အခန်း ၁

57.1K 2.1K 158
                                    

Unicode

အကယ်၍ အဲ့ဒီနေ့ကသာ ကျွန်မ ထွေးစကားကို နားမယောင်ဘဲ တောင်မတက်ခဲ့ဘူးဆိုလျှင် ဒီဇာတ်လမ်းဟာ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါ။
မမရီနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း ကျွန်မ ဒီအတွေးကို ခဏ ခဏ တွေးမိပါတယ်။

*

"အဲ့‌ဒီ တောင်ကြီးတက်ရင် မောမယ်ထင်တယ် ထွေးရယ်၊ သမီး မလိုက်ချင်ပါဘူး"

ကျွန်မ ဖိနပ်ကြိုးကို ညီအောင် ဆွဲညှိလိုက်ရင်း ခပ်ညည်းညည်း ပြောလိုက်မိတယ်။
ထွေးကတော့ တစ်လောကလုံးက ခွန်အားတွေ သူနားရောက်‌နေတယ် ထင်ရအောင် အမြဲတက်ကြွနေတာပဲ။

ထွေးက မေမေ့ညီမ အငယ်ဆုံးပေါ့။ ကျွန်မတို့ ‌မောင်နှမနှစ်ယောက်နဲ့ဆို သူငယ်ချင်းလိုပဲ ပေါင်းလို့ရတယ်။ ထွေးက တကယ်တော့ ကျွန်မတို့ထက် အသက်အများကြီး ကြီးပါတယ်။
ဒါပေမယ့် သူ့ကိုယ်သူ ထွေးလို့ပဲ ပြောတော့ ကျွန်မတို့လည်း တီတီလေးလို့ မခေါ်ဖြစ်ပဲ ထွေးလို့ပဲ ခေါ် ဖြစ်သွားရော။

"နင် တစ်ခေါက်မှ မတက်ဖူးလို့ပါ ခိုင်ရာ၊
အကျင့်ရသွားရင် မမောတော့ဘူး၊
တောင်ထိပ်ရောက်တာနဲ့ ရှုခင်းတွေက တကယ်လှတာ၊ နင် နေဝင်ချိန်ကို အေးအေးဆေးဆေး ထိုင်ကြည့်ရုံပဲ"

"သမီးကို ဓါတ်ပုံရိုက်ပေးနော်"

"ဟားဟား အဲ့ဒီထိပ်ရောက်ရင် နင့် ဆံပင် ချွေးတွေနဲ့ အချောင်းလိုက် မဖြစ်နေအောင်ပဲ ဆုတောင်း"

"နင်လည်းနော် တက်နေတဲ့ ကျောင်းနဲ့ လူနဲ့က တကယ်လိုက်တာပဲ၊ ကျန်းမာရေးကောင်းလိုက်တာများ လူက လေတိုက်ရင် လဲတော့မယ့်ရုပ် ဖြစ်နေပြီ သိလား၊
ထွေး ပြောပြမယ်၊ ဒီဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ ရီလေးသန့်တောင် တောင်တက်နေတာ၊ ထွေးတို့နဲ့ အမြဲတွေ့တယ်၊
နင် သူ့ကို သိလား"

ရီလေးသန့်တဲ့။ ဒီလို နာမည်မျိုး တစ်ခေါက်မှ မကြားဖူးပါ။ မမှတ်မိတာလည်း ဖြစ်နိုင်သည်။
‌နာမည်ကလည်း အဆိုတော် ရီရီသန့်တို့လို ခေတ်ဟောင်း နာမည် ကြီး။

"ဟုတ်လား သမီးတော့ မသိပါဘူး၊ ဘာဆရာဝန်လဲတဲ့"

"ဆာဂျင်တဲ့၊ ထွေးလည်း သေချာမပြောတတ်ဘူး"

အကယ်၍သာWhere stories live. Discover now