part10

18 2 0
                                    

မိုးလင်းတော့ထိုးကိုက်နေတဲ့ခေါင်းရယ် အပူငွေ့တွေတရိပ်ရိပ်တက်တက်နေသလိုဖြဈနတောမို့ဖြားပွီဆိုတာသိလိုကျပွီ။ဒါကြောင့်ယန်ယန်ကိုသာmessage ပို့ပြီးခွင့်တိုင်ခိုင်းလိုက်သည်။ နေမကောင်းလို့ပြုစုမဲ့သူမရှိရင်သူမ လာခဲ့ပေးမယ်လို့ပြောပေမဲ့ ယောက်ျားလေးတစ်ယောက်နေတဲ့အခန်းကိုမိန်းကလေးလာတာမသင့်တော်တာမို့သူမကိုအဆင်ပြေတယ်လို့သာပြောလိုက်ရသည်။ တကယ်က ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိတာမို့ ပေါင်မုန့်ကိုသာရောနဲ့မျောပြီးရှိတဲ့အဖျားပျောက်ဆေးကိုသာသောက်လိုက်​ပြီးတ​နေကုန်အိပ်လိုက်သည်။ခါတိုင်းဖျားရင်လည်းဒီနည်းကိုသာသုံးဖြစ်တာများတာမို့ကိစ်စသိပ်မရှိပါ။ အိပ်နေတာအတော်ကြာတော့နဖူးကိုလာထိတဲ့လက်နွေးနွေးလေး။ ပါးလေးကိုရောစမ်းပြီးတာနဲ့သက်ပြင်းချသံလေးနဲ့အောက်ထပ်ကိုဆင်းသွားတဲ့အသံကိုကြားရသည်။ အိမ်ကိုလာတဲ့သူဆိုလို့တစ်ယောက်တည်းသာရှိပေမဲ့ မသေချာတာမို့ မျက်လုံးကိုအားယူဖွင့်ပေမဲ့ အဖျားရှိန်ကြောင် ဝေဝါးနေသည်။
.
.
.seanဒီနေ့ ရုံးကိုရောက်တဲ့အခါ     ခါတိုင်းလိုရှောင်းရှောင်ကိုမတွေ့တာမို့မေးကြည့်တဲ့အခါ ဖျားနေလို့ရုံးမလာဘူးတဲ့။ အိမ်မှာဘယ်သူမှမရှိဘဲ ဒီကလေးဖျားနေတာကို ဘယ်လိုနေမလဲ။ အလုပ်လုပ်နေပေမဲ့ စိတ်ကပူနေရတာမို့နောက်ဆုံးတော့ရိပေါ်ကိုသာပြောပြီးလိုက်ပို့ခိုင်းရသည်။ ရိပေါ်ကတော့အိမ်ရှေ့လိုက်ပို့ပြီးတာနဲ့အလုပ်ရှိလို့ဆိုပြီး ပြန်သွားသည်။စောစောကကိုယ့်အပူနဲ့မို့မသိပေမဲ့ တကယ်တော့ရိပေါ်ကိုရှောင်းရှောင်ဆီလိုက်ပို့ခိုင်းရတာအားနာစရာပင်။ခြံတံခါးသော့ထားတဲ့နေရာသိတာမို့ဖွင့်ဝင်ခဲ့ပေမဲ့အိမ်တံခါးကတော့စေ့ရုံလေးတင်ပိတ်ထားတာ။အိမ်ထဲရောက်တော့ အောက်ထပ်မှာရှာတာမတွေလို့အပေါ်ထပ်တက်ကြည့်လိုက်တော့အခန်းထဲ
မှာကွေးကွေးလေးအိပ်နေတာဘယ်လိုတောင်ပေပေတေတေနေနိုင်တာလဲ။ ခါတိုင်းဖျားရင်ရောဒီအတိုင်းပဲလား။ မဖြစ်သေးပါဘူး ဒီထက်ပိုပြီးဂရုစိုက်ပေးရမှာအုံးမှာပါ။ နဖူးပေါ်လက်လေးတင်ကြည့်လိုက်တော့အမလေးဘုရားရေ ပူကျစ်နေတာပဲ ။ ဆန်ပြုတ်လေးအရင်ပြုတ်ပြီးမှရေပတ်တိုက်ပေးရတော့မှာပဲ။ အောက်ဆင်းပြီးမီးဖိုချောင်ထဲ ဝင်ပြီး ဆန်ပြုတ်ပြုတ်ဖို့အတွက်ပြင်ဆင်လိုက်သည်။ ခရုဆန်ပြုတ်လေးပဲ​ပြုတ်လိုက်တော့မယ်။ခနနေဆိုနေ့လည်စာစားချိန်ရောက်ပြီ။
ဆန်ပြုတ်အိုးတည်ပြီးအခန်းထဲဝင်လာတော့

Love Of Them (Three)Where stories live. Discover now