part5

23 1 0
                                    

   ရိပေါ်ရုံးထဲဝင်လာကတည်းကရှောင်ကျန့်ကိုသတိထားမိပါသည်။ ကိုယ့်ဘက်ကမချစ်ပေမဲ့ သူ့ကိုတော့ဝမ်းမနည်းစေချင်တော့ပါ။ကိုယ့် အတ္တကြောင့်သူ့ခံစားချက်တွေကိုကစားသလိုဖြစ်ခဲ့သည်မလား။ ဘယ်လိုရေစက်မှန်းမသိပေမဲ့တစ်ဖက်ကုမ်ပဏီမှာသူရှိတာမသိရိုးအမှန်ပါ။ အစည်းအဝေးနေ့တွေ့ရတုံးကအံဩသွားပေမဲ့အလျင်အမြန်ပြန်ထိန်းလိုက်ရသည်။ သူကတော့အံ့ဩသွားသလိုမျက်လုံးလေးဝိုင်းလေးနဲ့ကြည့်နေတာပင်။ဟောပြီးတော့အဲဒီမျက်လုံးဝိုင်းလေးကမျက်ရည်လေးတွေဝိုင်းလာရော။ ကိုယ့်ဘေးကseanကိုမြင်တော့ပိုလို့အံဩသွားသည်ထင်။ အတွေးတွေလက်စသပ်ပြီးကိုယ့်ဘေးကseanကိုကြည့်လိုက်တော့ designဌာနကလူတွေဘက်ငေးကြည့်နေတာပင်။ဘာဖြစ်လို့ပါလိမ့်။
"sean လာလေသွားရအောင် သူတို့ကိုတော့ခနနေမှအစည်းဝေးခေါ်ပြီးရုံးကလူတွေနဲ့မိတ်ဆက်ပေးတော့မယ်"
"အင်း သွားရအောင်လေ"

.
.
.
.seanဒီနေ့ရုံးထဲဝင်လာတာနဲ့တွေ့လိုက်ရတဲ့လူကိုအငေးကြီးငေးကြည့်နေမိသည်။ရှောင်းရှောင်ကတကယ်ခန့်ညားပြီးချောမောနေတာပင်။မျက်နှာချင်းတူတာတောင် ကိုယ်ကိုတိုင်ကတော့ချစ်စရာကောင်းတဲ့ဘက်သွားပြီး ခန့်ညားမှုကဘယ်မလဲလို့မေးရမလိုဖြစ်နေသည်။ကိုယ့်ထက်နှစ်နှစ်လောက်ငယ်တဲ့ကလေးလောက်ခန့်ညားမှုမရှိတဲ့သူ
မဖြစ်သေးပါဘူး ဟွန်း။
"ရိပေါ် အစည်းအဝေးကဘယ်ချိန်စမှာလည်း"
"အင်း နောက်တစ်နာရီဆိုတော့ ၁၀နာရီစမှာလေsean"
"ကောင်းပြီလေ ဒါဆိုငါသွားပြောလိုက်မယ် ပြီးမှ ငါ့ဌာနကိုသွားလိုက်တော့မယ်"
"seanသွားပြောစရာမလိုပါဘူး ကိုယ့်တစ်ယောက်ယောက်ကိုလွှတ်လိုက်မယ်"
"ဒါပေမဲ့ ငါ..."
"တော်ပြီsean..ကိုယ်ပြောတာနားထောင်"
"ဟွန်း ..ဘာမှန်းလည်းမသိဘူး ဒီကမှရှောင်းရှောင်ဆီသွားချင်လို့ပါဆို. .ရိပေါ်စုတ် ကမသွားခိုင်းဘူး"
.
.
.
.
"ceoက၁၀န ာရီကျရင် အစည်းအဝေး ရှိတယ်လို့ပြောခိုင်းလိုက်တယ်"
"စုရင်းတို့သုံးယောက်ကြားတယ်နော် နောက်တစ်နာရီနေရင်အစည်းဝေးတက်ရမှာ ကိုယ်ကုမ်ပဏီဘက် မျက်နှာမပျက်စေနဲ့"
"ဟုတ်ကဲ့ပါ မမယန်ယန်ရဲ့".

၁၀န ာရီထိုးခါနီးတာနဲ့ ယန်ယန်တို့လည်းအစည်းဝေးခန်းထဲဝင်ခဲ့လိုက်သည်။ ခနနေတော့ ceoဝမ်နဲ့ mr.seanတို့ရောက်လာသည်။
"ကဲ အားလုံးပဲ ခင်များတို့သိတဲ့အတိုင်း ကျွန်တော်ကတော့ဒီကုမ်ပဏီရဲ့ceoဝမ်ရိပေါ်
ဒါကတော့ sean. ဟိုဘက်ကတော့ ကျွန်တော့အတွင်းရေးမှု လီရုံ ကျန်တာကတော့ကိုယ်ကိုတိုင်မိတ်ဆက်လိုက်ကြပါ"
"..."
"..."
"ဟုတ်ကဲ့ အားလုံးပဲ ကျွန်တော် ကတော့designဌာနရဲ့ခေါင်းဆောင်ရှောင်ကျန့်ပါ"
"ကျမကတော့ ယန်ယန်ပါ"
"ဒီဘက်ကတော့ စုရင်း လင်းရန် နဲ့ မုကျင်"
"ကဲ အားလုံးလည်းမိတ်ဆက်ပြီးပြီဆိုတော့ ကိုယ့်ဌာနကိုပြန်ပြီးအလုပ်လုပ်လို့ရပါပြီ"
.

Love Of Them (Three)Where stories live. Discover now