part13

15 1 0
                                    

ချစ်ရသူနဲ့တစ်မိုးအောက်တည်းအတူနိုးထခွင့်ရတာတကယ်ကြည်နူးစရာကောင်းသည်။

"ရှောင်းရှောင်ရေ မထသေးဘူးလား   ၇နာရီထိုးတော့မယ်  ရုံးနောက်ကျနေအုံးမယ်
ထတော့လေ "

ကိုယ့်ချစ်သူမို့အပိုပြောတာမဟုတ် ရှောင်းရှောင်ကအိပ်နေတာတောင်တကယ်ကြည့်ကောင်းသည်။ မှိတ်ထားလို့အသေချာမြင်နေရတဲ့ မျက်တောင်စိပ်စိပ်လေးတွေ နှာတံချွန်ချွန်လေးနဲ့နှုတ်ခမ်းပါးလေး    ပြီးပြည့်စုံလွန်းသည်။ ပြီးတော့ ဟောဒီကseanနဲ့သက်ဆိုင်နေတဲ့လူသားလေးဆိုတော့ပိုပြီးပြည့်စုံတာပေါ့။

"အွန်းထပြီ    "
"မွ မောနင်း kiss ကော မနက်စာပြင်ထားပေးပြီးပြီ   မြန်မြန်လုပ်ခဲ့နော်"
"မွ  အွန်း  ပြီးရင်ဆင်းလာခဲ့မယ်"

ရှောင်ကျန့်မျက်နှာသစ်ရေချိုးပြီးဆင်းလာတော့ကောကမနက်စာပြင်နေသည်။ တစ်ယောက်တည်း နေခဲ့တဲ့သူ့အတွက်ဒီလိုမနက်စာ ကိုဂရုတစိုက်ပြင်ပေးတဲ့သူကကောကပထမဉီးဆုံးပဲ။ ကိုကိုနဲ့ကချစ်သူဖြစ်ခဲ့ပေမဲ့ အိမ်ရောက်ဖူးဖို့နေနေသာသာ ကျွန်တော့ဘက်ကဆက်သွယ်မှသာ တွေ့ရခဲ့သည်။ ဒါတောင်တစ်လတစ်ကြိမ်တွေ့နိုင်ဖို့ရာမလွယ်ကူခဲ့ပါ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာချစ်သူဆိုတဲ့အမည်ခံသက်သက်သာရှိခဲ့သည်။  ကျွန်တော့ဘဝရဲ့ပထမဉီးဆုံးအချို့က ကောအတွက်ဖြစ်ခဲ့သည်။ ကောကိုမချစ်ပေမဲ့ ကောကကျွန်တော့ဘဝအတွက်တဖြေးဖြေးနဲ့အရေးပါလာခဲ့သည်။ လူတွေကသူတို့ဘဝရဲ့တန်ဖိုးထားရတဲ့အရာတွေနဲ့အရေးပါတဲ့အရာတွေကို အမြဲတမ်းအနားမှာရှိစေချင်သလို ကောကိုလည်းကျွန်တော့အနားမှာ အမြဲထားချင်တာ  ကျွန်တော်အတ်တကြီးတယ်မလား။ 

"ေကာကအစောကြီးအဆင်သင့်ဖြစ်နေတာပဲ
အစောကြီးနိုးနေတာလား"
"အွန်း လာလေ မနက်စာစားရအောင်   "
" မနေ့ညက ကောအိမ်ပြန်မလာတာကောအိမ်က ဘာပြောသေးလဲ"
"အော် အဲဒါက မားကိုသူငယ်ချင်းအိမ်အိပ်မယ်လို့တော့ဖုန်းဆက်ထားတယ် ဒီနေ့မနက်တော့ ရိပေါ်က လာကြိုမှာ အဲဒါ"
"ရပါတယ် ကောသဘောပါ။ အခုက ကျွန်တော်တို့ပတ်သက်မှုကိုချပြဖို့ရာက စောသေးပါတယ်"
"ကောကတော့ ကောတို့ပတ်သက်မှုကိုလျို့ဝှက် မထားချင်ဘူး   ရှောင်းရှောင်ကကောအပိုင်ဆိုတာလူတွေသိစေချင်တယ်"
" ကျွန်တော်ကကောကိုထိခိုက်မှာဆိုးလို့ပါ"

Love Of Them (Three)Donde viven las historias. Descúbrelo ahora