part4

32 3 0
                                    

Seanဒီနေ့ကုမ်ပဏီသွားရမှာကိုခါတိုင်းထက်တက်ကြွနေမိသည် ။ အစောကြီးထပြီးသွားဖို့ရာပြင်ဆင်နေလိုက်သည်။ ဒီနေ့ ရှောင်းရှောင်တို့က သူတို့ကုမ်ပဏီဆီရောက်လာမှာမလား။ အယ်... ရှောင်းရှောင်ဆိုတာ ဟီး..
ချစ်ရတဲ့ရှောင်းရှောင်ကျန့်ကိုပြောတာပါ။
မှန်ထဲကကိုယ်ပုံရိပ်ကိုကြည့်ပြီးကျေနပ်အားရရသည်။ ဒီလောက်ဆိုရင်တော့ရှောင်းရှောင်သတိထားမိလောက်ပါသည်။ဒီကseanလေးကအချောလေးဆိုတော့။ မျက်လံးထဲမှာတော့ seanကအချောဆုံးဆို ဒုတိယအချောလေးကရှောင်းရှောင်ပေါ့ ဟီးဟီး ။ ကိုယ့်အတွေးနဲ့ကိုပြုံးနေမိသည်။ မသိရင် ငါ့တော့အရူးထင်ကြတော့မှာပါပဲ။
အားလုံးပြင်ဆင်ပြီးအောက်ထပ်ဆင်းလာတော့ မားကမနက်စာအသင့်ကြင်နေသည်။ ကြည့်ရတာဒီနေ့ရိပေါ်လာမခေါ်သေးဘူးလားမသိဘူး မရောက်သေးဘူး။ နာရီကြည့်လိုက်တော့ ၇နာရီ အယ် အစောကြီးရှိသေး ။
ဘယ်လာအုံးမှာလဲ ခါတိုင်းဆို၈နာရီခွဲမှလာတာ ။ငါကပဲလောနေမိတာလား? ဒီနေ့မှပဲအချိန်တွေကနှေးနေလိုက်တာ ဟူး..။

"ဟယ် သား အစောကြီးရှိသေး အလုပ်သွားတော့မလို့လား သားပါးတောင် မသွားသေးဘူး"
"ဟီး မား သားတကယ်တော့ ဒီနေ့ သူ သားတို့ရုံးအလုပ်လာလုပ်ရမှာမို့ စောစောထပြီးကြည့်ကောင်းအောင်လို့သေချာပြင်ထားတာ
ဘယ်လိုနေလဲ သားပုံစံကသူသတိထားမိလောက်ရဲ့လား"
ရှပ်အင်ကျီ လက်ရှည်အဖြူကို အဖျားနားနဲနဲခေါက်ပြီး စတိုင်ပန်​ဘာင်းဘီအဖျားနည်းနည်းရှူးတာနဲ့တွဲဝတ်ထားတဲ့seanကတကယ်ကြည့်ကောင်းပါသည်။ ဆံပင်ကိုပုံမသွင်းပဲ ရှေ့အနည်းနဲ့အများကျနေတဲ့ဆံနွယ်လေးတွေကဆယ်ကျော်သက်တစ်ယောက်လိုနုပျိုမှုကိုယူဆောင်လာပေးပါသည်။

"ကြည့်ကောင်းတာပေါ့ မားရဲ့သားပဲ သူလေးသတိထားမိလောက်ပါတယ် ဒါနဲ့နေပါအုံး မနေ့ကမားသတိမထားမိတာ သူကသားနဲ့ရုပ်ချင်းတူတယ်ဆို "
"ဟုတ်တယ်လေ မားရဲ့ ဘာလို့လဲ"
" သူ့နာမည်က"
"အော်....ရှောင်ကျန့်တဲ့"
"ဒါနဲ့သား ရိပေါ်လေးကိုရောဘယ်လိုလုပ်မှာလဲ"
"ဘာကိုလဲ မား"
ရိပေါ် sean ကိုရုံးသွားဖို့ရာခါတိုင်းလိုလာခေါ်ပေမဲ့ ခါတိုင်းပြင်ဆင်လို့မပြီးသေးတဲ့sean က ဒီနေ့တော့အစောကြီးပြီးစီးနေခဲ့သည်။ မီးဖိုခန်းထဲ seanနဲ့အန်တီတို့စကားပြောသံတွေကိုကြားပေမဲ့ မိမိနာမည်ပါ ပါလာတာမို့နားစွင့်နေမိသည်။
"ရိပေါ်လေးက သားကိုငယ်ငယ်ကတည်းက သဘောကျတာသားလည်းသိသားပဲ မားကသားပျော်ရွှင်တာကိုရရွေးစေချင်ပေမဲ့ ရိပေါ်လေးဘက်ကိုတော့နည်းနည်းလောက်တွေးပေးစေချင်တယ်"
"ကျွန်တော်အစကတည်းက သူ့ကို အပြတ်ငြင်းက​ြပီ​းသားပါမား သူ့ကိုမခံစားစေချင်ပေမဲ့သားလည်းသူ့ကိုမချစ်နိုင်ဘူးမား အချစ်ကအချိန်ကာလနဲ့မဆိုင်သလို ဘယ်အရာနဲ့မှလည်းမသက်ဆိုင်နေပါဘူး အဓိက ကကိုယ့်နှလုံးသားကပိုင်ရှင်အဖြစ်ရွေးချယ်သူကိုသာကျွန်တော်တို့က ချစ်ရသူအဖြစ်သတ်မှတ်လိုက်တာပါမား"
"အေးပါ ဒီလိုဆိုတော့လည်းကံပဲပေါ့သားရယ်"
ရိပေါ် နားထောင်ရင်းတိတ်ဆိတ်နေမိသည်။ သူအနှစ်နှစ်အလလကစောင့်မျှော်နေတဲ့ချစ်ရသူဟာ အခုတော့သူချစ်ရတဲ့သူကိုတွေ့သွားပြီတဲ့လား။ မင်းပြောသလိုနှလုံးသားကပိုင်ရှင်အဖြစ် သတ်မှတ်တဲ့သူကိုမှချစ်မိရင် ကိုယ်နှလုံးသားကလည်းအစောတည်းကမင်းကိုပိုင်ရှင်အဖြစ် သတ်မှတ်ထားတာပါseanရယ် ဘာလို့များကိုယ်တို့နှလုံးသားတွေကထပ်တူမကျရတာပါလိမ့်။
မင်းကကိုယ့်ကိုမချစ်ပေမဲ့ ကိုယ်ကတော့မင်းကိုသိပ်ချစ်တာမို့လို့ကိုယ့်အချစ်တွေနဲ့ပျော်ရွှင်ပါစေseanရယ်..
ရိပေါ်ပါးပြင်ပေါ်ကျနေတဲ့မျက်ရည်တွေကိုသုတ်လိုက်ပြီး seanကိုခေါ်ဖို့ရာမီးဖိုခန်းထဲကိုဝင်လာလိုက်သည် ။
"ရိပေါ်လေး လာပြီးလား လာ လာ အန်တီတို့နဲ့မနက်စာစားလိုက်"
"ရပါတယ် အန်တီ ကျွန်တော်အိမ်မှာစားပြီးပြီ "
"အော် အေးကွယ်"
"Sean ပြီးပြီလား ပြီးရင်သွားရအောင် လမ်းမှာကား​ြကပ်နေမယ်"
"အင်း အင်း ပြီးပြီလေ သွားရအောင် မားသားတို့သွားပြီ"
"အေး အေး"
ရုံးကိုသွားတဲ့လမ်းတစ်လျှောက်ကားပေါ်မှာနှစ်ယောက်သားတိတ်ဆိတ်နေမိသည်။ sean က ရှောင်းရှောင်နဲ့တွေ့ရမှာကို​ိတွေးရင်းစိတ်လှုပ်ရှားနေမိသည်။ ပထမဆုံးသောရင်ခုန်သံဖြစ်တဲ့အလျောက် ဘယ်လိုဘယ်ပုံမျက်နှာချင်းဆိုင်ရမလဲ စဉ်းစားနေမိသည်။
ရိပေါ်ကတော့ သူ့စိတ်ထဲအခုနေတွေးနေမိတာက seanက အခုချိန်သူ့ချစ်ရသူကိုတွေ့နေပြီဆိုတော့ seanအနားဆက်နေခွင့်ရပါ့အုံးမလားစိုးရိမ်နေသည်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် sean ကိုအဝေးကနေချစ်ပြီးစောင့်ရှောက်ပေးချင်မိသည်။ ကိုယ်ကချစ်ရသူမလား။
"ရိပေါ် ရိပေါ်"
"ဟင် ဘာလဲ"
"ကုမ်ပဏီရှေ့ရောက်နေပြီလေ ဘယ်တွေအတွေးလွန်ပြန်တာလဲ"
ချစ်ရသူရယ် ကိုယ့်အတွေးတွေတိုင်းမင်းအမြဲစိုးမိုးနေတာလို့တော့ထုတ်မပြောဖြစ်တော့ပါ။
"ဘာမှမဟုတ်ပါဘူး ဒီတိုင်း"
"ဘာမှမဟုတ်ရင်လည်းသွားရအောင် တော်ကြာနောက်ကျနေအုံးမယ်"
"အင်း ကိုယ်ကားပါကင်ထိုးလိုက်အုံးမယ် ခန"
"အင်း"

ရုံးထဲသူတို့နှစ်ယောက်ဝင်လာတော့ ကုမ်ပဏီကဝန်ထမ်းတွေကအထူးအဆန်းမဖြစ်ပေမဲ့
design ဌာနကလူတွေအတွက်ကတော့အဆန်းပင်။ CEOနဲ့ ထုတ်လုပ်ရေးတာဝန်ခံတို့တွဲလာတော့ သူတို့နှစ်ယောက်ကြားပတ်သတ်မှုတစ်ခုခုတော့ရှိနေမှာပင်။ ဘာလို့ဆိုceoဝမ်က mr.seanကိုချစ်ခင်မြတ်နိုးတဲ့မျက်ဝန်းအစုံနဲ့ငေးကြည့်နေခဲ့တာ။
အို... သူတို့အတွက်တော့အားကျစရာကောင်းလွန်းတဲ့မြင်ကွင်းလေးတစ်ခု။
တစ်စုံတစ်ယောက်အတွက်ကတော့ ချစ်သူရဲ့မြတ်နိုးမှုကအခြားတစ်ယောက်အတွက်ဖြစ်နေတာမို့ဝမ်းနည်းရသလို အားကျလွန်းလို့တစ်ခါလောက်ဖြစ်ဖြစ် အဲဒီလူနေရာကိုဝင်ရောက်ပါရစေလို့တိတ်တိတ်လေးဆုတောင်းနေခဲ့သည့်လူဟာ သူ့ကိုပဲငေးကြည့်နေခဲ့သည့်မျက်ဝန်းနှစ်စုံကိုသတိမထားမိခဲ့ပါ။

ကိုယ့်ficကအဆက်အစပ်မရှိရင်sorryပါ။ ယူတို့ရောဘယ်လိုမြင်လဲဆိုတာသိချင်ပါတယ် ။ ကိုယ်ကစကားပြောရင်အချိုးမပြေပါဘူး။ စာတွေကလည်းကိုယ်ပြောတတ်သလိုရေးထားတာမို့ အချိုးသိပ်မပြေရင်သည်းခံပေးပါ။

Love Of Them (Three)Where stories live. Discover now