part3

33 2 0
                                    

ရှောင်ကျန်အိမ်ပြန်ရောက်တော့မှောင်မဲနေတဲ့အိမ်လေးကပဲဆီးကြိုနေသည် ။ သူ များတွေအတွက်အိမ်ဆိုတာဘယ်လိုမျိုးလည်းမသိပေမဲ့ရှောင်ကျန့်အတွက်ကတော့ငယ်ငယ်ကတည်းက​​​ေန ခုချိန်အထိနွေးထွေးမှုမရှိတဲ့နေရာကြိုသူမဲ့နေတဲ့နေရာ ။

အင်း...ထံုးစံအတိုင်းဒီနေ့ညလည်းအထီးကျန်စွာဖြတ်သန်းရမဲ့ညတစ်ည ​ထက်မပိုပါဘူး ။
အိမ်ထဲဝင်ပြီးမီးခလုတ်ဖွင့်လိုက်ပြီး ေရချိုးဖို့ရာအခန်းဆီသာတက်လာခဲ့သည်။ ရေကြာကြာချိုးလို့ စိတ်ပူမဲ့သူမရှိ ထမင်းချိန်မှန်စားမစားဂရုစိုက် မဲ့လူမရှိ ဖျားနာလို့ပြုစုပေးမဲ့သူမရှိနဲ့ ဘယ်လောက်တောင်မှလွတ်လပ်လိုက်သလဲ

ရှောင်ကျန့်မှန်ထဲကသူ့မျက်နှာသူကြည့်ပြီးအထီးကျန်ခြင်းနဲ့နေသားကျအောင်နေဟုဆုံးမနေမိသည် ။မင်းလိုချင်တဲ့ မင်းလိုအပ်တဲ့အဲဒီလူကမင်းဘယ်တော့မှမပိုင်ဆိုင်နိုင်ကြောင်းသူ့ဘေးကလူကသက်သေပင် ။

ရေချိုးပြီးတာနဲ့တစ်ခါတည်းအိပ်ဖို့သာပြင်လိုက်သည် ။သူတကယ်အခြားအရာတွေမစဉ်းစားချင်တော့ပါ
.
.
.
.
.
.ရိပေါ်ရှေ့လျှောက်ဘယ်လိုဆက်သွားရမ လဲဆိုတာတကယ်မသိတော့ပါ sean ကိုရှောင်ကျန့်နဲ့မတွေ့စေချင်ပေမဲ့groupတစ်ခုထဲကမို့သေချာပေါက် မျက်နှာချင်းဆိုင်ရမှာပင် ။

ဟူး. ..
သက်ပြင်းမောသာချလိုက်တော့သည် seanကို ရှောင်ကျန့်နဲ့သူရဲ့အတိတ်ကပတ်သက်မှုကိုမသိအောင်ဘယ်လိုလုပ်ရမလဲ မခေါ်တာကြာပြီ​ြဖ​စ်တဲ့နံပါတ်လေးကိုနှိပ်လိုက်မိသည် နှစ်ခါလောက်ခေါ်ပြီးတော့တစ်ဖက်ကဖုန်းကိုင်လာတဲ့အခါ
"ဟယ်လို"
.
.
.
.
.
.
.

ကော်ဖီဆိုင်ရဲ့ထောင့်နားကျတဲ့စားပွဲဝိုင်းလေးမှာလူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည် တစ်ယောက်နဲ့တစ်ယောက်အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ
"အဲဒီတော့ ..."
"အင်း ကိုယ်တို့ပတ်သတ်ခဲ့တာတွေကိုသူ့ကိုမသိစေချင်ယုံပါပဲ"
"ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်သတ်မှုက အရင်တုန်းကရော ကျွန်တော်တို့နှစ်ယောက်အပြင်သိခဲ့ဖူးသူရောရှိခဲ့ဖူးလို့လား "
"ဒါပေမဲ့.. "
"ခင်းများတကယ်ကျွန်တော့ကို အထင်သေးလှချည်လား ထားလိုက်ပါတော့ ခင်များလိုချင်တာသူမသိရုံတင်မလား"
"အင်း"
"ကောင်းပြီ ကျွန်တော့ဘက်ကတော့ ဘယ်တော့မှထုတ်မပြောမှာမို့
ကျွန်တော်ပြန်တော့မယ် "
အဆင်ပြေပါသည် ။ ကိုယ် ့အချစ်တွေကိုအလေးမထားတဲ့သူအတွက် အနဲဆုံးတော့ သူအသုံးလိုတဲ့အခါကိုယ့်ကိုသတိရသေးသည်မလား။ အချစ်ကသည်လိုပဲအရာရာအရှုံးပေးသူကိုမှအနိုင်ယူချင်တာ ။ဘယ်လောက်ပဲမချစ်တော့ဘူးလို့ပဲဆုံးဖြတ်ဖြတ်သူနဲ့ပြန်တွေ့ရင် ရင်ခုန်တာကတော့ညာလို့မရ ။ ချစ်တယ်

Love Of Them (Three)Where stories live. Discover now