✍✍✍2 ( UNI)

445 21 1
                                    

ရှောင်ကျန့်ကစပ်စုသူမဟုတ်ပေမဲ့ အလုပ်သဘောအရ ကိုယ့်ရဲ့တွဲဖက်company အပေါ်တော့အလေးထားပြီးအာရုံစိုက်မှူရှိသည်

လက်ထဲကဘောပင်ကိုသာတင်းနေအောင်ဆုပ်ကိုင်ထားမိသည် အခုသူ့ရှေ့က သူကိုတွေ့လိုက်တာနဲ့ သူအနည်ထိုင်ပြီထင်ခဲ့တဲ့နာကျင်မှုတွေကအသစ်အတိုင်းပဲရှိနေသလို အေးစက်နေတဲ့ ရင်ခုန်ခြင်းတွေ စိတ်လှုပ်ရှားမှူတွေကအသစ်အတိုင်းပြန်လည်ခံစားနေရသည်
ဟင်..အခုသူဘာမြင်နေရတာလည်း မှန်ထဲက ကိုယ့်ပုံကိုမြင်နေရသလို အခုကိုကို့ဘေးမှာသူနဲ့တစ်ရုပ်တည်းတူတဲ့လူရှိနေတာလား ကျွန်တော့လိုပဲ ဌာနက လူတွေကလည်းအံ့ဩနေကြတာပဲ ဒါဘယ်လိုတိုက်ဆိုင်မှူလည်း ကိုကို့ ကိုကြည့်လိုက်တော့သိပြီးသားအရာတစ်တစ်ခုလိုမျက်နှာမှာ အံ့ဩ မှူအရိပ်အရောင်ကိုမတွေရဘူး ဒါဆို ကိုကိုကသိပြီးသားလား
"အားလုံးပဲ ကျွန်တော် ကlifeness company က CEO ဝမ်ရိပေါ် ဒီဘက်ကအခုထုပ်လုပ်မယ့် product. ကိုမင်းတို့နဲ့အတူတာဝန်ယူမယ့် ထုတ်လုပ်ရေးဘက်က ခေါင်းဆောင် Sean "
ဝမ်ရိပေါ် ကခပ်ပြတ်ပြတ်နှုတ်ဆက်ပေမဲ့သူ့ဘေးကsean ကတော့အပြုံးလေးနဲ့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ရသည် သူ့သူငယ်ချင်းကတစိမ်းတွေအပေါ်ဆက်ဆံလိုက်ရင်ဒီတိုင်းပါပဲ
"ဟုတ်ကဲ့ ကျွန်တော်က S company ဘက်က CEO လီယန် ဒါကတော့ design ဌာနရဲ့ ခေါင်းဆောင် ရှောင်ကျန့် "
"ဟုတ်ကဲ့ ကျွန်တော်တို့design ဌာနမှာကလူဆယ်ယောက်ရှိပေမဲ့ အခု product. အတွက်ကတော့ရှောင်ကျန့်အပါအဝင် ငါးယောက်ပဲလွှတ်မှာပါ ဒါကြောင့်မို့အဆင်မပြေတာရှိရင်အခုကတည်းကကြိုပြောနိုင်ပါတယ်"
"ကောင်းပြီလေ မင်းတို့ဘက်က ငါးယောက်ပဲလွှတ်မယ်ဆိုပေမဲ့မင်းတို့ဘက်ကတာဝန်ယူနိုင်ရင်ငါတု့ိဘက်ကပြောစရာမရှိပါဘူး "
"ကောင်းပါပြီ ဒါဆိုလည်းအစည်းအဝေးသိမ်းကြတာပေါ့"

အစည်းအဝေးထဲကထွက်သွားတဲ့ကျောပြင်ကိုကြည့်ရင်ရှောင်ကျန့် ခံစားချက်တွေတကယ်ရောထွေးနေသည် ကိုကို ကဘာလို့သူ့ကိုမြင်တာတောင်နဲနဲလေးမှမသိသလိုမျိုးဆက်ဆံနိုင်ရတာလဲ ကိုကိုဘေးက သူနဲ့တူတဲ့seanဆိုတဲ့သူကရောကိုကိုနဲ့ဘယ်လိုပတ်သက်နေတာလဲ
"ဟဲ့ seanဆိုတဲ့သူက ငါတို့ဆရာရှောင်နဲ့တကယ်တူတာနော် "
"ဟုတ်ပဟယ် ဒါနဲ့နင်မသိဘူးလား ceo ဝမ်နဲ့ sean နဲ့က ငယ်ငယ်တည်းကနဲ့ သူငယ်ချင်းတွေလေ နောက်ပိုင်းမှ sean က UK ကျောင်းသွားတက်ပြီး လွန်ခဲ့တဲ့နှစ်နှစ်ကမှပြန်လာတာတဲ့မသွားခင်ကceo ဝမ်က sean ကိုချစ်ရေးဆိုတာကို sean ကလက်မခံတာတဲ့"
"အော် ဒါနဲ့နင်ကဘယ်လိုသိတာလည်း"
" ငါ့သူငယ်ချင်းကသူတို့နဲ့ကျောင်းအတူတူပဲလေဟယ် အဲဒီနှစ်ကဆို တစ်ကျောင်းလုံးသူတို့အကြောင်းမသိသလောက်ရှားတယ်တဲ့ "

Love Of Them (Three)Where stories live. Discover now