဿနာမရှိသေးပင်မဲ့ အခုရက်ပိုင်း မှစက်တွေချို့ယွင်းနေတာ ပြဿနာကသိပ်တော့မကြီးပါဘူး"
"အော်    သားဝပြီ မား"
"အေး အေး"
"သားအခန်းပြန်တော့မယ် မားနဲ့ပါး"

.
.
.
seanအခန်းထဲဝင်တာနဲ့ ဖုန်းမျက်နှာပြင်ကမီးလင်းလာတာမို့ကြည့်လိုက်တော့ ရိပေါ်ဆီကဖြစ်နေသည်။
"ဟယ်လို ရိပေါ် "
"ဟယ်လို sean ညစာစားပြီးပြီလား"
"အွန်း ဘာပြောစရာရှိလို့ဆက်တာလဲ"
"ဒီညစကားပြောရအောင် ကိုယ်အားနေလို့လေ ရတယ်မလား "
"အချိန်တော့သိပ်မရဘူး"
"ဘာလို့လဲ"
"ပြီးကျ လုပ်စရာလေးတွေရှိလို့"
"အော်  seanဒီရက်ပိုင်း မင်းကိုယ့်ကိုအချိန်သိပ်မပေးဘူးလားလို့"
seanမှာချစ်ရသူရှိတာသိပေမဲ့ ဘယ်သူလဲလို့တော့မသိပါ။ အခုရက်ပိုင်းကိုယ့်နဲ့သူနဲ့ကအလှမ်းဝေးလာသလိုခံစားရသည်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ချစ်ရသူနဲ့ရင်းနီးရသူအဖြစ်တော့ဆက်ရှိချင်သေးသည်။seanကရှောင်ကျန့်အပေါ်ဆက်ဆံတာတွေကလိုတာထက်ပိုနေသလားလို့။
"sean"
"မင်းထင်နေလို့ပါ ရိပေါ်ရယ်"
"ကိုယ့်ကိုပြောပြလို့ရမလား   "
"ဘာကိုလဲ"
"မင်းချစ်တဲ့သူတွေ့နေပြီလား"
"ရိပေါ်က တကယ်ကို လျှို့ဝှက် လို့မရဘူးပဲ"
မင်းကိုငယ်ငယ်ကတည်းကအရိပ်တကြည့်ကြည့်ချစ်နေတဲ့သူကမင်းအကြောင်းကိုသိတာဆန်းလို့လားဟုစိတ်ထဲကပဲပြောလိုက်သည်။
"ဘယ်သူလဲ  ကိုယ့်ကိုပြောလို့ရလား"
"မင်းကို အားနာပေမဲ့ ငါ့မှာလည်းရင်ဖွင့်စရာ
မင်းပဲရှိတာမို့ပါ။"
တစ်နေ့နေ့ကျလက်လွှတ်ရမယ်ဆိုတာသိပေမဲ့လည်း တကယ်တမ်းကျရင်တွေနာလိုက်ရတာ။ဒါပေမဲ့လည်း ချစ်ရသူကကိုယ့်ကို အလေးထားပြီပြောပြမှာမို့ ရင်နာနာနဲ့နားထောင်ပေးပါ့မယ်။
"ရပါတယ် ကိုယ်အဆင်ပြေတာမို့မင်းပြောလို့ရပါတယ်"
"အွန်း  တကယ်တော့လေ ငါ....."
"အင်း"
"ငါ ရှောင်းရှောင်ကိုသဘောကျနေတာ"
ရိပေါ်အခုဘာကြားနေရတာလဲ။seanက ရှောင်ကျန့်ကိုသဘောကျနေတာတဲ့လား။ ဘာလို့သူ့ကိုလဲ။မင်းဘေးနားအမြဲရှိနေတဲ့ငါ့ကိုကျမမြင်တာလဲseanရယ်။
"sean မင်းတကယ်ရောဆုံးဖြတ်ပြီးတာလား သူက မင်းနဲ့ရုပ်ချင်းတူလို့တင်စိတ်ဝင်စားတာရောမဖြစ်နိုင်ဘူးလား"
"မဟုတ်ဘူးရိပေါ် ငါကသူကိုမြင်မြင်ချင်းကိုသဘောကျခဲ့တာ  ပြီးတော့သိပ်ချစ်တာမို့ ငါ့ခံစားချက်ကိုငါ အာမခံနိုင်တယ်  ဘယ်သူကိုအပေါ်မှခံစားချက်မရှိဘူးတဲ့ငါက သူနဲ့ကျမှရင်ခုန်စိတ်လှုပ်ရှားခဲ့တာ"
"ကောင်းပြီ မင်းဘက်ကဒီလိုဆိုပေမဲ့ သူ့ဘက်ကရော"
"မသိသေးဘူး အခုမှရင်းနီးတဲ့အဆင့်ပဲရှိသေးတာ မကြာခင်တော့ဖွင့်ပြောမယ်လို့စိတ်ကူးထားတယ်"
"ကောင်းတာပေါ့ ကံကောင်းပါစေ"
"ကျေးဇူး   ......ရိပေါ်ဒါပဲနော် သူ့ဆီဆက်လိုက်အံးုးမယ်"
"အင်း"
ဖုန်းကိုသာအကြောင်းမဲ့စိုက်ကြည့်မိသည်။မင်းအတွက်သူကအဲလောက်အရေးပါတာလား။ မင်းပျော်မယ်ဆို ငါကရင်အကွဲခံပေးမှာမို့ မင်းသာပျော်ရွှင်အောင်နေပါ။

.
.
.
.
"ဟယ်လို ရှောင်းရှောင်"
"အွန်းပြောလေကော "
"မအိပ်သေးဘူးလား"
"အင်း "
"ဖုန်းဆက်တာအနှောက်အယှက်ဖြစ်စေလား"
"ရပါတယ် မဖြစ်ပါဘူး"
"မသိဘူးလေ တော်နေကြာ ဖုန်းပြောရမယ့်
သူတွေရှိနေမှာဆိုးလို့"
"မရှိပါဘူးဗျာ ပြောလို့ရပါတယ်"
"ဒါနဲ့လေ....."
"ဆက်ပြောလေ"
"ယန်ယန်နဲ့ကဘာတွေလဲ "
"ဘာလို့မေးတာလဲ"
"အာ စပ်စုမိသွားပြီပဲ"
"ရပါတယ်ဗျာ သူနဲ့ကအလုပ်သဘောအရပါ ညီမလေးတစ်ယောက်လိုပါပဲ"
ယန်ယန်ကိုဘယ်လိုမှသဘောထားတာကိုသိပေမဲ့သေချာအောင်လို့မေးနေရတာ။ အခုလိုဆိုတော့လည်းတစ်ဝက်လောက်စိတ်အေးရပါသည်။ ကိုယ့်အပေါ်ရောဘယ်လိုသဘောထားတာလဲ။
"ဒါဆို   ကောကရော"
"ကောကလည်းကျွန်တော့အကိုလိုပဲလေ"
"အော်"
boyfriend ဖြစ်ချင်တာပါဆို ညီအကိုzoneထဲလာသွင်းနေသည်။ဒီကseanလေးကိုလာမကယ်တင်ပေးကြတော့ဘူးလား။ အို ဘုရားသခင်ကယ်တော်မူပါ။
"ကော ဘာလို့တိတ်သွားတာလဲ"
"ဟင်ဟင် ဘာမှမဟုတ်ပါဘူး"
"မနက်ကျ အစောကြီးထရမှာမလား အိပ်တော့လေ"
"အင်းအင်းရှောင်းရှောင်ရော အိပ်တော့လေ good night"
"အင်း good nightပါကော"
ရှောင်ကျန့် ကောနဲ့အခုလိုဖုန်းပြောရတာကကိုယ့်အနားမှာလူတစ်ယောက်ရှိသည်လို့ခံစားစေရပြီး အထီးကျန်မှုကိုသက်သာစေသည်။ ဘာလို့များကျွန်တော့ဘဝထဲအတင်းတိုးဝင်ရတာလဲကောရယ် ။ ဒီအတိုင်းသာဆို ကျွန်တော်နောက်တစ်ခါထားခဲ့ခံရမှာကိုကြောက်နေမိသည်။

... ဒီညမှာ ကောင်လေးနှစ်ယောက်က​ေတာ့အေးချမ်းစွာအိပ်စက်ရပေမဲ့တစ်စုံတစ်ယောက်ကတော့ ပူပန်စွာအိပ်စက်ရတာကိုလမင်းကြီးကကြည့်နေခဲ့ရပါသည်။

#ဘာလိုလိုနဲ့​ရေးရင်းရေးရင်းအပိုင်း8တောင်ရောက်ပြီ။ ကိုယ်အစကတွေးထားတာဒီလောက်အပိုင်းရောက်မယ်မထင်မိဘူး။ ဖတ်ရတာအဆင်မပြေရင်လည်း​ပြောလို့ရပါတယ်။ကိုယ်ကအစကတည်းကဇာတ်သိမ်းကိုစဉ်းစားထားပေမဲ့ရေးထားမျိုးမရှိတာမို့စိတ်ကူးပေါ်တာပဲရေးထားတာမို့ တစ်ချို့နေရာတွေအမှားပါရင်တောင်းပန်ပါတယ်။ စာလုံးပေါင်းကတော့ကိုယ်ကရေးပြီးပြန်မဖတ်တာမို့သည်းခံပေးပါ။#

Love Of Them (Three)Where stories live. Discover now