✍✍✍12(uni).

197 18 0
                                    

ကိုကို ခင်များကတစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ခင်များချစ်တဲ့သူပျော်ရွှင်ဖို့အတွက်ခင်များနှလုံးသားကိုရော ကျတော့်နှလုံးသားပါစတေးပစ်သည်။ စိတ်ချပါ ကျွန်တော်က ခင်များသဘောကျ ဖြစ်စေရမှာမို့။ ခင်များဖြစ်စေချင်သလို ခင်များချစ်ရသူကိုပျော်ရွှင်စေရမှာမို့။

.
.
.
seanဒီနေ့ရှောင်းရှောင်ကိုဖွင့်ပြောဖို့ရာရည်ရွယ်ထားသည်။ ရင်လည်းအရမ်းခုန်နေသည်။ အကယ်၍ ငြင်းခဲ့ရင်ရော ဟင့်အင်းမဖြစ်ဘူး။ သူသေသွားရလိမ့်မယ်။ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ရင်းပြီးချစ်တာမို့။
ကောင်းကင်ဘုံကဒီအတိုင်းတော့ကြည့်မနေလောက်ဘူးမလား။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းရှောင် ကသူ့အပိုင်  သူတစ်ယောက်တည်းသာပိုင်ဆိုင်ရမှာမို့ ဘယ်သူ့ဆီကိုမှအရောက်မခံနိုင်ဘူး။

အချိန်ကားနေ့လည်သုံးနာရီ
ရုံးဆင်းချိန်မရောက်သေးတာမို့အိမ်မှာရှောင်းရှောင်တော့ရှိလောက်မှာမဟုတ်ဘူး။ password သိပြီးသော့ကလည်းရဖို့ရာမခက်ခဲတာမို့ အစီစဉ်ကိုစဖို့ရာ သိပ်တော့မခက်ခဲပါဘူး။
.
.
.
.
.
.
.
.

.ရှောင်ကျန့် ရုံးကပြန်လာတော့ခါတိုင်းလိုပဲမှောင်မဲနေတဲ့အိမ်လေးကဆီးကြိုနေတယ်။ဟင်  ဘယ့်နှယ့်ကြောင့်အိမ်တံခါးကပွင့်နေတာတုံး ။ငါရုံးသွားတော့သေချာပိတ်ထားခဲ့တာပါ။သူခိုးများကပ်တာလား??
အိမ်ထဲကိုသတိထားပြီးဝင်လာလိုက်ပြီးတော့
မီးခလုပ်ကိုနှိပ်လိုက်တဲ့အခါ
အိမ်ပေါက်ဝကနေဧည့်ခန်းထိသွယ်တန်းနေတဲ့မီးလုံးလေးတွေ   မီးလုံးလေးတွေရဲ့အဆုံးမှာ အလှဆင်ထားတဲ့စားပွဲပေါ်မှာရှိနေတဲ့ မွေးနေ့ကိတ် လေးနဲ့ ဝိုင်ပုလင်းလေးတွေနဲ့ စားစရာတွေ ထိပ်ဆုံးမှာတော့  ကောကအလှဆုံးပြုံးပြနေတယ်။ သူ့မွေးနေ့      ဘယ်သူကမှဂရုပြုမှတ်မထားတဲ့နေ့မို့ ကျွန်တော်ကိုယ်တိုင်တောင်မေ့ထားခဲ့သည်။ ဒါကို ကောကတောသိနေခဲ့တယ်။ ကော   ခင်များကျွန်တော့အပေါ်သိပ်မချစ်ပြပါနဲ့လား။ ကျွန်တော်ကောကိုလိမ်ညာရတာလိပ်ပြာမလုံဘူး။  ကောသာ ကိုကို ကိုချစ်ခဲ့ရင်ခံစားရမဲ့သူက ကျွန်တော်တစ်ယောက်တည်းသာဖြစ်မှာ။ ကျွန်တော်ခံစားရပေမဲ့ကောတို့နှစ်ယောက်ကတော့ပျော်ရွှင်နေမှာ။  အခုတော့     အခုတော့  ကျွန်တော်တို့သုံးယောက်လုံးခံစားနေရပြီ။ ကျွန်တော်ကတိပေးပါတယ်။ကျွန်တော့ဆီကနေ ကောထွက်မသွားမချင်း ကောကိုပျော်ရွှင်စေမှာမို့။

Love Of Them (Three)Where stories live. Discover now