အခန်း ၉

15.4K 1.1K 47
                                    

Unicode

နောက်တစ်နေ့ နံနက်မှာ ဈေးလာရောင်းသည့် အထမ်းသည်ဆီကနေ ကျွန်မ ကြက်သားနှစ်ထုပ် ဝယ်လိုက်သည်။ မနက်အစောကြီး ထသည့်အတွက် အမေနဲ့ ထွေးထွေးက အံ့ဩနေသည်။
ကျွန်မ ရည်ရွယ်ချက်နှင့်ကျွန်မ ထွေးထွေးအနား ကပ်ရသည်။

"ထွေးရေ သမီးကို ဒီကြက်သားတွေ ဆေးပေးပြီး ဟင်းအနယ်တွေနဲ့ အဆင်သင့်ချက်လို့ ရအောင် နယ်ပေးပါလား ဟင်"

"ထူးထူးဆန်းဆန်း ဘာ‌တွေများ အဆန်းထွင်နေတာလဲ‌ မိခိုင်"

"မမရီက နေ‌မကောင်းဖြစ်နေတာ၊ သမီး ကြက်‌ပြုတ်ရည်လေး ကိုယ်တိုင် လုပ်ပေးချင်လို့"

"အိမ်မှာ လုပ်ပြီး ချိုင့်ထဲ ထည့်သွားလေ"

"ဟို.. သူ့အိမ်မှာ ချက်ပြချင်လို့ပါ" မမရီ ရှေ့မှာ ကျွန်မ အကြောင်းမဲ့ အထင်ကြီးခံချင်နေမိသည်။

"ဘုရားရေ.." ထွေးက မျက်စောင်းတစ်ချက်ထိုးပေမယ့် ကျွန်မ ပြောသလို လုပ်ပေးပါသည်။

မနေ့က ခနော ဆန်ပြုတ် ပြုတ်နည်းကို အင်တာနက်‌ကနေ ရှာကြည့်ထားခဲ့သည်။ ဒီလောက်ဆိုရင် ကျွန်မ မမရီကို အရသာ ရှိတာတွေ ကျွေးလို့ ရပါပြီလေ။ မေမေတို့၊ ထွေး‌တို့နားကနေ ဘာဟင်းချက်နည်းမှ မသင်ထားတာကို ကျွန်မ အကြီးအကျယ် နောင်တ ရပါသည်။

ခုနစ်နာရီ ကျော်ကျော်မှာ ကျွန်မ မမရီ အိမ်သို့ ဦးတည်မိသည်။ နေ ထွက်လာသည့်အတွက် လမ်းမများတွင် ထင်းရှူးပင်များပေါ်က နှင်းမှုန်တွေက အရည်ပျော်ကျလာပြီး နှင်းရည်စက်များဖြင့် လမ်းမတွေက စိုရွှဲနေသည်။ တချို့နေရာများတွင်တော့ နေရောင် မရောက်သေး‌သည့်အတွက် အေးစိမ့်နေဆဲ ဖြစ်သည်။ အရှေ့ဘက်တောင်တန်းများတွင် တောင်ခါးပန်းမှ မြူတွေက ဝေဆိုင်းနေသည်။ မနက်ခင်း နေရောင်ခြည်က လုံလုံလောက်လောက် မနွေးထွေး‌နိုင်စေပေမယ့် ပတ်ဝန်းကျင်ကိုတော့ လင်းထင်းနေစေပါသည်။ ကျွန်မ ငယ်ငယ်က မနက်ခင်း ထင်းမီးလှုံသည့် လူတွေ ရှိခဲ့ပေမယ့် အခုတော့ မီးလှုံသည့်အလေ့အကျင့်ကလည်း ရှားလာပြီ ဖြစ်သည်။

ဈေးနားကနေ ဖြတ်လာတော့ ကျွန်မ အကြံတစ်ခုရသည်။ နန်တုံ ဝင်ဝယ်ရမည်။ ဝက်သားကို တောက်တောက်စဉ်းကာ အနှစ်တွေ အဆီတွေထဲကို ကျောက်ကျောမှုန့်နည်းနည်း ထည့်ပြီး တစ်ညသိပ် ခဲထားသည့် နန်တုံကို မကြိုက်သည့်လူ ဘယ်သူမှ မရှိပါ။

အကယ်၍သာWhere stories live. Discover now