အခန်း ၂၂

15.2K 1.2K 58
                                    

Unicode

အရှေ့အရပ်က ရောင်နီကို မြင်ရမှ မိုးလင်းသွားမှန်း ကျွန်မ သိရသည်။
ဆေးရုံကို ပြန်သွားပြီး အမေနှင့် လူနာစောင့် နေရာလဲရမည်။ ထွေးကရော သတိပြန်ရပြီလား မသိပါ။ အူအတက် ခွဲစိတ်မှုက နောက်ဆက်တွဲ ပြဿနာ မဝင်လျှင်တော့ သုံးရက်ဆို ဆေးရုံက ဆင်းခွင့်ရမည် ဖြစ်သည်။

ထွေးက မေ့ဆေးပြယ်သွားသည့်အခါ တော်တော်လေး သက်သာသွားပါပြီ။ ချုပ်ရိုးက နည်းနည်းနာတာသာ ကျန်တော့သည်။
ကျွန်မ ဆေးရုံရောက်ပြီး ခဏကြာတော့ ဆရာဝန် ရောင်းဒ်လှည့်မည် ဟု ကြားရသည်။ လူနာစောင့် တစ်ယောက်သာ နေရမည်ဟု သူနာပြုဆရာမက အော်သွားသော်လည်း ကျွန်မတို့က သီးသန့် အခန်းထဲမှာ ဖြစ်သောကြောင့် မထွက်ဘဲ တိတ်တိတ်လေး နေနေမိသည်။

အခန်းတံခါးဝကနေ လူနာကုတင်တွေ စီထားသည့် ဆေးရုံခန်းမကို ကျွန်မ ချောင်းကြည့်ရသည်။ မမရီက တစ်ညလုံး အိပ်ရေးပျက်ထားပေမယ့် ဒီနေ့မနက် အဝေးကနေ မြင်ရ‌တာတော့ လန်းလန်းဆန်းဆန်း ရှိနေပုံပေါ်သည်။ မြန်မာဝတ်စုံ ခရမ်းရောင် ဖျော့ဖျော့ အပေါ်ကနေ ကုတ် အင်္ကျီ အနက်ရောင်ကို ထပ်ဝတ်ထားသည်။ မမရီ ရောင်းဒ်လှည့်သည့် နောက်မှ ကိုအောင်မြတ်ကို၊ မဖြူဖြူနှင့် သူနာပြုဆရာမအချို့က လိုက်သည်။ ကို အောင်မြတ်ကို ရှင်းပြတာကို နားထောင်ပြီး လူနာအား စမ်းသပ်ကာ လိုအပ်တဲ့ ဆေးတွေ၊ ထပ်လုပ်သင့်တာတွေကို ညွှန်ကြားနေတဲ့ပုံက ကျွန်မအား အကြည့် ဘယ်လိုမှ မခွာနိုင်အောင် ဖြစ်စေသည်။

နားကြပ်ကို လည်ပင်းမှာ ချိတ်လိုက်တာက အစ ၊ လူနာကို ပြုံးကြည့်တာအဆုံး အပြုအမူသေးသေးလေးတွေတိုင်းကို ကျွန်မမှာ ကြည့်နေရင်း မြတ်နိုးရသည်။
မမရီ အလုပ်လုပ်နေမည့်ပုံကို ကျွန်မ တစ်ခါမှ မတွေးကြည့်မိခဲ့ဖူးပါ။ လူတစ်ယောက်ဟာ သူ ကျွမ်းကျင်ရာကို လုပ်နေတဲ့အခါ အလိုလို ကျက်သရေရှိသည်ဟု ကျွန်မ ကြားဖူးသည်။ နဂိုကရင်း မမရီဟာ ကျက်သရေ ရှိပြီးသားဆိုတော့ ဒီလို မြင်ရသည့်အခါမှ သူ့အရှိန်အဝါ ဘယ်လောက် ကြီးမားကြောင်း ကျွန်မ သိရသည်။ ဒီအမျိုးသမီးနဲ့ သိကျွမ်းခွင့်ရတာကိုက ကံတရား၏ မျက်နှာသာ ပေးခံရမှု တစ်မျိုးဖြစ်လို့နေသည်။

အကယ်၍သာWhere stories live. Discover now