အခန်း ၂၀

15.9K 1.2K 41
                                    

Unicode

ညနေပိုင်း ဖေဖေပြန်ရောက်လာသည့်အခါ မေမေက ဆီးကြိုပြီး ပြောသည်နှင့် တူပါသည်။ ကျွန်မမှာ အောက်ထပ်သို့ ခေါ်ခံရသည်။ ဖေဖေက ကျွန်မကို မဆူပါ။ မေမေ့ဘက်က ကြည့်လျှင်လည်း သနားစရာတော့ ကောင်းပါသည်။ သူ့သမီး၏ သူငယ်ချင်းတစ်ယောက်က ရုတ်တရက် သူ့နား ရောက်လာပြီး "အန်တီ့ သမီးအကြောင်း သတိပေးချင်လို့ပါ၊ အန်တီ့ သမီးက မိန်းမတစ်ယောက်နဲ့ တွဲနေတယ်၊ ကျွန်တော့် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်" လို့ ပြောလာတဲ့အခါမှာ သူ ဘယ်လို တုန့်ပြန်မလဲ။ မေမေက ရှက်တာရော၊ ဒေါသထွက်တာရော ပေါင်းပြီး ကျွန်မ ရှေ့မှာတစ်ညနေလုံး ငိုပါသည်။
ကျွန်မ ကြောင့် အမေ မျက်ရည်ကျရခြင်းဟာ မကောင်းပေမယ့် ကျွန်မ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါလေ။ ဖေဖေကတော့ မေမေ့ ကွယ်ရာရောက်မှ ကျွန်မကို ခေါ်ပြောပါသည်။

"သမီးအမေက တအားကို လန့်သွားတာကိုး။ အမှန်ကတော့ သမီးကြောင့် ဆိုတာထက်စာရင် သမီး သူငယ်ချင်း လာပြောလိုက်တာက သူ့အတွက် စော်ကားခံရသလို ပိုရှိလိမ့်မယ်။ ဒါကြောင့်မို့ သမီး ဒီရက်ပိုင်းတော့ အိမ်မှာ ခဏ ငြိမ်နေလိုက်ရင် ‌ပိုကောင်းမယ်။ ဖေဖေကတော့ သမီးကို ရိပ်မိပြီးသားမို့ ဘာမှ ပြောစရာမရှိဘူး။
ဖေဖေ့ကို သမီးအမေက မဆူဘူးလားလို့ ပြောနေတယ်။ ဖေဖေ ဆူလိုက်ပြီလို့ ပြောလိုက်မယ် သမီး။ ဒါပေမယ့် သူ စိတ်ပြေတဲ့ အထိ အိမ်မှာ နေပြလိုက်။ အမေက သမီးကို စိတ်ပြတ်နိုင်မှာ မဟုတ်ပါဘူး။ သူ စိတ်ဆိုးနေတုန်း ခဏမို့ ငိုနေတာ။"

"အမေက သမီးကို လက်ခံပေးနိုင်မယ်လို့ မထင်ဘူးလား ဖေဖေ။ သမီး ချစ်တဲ့လူနဲ့ အားလုံးကို အဆင်ပြေစေချင်တယ်။ပြီးတော့ မမရီကလည်း ဒီနေ့ တော်တော် အပြောအဆို ခံလိုက်ရသေးတာ"
ကျွန်မ ငိုပြီး ပြောသည့်အခါ ဖေဖေက ပြုံးပါသည်။

"လက်ခံမှာပါ။ သမီး ချစ်တဲ့လူကို ဘယ်သူပဲဖြစ်ဖြစ် သူ လက်မခံနိုင်စရာ အကြောင်းမှ မရှိတာ။ အခုက ရုတ်တရက် ဖြစ်သွားလို့။ သမီး အမေ စိတ်မမာတာကို သမီးလည်း သိရဲ့သားနဲ့"

"မေမေလည်း ဖေဖေလို့ နားလည်ပေးရင် သိပ်ကောင်းမှာနော်။ သမီးက ဒါကြောင့် ဖေဖေ့ကို ပိုချစ်တာ"

အကယ်၍သာWhere stories live. Discover now