✍✍✍11(uni)

205 13 2
                                    

ဒီနေ့ရှောင်ကျန့်နေမကောင်းလို့ seanအရမ်းစိတ်ပူနေတာကိုကြည့်ပြီးတော့ရှောင်ကျန့်ကိုတကယ်အားကျမိသည်။ရှောင်ကျန့်က ကံကောင်းသည်။ ကျွန်တော်လိုချင်တဲ့seanရဲ့အချစ်တွေကို အပြည့်ဝရသည်။
ဒါပေမဲ့ရှောင်ကျန့်ကရော seanအပေါ်မှာချစ်ရဲ့လား။ အကယ်၍ မချစ်ခဲ့ရင်ရော 

မဖြစ်ဘူး seanခံစားရလိမ့်မယ်။ ချစ်တဲ့သူက တခြားတစ်ယောက်ကိုချစ်နေတာကို မြင်တွေ့နေရတာ ဘယ်လောက်ခံစားရတဲ့ဝဋ်ဆင်းရဲလဲဆိုတာသိတာမို့ seanကို တော့မကြုံတွေ့စေချင်ပါ။ seanကပျော်ရွှင်မှုတွေနဲ့သာထိုက်တန်တဲ့ကောင်ငယ်လေး ။အဲလိုခံစားရအောင်လဲ  ကိုယ်ကဖြည့်ဆည်းပေးမှာမို့မင်းသာပျော်ရွှင်အောင်နေပါ။
seanပျော်ရွှင်ဖို့အတွက် အကယ်၍ များမင်းနှလုံးသားကိုချနင်းသလိုဖြစ်ခဲ့ရင်ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ရဲ့အပြစ်တွေကိုနောက်ဘဝကျရင်သေချာပေါက်ပြန်ပေးဆပ်မှာပါကျန့်..

#လူတွေက အတ်တကြီးတယ်။ ကိုယ်ချစ်ရသူက ကိုယ်ကိုနာကျင်မှုတွေပေးနေရင်တောင်မှသူ့ကိုပျော်ရွှင်စေချင်ကြတယ်။ ကိုယ့်ကိုချစ်တဲ့သူကိုကျ မရည်ရွယ်လို့ပဲဖြစ်ဖြစ် ရည်ရွယ်လို့ဖြစ်ဖြစ် နာကျင်မှုတွေပေးချင်ကြတယ်။
ဒါကိုက နိယာမသဘောတရားလိုဖြစ်နေသည်။ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကိုချစ်ရတာနာကျင်စရာတွေချည်းပဲပေမဲ့အကယ်၍အချစ်တွေထပ်တူကျခဲ့ရင်ရော.....#

တီ..တီ
နေမကောင်းလို့အိပ်နေပေမဲ့ ဖုန်းလာတာကြောင့်နိုးလာသည်။ ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကဩရှရှအသံလေးနားထဲစိမ့်ဝင်လာသည်။ ပြောစရာ မရှိရင် ဘယ်တုန်းကမှမဝင်ခဲ့တဲ့အဝင်ကောလ်လေးက. ဒီတစ်ခါရော ဘယ်လိုစရာတွေများထပ်ပေးအုံးမှာလဲ။ဖုန်းချပြီးတာနဲ့ ချိန်းထားတဲ့နေရာကိုသွားဖို့ရာထွက်လာခဲ့သည်။
ဟိုရောက်တော့မြင်နေရတာ romance ဆန်ဆန်ကော်ဖီဆိုင်လေး။ ကျွန်တော်တို့နှစ်ယောက်အခြေအနေကတော့ဆန့်ကျင်စွာ ။
"ကျန့် ဘာသောက်မလဲ မှာလေ"
"ရတယ် ပြောစရာရှိတာသာ အားမနာပဲပြောပါ  ကျွန်တော်နားထောင်ပေးမှာမို့"
"ဟို  ဟိုလေ.."
""အင်းပြောပါ။"
" ကိုယ်ကseanကိုချစ်တယ်"
"ကျွန်တော်သိတယ်လေ"
"အော်   seanကတော့မင်းကိုချစ်နေတယ်"
"အဲတော့"
"ကိုယ်ပြောချင်တာက. ကိုယ်seanကိုပျော်ရွှင်စေချင်တယ် seanပျော်ရွှင်ဖို့ဆိုမင်းရှိနေမှဖြစ်မှာ  အဲဒါကြောင့် မင်းနဲ့sean ကိုချစ်သူအဖြစ် ရှိနေစေချင်တယ်"
"ကျွန်တော်ချစ်တဲ့သူရော ခင်များသိရဲ့လား"
"သိတယ် သိလို့လဲအခုလို ပြောနေရတာ မင်းကိုယ့်ကိုချစ်တယ်ဆို ကိုယ့်အတွက်ပဲဖြစ်ဖြစ်မလုပ်ပေးနိုင်ဘူးလား  ဟင်"
"ခင်များမလွန်လွန်းဘူးလား ကျွန်တော့ခံစားချက်တွေ ကရောအရေးမပါဘူးလား သူ့ခံစားချက်တွေအတွက် တော့ခင်များစဉ်းစားပေးပြီး ကျွန်တော့ခံစားချက်တွေ ကိုရောထည့်မတွက်ဘူးလား။ ခင်များက ခင်များတစ်ယောက်အတွက်ပဲကည့်တဲ့တစ်ကိုယ်ကောင်းသမား   ခင်များကကျွန်တော့ဘက်နည်းနည်းလေးမှကိုယ်ချင်းမစာခဲ့ဘူး။ချစ်ခဲ့ကြစဉ်မှာလည်းနဲနဲလေးမှလှည့်မကြည့်ခဲ့သလို အသုံးချခံဖြစ်မှန်းမသိဖြစ်ခဲ့ရတယ် အခုလည်း   ခင်များချစ်သူစိတ်ချမ်းသာစေဖို့အတွက် ကျွန်တော်ကမချစ်တဲ့သူနဲ့နေရဉီးမှာလား ဟင် ပြောပါအုံး"
"ကိုယ်ဒူးထောက်ပြီးတောင်းပန်ပါတယ် ဖြစ်ခဲ့သမျှအရာရာတိုင်းအတွက် ကျေးဇူးပြုပြီး သူ့ဘေးနားရှိနေပေးပါ။ သူကမင်းကိုသိပ်ချစ်တာမို့မင်းလည်းပျော်ရွှင်ရမှာပါ။"
"ဘာလို့လဲ  သူ့အတွက်နဲ့ အခြားတစ်ယောက်ရှေ့ဒူးထောက်နိုင်ရတာလဲ။      ဘာလို့သူ့ကိုကျအရမ်းချစ်ပေးပြီး ကျွန်တော့ကိုတော့ တစ်ချက်ကလေးမှလှည့်မကြည့်ခဲ့တာလဲ"
"ကိုယ်တောင်းပန်ပါတယ်  မင်းကိုဒီတစ်ခွန်းအပြင်ပိုမပြောနိုင်တာကိုလည်းအားနာပါတယ် သူနဲ့ဆိုမင်းလည်းပျော်ရွှင်ရမှာပါ".
"ခင်များက မချစ်တဲ့သူနဲ့အတူနေရတာကိုပျော်စရာကောင်းတယ်ထင်တယ်ပေါ့ ခင်များရော ကျွန်တော်နဲ့အတူရှိတုန်းကပျော်ခဲ့လို့လား ကိုယ်ကမချစ်ပဲသူ့ဘက်ကချစ်ပေးဂရုစိုက်ပေးတာတွေကို အားနာနေရတာမွန်းကြပ်နေရတာတွေကရောပျော်ရွှင်ရတာလား ခင်များပြောကြည့်လေ"
"ကိုယ်တောင်းပန်ပါတယ် "
"ေကာာင်းပြီလေ ခင်များသဘောကျ သူ့အနားရှိနေပေးမှာမို့  ဒါဟာခင်များကိုသိပ်ချစ်လွန်းလို့ဆိုတာတော့ ခင်များကိုသိစေချင်တယ်"

.
.
.
.
.
.ကံတံရားကရက်စက်လွန်းသည်။  ပေးဆပ်ပြီးချစ်တတ်သူအပေါ်တော့ အနိုင်ယူလွန်းသူအဖြစ်ရှိနေပြီး မချစ်တဲ့သူအပေါ်တော့ အရာရာပေးဆပ်ပြီးချစ်ချင်သည်။ဒီသုံးယောက်ရဲ့ကံတရားကရောဘယ်လိုများအဆုံးသတ်ပေးမှာလဲ။ ဒီဇာတ်လမ်းမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်သာပျော်ရွှင်နိုင်မယ်ဆိုရင်ရော   ဘယ်သူကများပျော်ရွှင်နိုင်မှာလဲ။

#ဒီအပိုင်းကဘာတွေမှန်းကိုမသိဘူး။ target ထားတဲ့အပိုင်းကို ကောင်းအောင်မရေးနိုင်ဘူးဖြစ်နေတယ်။ ခါတိုင်းထက်တော့တိုတယ်။ကိုယ်ကတော့ ဒီficကိုရေး ရတာစိတ်တိုင်းမကျဘူး🤧🤧🤧

Love Of Them (Three)Where stories live. Discover now