✍✍✍7(UNI)

236 16 2
                                    

ရှောင်ကျန့်ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တာမို့ဒီနေ့မနက် စောစောနိုးနေသည်။ မနေ့ညကအကြောင်းတွေးလိုက်မိတော့နှုတ်ခမ်းကအလိုလိုပြုံးနေမိသည်။ ကောကတကယ်ကြင်နာတတ်တဲ့လူတစ်ယောက်ပါ။ ကျေးဇူးပါ အမြဲတမ်း တစ်ယောက်တည်း စားခဲ့ရတဲ့ညစာထမင်းဝိုင်းလေးမှာအဖော်ပြုပေးခဲ့လို့။ ဒါပေမဲ့ မတူညီတဲ့အခြေအနေတွေနဲ့မို့ရင်းနီးမှုကိုဒီမှာတင်အဆုံးသတ်လိုက်ပါရစေ။ ကောဘေးနားမှာကောကိုချစ်တဲ့သူတွေအများကြီးရှိတာမို့ကောပျော်ရွှင်မှာပါ။ ကိုကိုကလည်း ကောကိုသိပ်ချစ်တာမို့ကောအဆင်ပြေမှာပါ။ ကောဘက်ကစတင်ခဲ့တဲ့ ရင်းနီးမှုကိုကျွန်တော့်ဘက်ကရပ်တန့်စေခဲ့လို့တောင်းပန်ပါသည်ကော။
.
.
.
.ရိပေါ်လူကသာကားမောင်းနေရတာစိတ်ကတော့မနေ့ညကseanသူငယ်ချင်းအိမ်သွားတဲ့ ကိစ္စ သာစိုးမိုးနေသည်။ seanမှာရင်းနီးတဲ့သူဆိုလို့သူတစ်ယောက်သာရှိတာမို့မနေ့ညကဘယ်သူငယ်ချင်းဆီသွားသည်ဆိုတာသူမသိပါ။ seanမင်းဘာတွေလုပ်နေတာလဲ။
.
"အန်တီ seanနိုးပြီးလား"
"အော် သားရိပေါ်တောင်ရောက်ပြီလား မင်းသူငယ်ချင်းကစောစောလေးကပဲနိုးတယ် သွားမင်းတက်ခေါ်ချည်လေ"
"ဟုတ်  seanရေ sean မပြီးသေးဘူးလား"
"ပြီးပြီဟ ဘာလို့အရမ်းအော်နေတာလဲ"
"ပြီးရင်သွားရအောင် အန်တီ ကျွန်တော်တို့သွားပြီး".
"မား သွားပြီး"
"အေးအေး"
.
.
.ရိပေါ်ကားမောင်းရင်းနဲ့မနေ့ကseanဘယ်သွားလဲဆိုတာကိုမေးဖို့ရာစဉ်းစားရကျပ်နေသည်။ sean စိတ်ဆိုးသွားမှာလည်းကြောက်နေမိသည်။
"ရိပေါ်ပြောစရာရှိလို့လား"
"ဘာလို့မေးတာလဲ"
" မင်းငါ့ဘက်ခဏခဏလှည့်ကြည့်နေလို့လေ"
"အင်း sean.... မင်းမနေ့ညကဘယ်သူ့အိမ်သွားတာလဲ။မင်းမှာသူငယ်ချင်းဆိုလို့ငါတစ်ယောက်တည်းရှိတာလေ။"
"ငါ့အထင်တော့ ဒါကငါ့ ကိစ္စ လေ။ မင်းမှာမေးပိုင်ခွင့်မရှိဘူးနော်"
"Sean!!"
"ဘာလို့ လာအော်နေတာလဲ။"
"ငါကမင်းကိုချစ်နေတဲ့သူ မင်းရဲ့သူငယ်ချင်းအရင်းကြီး ဒါတောင်မှမင်းကိုစိတ်ပူပိုင်ခွင့်မရှိဘူးလား  မင်းအတွက်ငါကဘာမှမဟုတ်ဘူးလား ပြောလေsean ပြောလေ"
"ကျစ်   ငါကအစကတည်းကဖုံးကွယ်ဖို့ရာအစီစဉ်မရှိဘူး။ မင်းနေရာတကာချုပ်ချယ်ဖို့ရာအတွက်ငါကအရွယ်ရောက်ပြီးသားလူတစ်ယောက်ဆိုတာမင်းမေ့နေမှာဆိုးလို့ပြောနေတာ။ တစ်ချိန်ကျမင်းလည်းမင်းလျှောက်ငါလည်းငါ့လမ်းငါလျှောက်ရမှာပဲ။ငါတို့ကအမြဲအတူရှိနေရအောင် သက်ဆိုင်သူတွေမှမဟုတ်တာ။"
ချစ်ရသူ က ကိုယ့်အတွက်ရာရာပေမဲ့ သူကတော့ကိုယ့်ကိုအရေးမပါတဲ့လူလိုသတ်မှတ်ထားတာပဲ။
"ဟုတ်သား ငါတို့နှစ်ယောက်ကသက်ဆိုင်သူတွေမှမဟုတ်တာ"
"ရိပေါ် ငါပြောချင်တာက.    ကောင်းပြီ မနေ့ညကငါရှောင်းရှောင်အိမ်ကိုသွားတာ"
"ရှောင်းရှောင် ဆိုတာ"
"ရှောင်ကျန့် ကိုပြောတာ"
ရိပေါ်စိတ်ရှုပ်ထွေးစွာလက်ချောင်းတွေနဲ့ဆံပင်ကိုသာဆွဲဖွမိသည်။ ရှောင်ကျန့် နဲ့ကဘယ်တုံးကရင်းနီးသွားတာလဲ။
"sean မင်းကမနေ့တစ်နေ့ကတွေတဲ့လူနဲ့ဘယ်လိုလုပ်ရင်းနီးသွားတာလဲ။ မင်းကအရင်ကလွယ်လွယ်နဲ့ရင်းနီးတဲသူမဟုတ်လို့မင်းမှာသူငယ်ချင်းဆိုလို့ငါတစ်ယောက်တည်းရှိတာလေ။"
"ရှောင်ကျန့်နဲ့ရင်းနီးတာက ပြဿနာ ရှိလို့လား"
"ငါပြောတာအဲလိုမဟုတ်... "
"တော်ပြီရိပေါ် ကားမောင်းတာရှေ့ကြည့်မောင်းတော့"

Love Of Them (Three)Where stories live. Discover now