အခန်း ၃၁

14.1K 1.2K 111
                                    

Unicode

"ခိုင်လေး မင်း ဒီနေ့ ဂျူတီ ရှိတာလား"

ကျွန်မ အခန်းအပြင်ကို ထွက်ဖို့ လုပ်တော့ မမရီက အိပ်ရာထဲကနေ မျက်လုံးမပွင့်တပွင့်ဖြင့် လှမ်းမေးပါသည်။ မမရီနှင့် ကျွန်မ ဒီတိုက်ခန်းမှာ အတူတူ နေဖြစ်တာ တစ်လပင် ကျော်လာခဲ့ပြီ။

အောင်စာရင်း ထွက်သည့်နေ့က မမရီ၏ ပြောစရာ ဆိုသည်မှာ သူမ မန္တလေးကို ပြောင်းရွှေ့ခွင့် ကျလာကြောင်း သတင်း ဖြစ်၏။ ကြားကြားချင်း ကျွန်မ ဝမ်းသာလုံးဆို့ပြီး ကြက်သေသေသွားမိခဲ့သည်။

အိမ်ပြန်ရသည့် အပတ်မှာ မမရီ အိမ်က ပစ္စည်းတွေကို သွားသိမ်းကူဖြစ်ခဲ့သည်။ အိမ်ကလေးက တစ်နှစ်ကြာသွားသော်လည်း အရင်ကအတိုင်း မပြောင်းမလဲ ရှိသေး၏။ အမှတ်တရတွေ များခဲ့တဲ့ ဒီအိမ်လေးကို မခွဲချင်ပါ။ ဒါပေမယ့် ထပ်ပြီး အမှတ်တရတွေ ဖန်တီးပေးမည့် မမရီက ကျွန်မ ဘေးမှာ ရှိလာတော့မည်ဆိုတော့လည်း နှမြောပေမယ့် ဖြေသာပါသည်။

‌ကျွန်မတို့ ပြန်မလာခင် တစ်ရက်တွင် ဖေဖေနှင့် မေမေကို မမရီက လာနှုတ်ဆက်သေးသည်။ မေမေက မမရီကို ကျွန်မ ရှေ့မှာဆို ဟန်လုပ်ပြီး အနည်းငယ် မျက်နှာထားတင်းစွာ ဆက်ဆံပေမယ့် မမရီ တကယ်လည်း ပြောင်းတော့မည် ဆိုတော့ သူ့ခမျာ မျက်ရည်ကျရှာသည်။ ဒီလတွေအတွင်း ကျွန်မ မိသားစုနှင့် မမရီက အတော်လေး ရင်းနှီးလာသည်ကို ကျွန်မ အခုမှ သိရသည်။ ထွေးက မမရီအတွက် သူကိုယ်တိုင် ထိုးထားသည့် ဆွယ်တာ အဝါလေး တစ်ထည် ပေးသေးသည်။ မမရီက 'ခိုင်နဲ့ အမြဲ လာလည်ပါ့မယ်'ဆိုပြီး ကတိတွေ ပေးခဲ့၏။

မဖြူဖြူနှင့် ကို အောင်မြတ်ကိုကလည်း မမရီ ပြောင်းတော့မှာမို့ စိတ်မကောင်း ဖြစ်ကြသည်။ မမရီက ဆေးရုံမှာ နှုတ်ဆက်ပွဲလေး လုပ်သည်။ ကျွန်မကတော့ မလိုက်သွားဖြစ်ပါ။ အိမ်မှာ လက်ဆောင်တွေ လာပို့သည့် ကို အောင်မြတ်ကိုနှင့်သာ ခဏ ဆုံလိုက်ရသည်။ ကို အောင်မြတ်ကိုက ကျွန်မကို ပြုံးပြကာ နှုတ်ဆက်သွားပါသည်။
"အစ်မကို ဂရုစိုက်ပေးပါ ညီမလေး" တဲ့။ သာမန် နှုတ်ဆက်ခြင်းလား၊ ကျွန်မတို့ အခြေအနေကို သူ ရိပ်မိသွားလို့လား၊ ဆိုတာကိုတော့ ကျွန်မ မခန့်မှန်း တတ်ပါလေ။

အကယ်၍သာWhere stories live. Discover now