အခန်း ၁၈

17.6K 1.2K 69
                                    

Unicode

တကယ်တော့ ဒီလို ရာသီဥတု ချမ်းစိမ့်စိမ့်နဲ့ ဘယ်သူမှ အစောကြီး အိပ်ရာမထချင်ပါ။ သို့သော် "ရေခဲတယ်ဟေး၊ နှင်းခဲတယ် ဒီနေ့ မနက်" ဟု လိုက်အော်နေသည့် ယောကျာ်းကြီး တစ်ယောက်၏ အသံကို ကြားရသည့်အခါ ကျွန်မ နိုးလာခဲ့ပါသည်။ မမရီက ကျွန်မ ဘေးမှာ မရှိတော့ဘဲ အဝတ်အစားပင် လဲပြီး ပစ္စည်းတွေကို ပြန်သိမ်းကာ ခြေရင်းမှာ ဒူးလေးပိုက်ပြီး ထိုင်နေပြီ ဖြစ်သည်။

"အင်..ဟင်.. ဘယ်နှနာရီလဲ မမရီ"
"ခြောက်နာရီ မတ်တင်း"
"အိပ်ချင်သေးတယ်"
"မင်း သူငယ်ချင်းတွေတောင် တို့ မျက်နှာသစ်တော့ လာခေါ်နေတာ။ မင်း အိပ်ပါစေဦးဆိုပြီး မနိုးဘဲ ထားထားပေးတာ"

အင်းလေ ကျွန်မတစ်ယောက်တည်း လာတာမှ မဟုတ်တာ။ ထရမှာပေါ့။ သူငယ်ချင်းတွေကို ကျွန်မကြောင့် မစောင့်ရစေချင်ပါ။ အပြင်ထွက်ပြီး အမြန်ဆုံး ကိုယ်လက်သန့်စင်ရသည်။ ကျွန်မ တဲထဲကို ပြန်လာတော့ မမရီက အပြင်ရောက်နေလေပြီ။
"သွား အဝတ်သွားလဲခဲ့တော့။ နောက် ဆယ်မိနစ်ဆို ရွာထဲ သွားရအောင်"

မမရီက ပစ္စည်းတွေအချို့ကို သိမ်းသွားပြီ ဖြစ်သည်။ ကျွန်မ အိတ်နှင့် သူ့အိတ်လေး နှစ်လုံးသာ ကျန်ခဲ့သည်။
ဂျင်းဘောင်းဘီနှင့် သက္ကလပ်ကုတ် အင်္ကျီထူထူကိုလဲပြီး ကျွန်မ ထွက်လာခဲ့သည်။ တကယ်တော့ ကျွန်မ နောက်ဆုံး ဖြစ်နေတာပဲ။ အကုန်လုံးက ကျွန်မကို စောင့်နေကြရသည်။ မေကျော်တို့က ပစ္စည်းတွေတောင် သိမ်းပြီးကြပြီ။ မမရီက အိတ်ကို ကားထဲသို့ ယူထည့်ပေးသည်။

"သွားကြစို့"
မြက်ပင်ရှည်တွေမှာ ဆီးနှင်းခဲ အချို့ တွယ်ကပ်နေတာ မြင်ရသည်။ ဒီအမည်မသိ တောင်ကုန်းလေးကို ကျွန်မ တစ်သက်လုံး အမှတ်ရနေတော့မည်။

ခြောက်နာရီဆိုပေမယ့် မိုးက ကောင်းကောင်းပင် မလင်းသေးပါ။ ကားပေါ်ရောက်တော့ မမရီက ကော်ဖီဘူး တစ်ဘူး ပေးသည်။
"ကော်ဖီ သောက်ထားဦး။ ပြီးမှ ခေါက်ဆွဲ စားရအောင်" တဲ့။
မေ‌‌ကျော်က ကျွန်မအား အနောက်ခန်းကနေ စိုက်ကြည့်နေတာကို ကားရှေ့မှန်ထဲကနေ မြင်လိုက်ရသည်။

နှင်းခဲနေသည့် ရွာလယ်ကွင်းပြင်နားကို ရောက်တော့ ဆိုင်ကယ်နှင့် ကားတွေက အင်မတန် ပိတ်ကြပ်နေပါသည်။ နှစ်သစ်ကူးနေ့မို့ မြို့ထဲကနေ မနက်အစောကြီး ထပြီး အလျှိလျှို ရောက်လာကြခြင်း ‌ဖြစ်ပေမည်။ ဘယ်လိုမှ ရှေ့ဆက်တိုး၍ မရတော့ဘဲ ကျွန်မတို့ ကားကို ‌မူလ‌တန်းကျောင်းဝင်းရှေ့မှာ ထားပြီး လမ်းဆင်းလျှောက်ရသည်။

အကယ်၍သာWhere stories live. Discover now