အခန်း ၃

18.5K 1.4K 58
                                    

Unicode

မမရီက နောက်တစ်နေ့ ညနေ လေးနာရီမှာ ကျွန်မ အိမ်ရှေ့ ရောက်လာပါသည်။
အောက်ထပ်မှာ မေမေနဲ့ စကားပြောသံကို ကြားကတည်းက မမရီ ဖြစ်မယ်‌ဆိုတာကို ကျွန်မ သိပါသည်။

မနေ့ကပြောတော့ လေးနာရီ ခွဲဆို။ ဒီလိုမှန်း သိရင် ကြိုပြင်ထားမှာပေါ့။

မေမေက ‌မမရီကို ရီလေးသန့်မှန်းလည်း သိသွားရော။ အလွန်အမင်းပင် ‌လောကဝတ် ကြေပြနေပါသည်။

"ဆရာမရယ်၊ ကျွန်မ သမီးက အပေါင်းအသင်း သိပ်နည်းတာ အိမ်မှာလည်း ကျွန်မတို့ ငါးယောက်တည်းရှိ‌တာတောင် သူက သူ့ ထွေးထွေးကိုပဲ စကားပြောတယ်၊ ကျွန်မတို့ကိုဆို သူစိမ်းတွေကျနေတာပဲ၊ တစ်ခါတစ်လေများ ကျွန်မ တစ်ခုခု လုပ်ပေးရင် 'ကျေးဇူးတင်ပါတယ် မေမေ' တွေ ပြောလို့ ကျွန်မမှာ ရယ်ရအခက် ဖြစ်သေးတယ်"

မမရီ၏ အလိုက်သင့် ဟုတ်ကဲ့ လုပ်နေသံကို ကျွန်မကြားရသည်။

"ဆရာမကို မြို့ထဲက တအားတော်တယ်လို့ ပြောနေကြတာ၊ ဆရာမနဲ့ ဒီလို သိရတာ ကျွန်မ ဝမ်းသာမိတာပဲ"

"~~"

"ကျွန်မ သမီးကလေ လမ်းလည်းမလျှောက် အားကစားလည်း မလုပ်ဘူး၊
ဒီခုတောင် ဆရာမကို ခင်လွန်းလို့ လိုက်တာ နေမှာ၊ အရင်က သူ့ ထွေးထွေး ခေါ်တာကို အင်းအဲနဲ့ ပျင်းနေတာ"

အမေရယ်။ ဘာတွေ ပြောနေတာလဲ။ မမရီနဲ့ လိုက်ချင်တယ်လို့ ပြောခဲ့တာက အမေ့သမီးပါ။

"အပေါ်တက်ပါဦး ဆရာမ၊ သူ့ အခန်းထဲမှာပဲ နေမှာ၊ သမီးရေ ဆရာမ‌ ရောက်နေပြီဟေ့"

အိမ်အပေါ်ထပ်မှာ ကျွန်မတို့ သုံးယောက်ရဲ့ အခန်းရှိသည်။ မောင်လေးရယ်၊ ထွေးရယ်၊ ကျွန်မရယ်။
ဖေဖေနဲ့ မေမေကတော့ အောက်ထပ်မှာ နေကြသည်။

ထွေးက ဒီနေ့ မနန်းနန်းအိမ်ကို စောသွားခဲ့သည်။

ကျွန်မ ပြေးဆင်းရမလား၊ အခန်းထဲမှာပဲ နေရမလား ဆိုပြီး ဖြစ်မိသေးသည်။
အိုး သူက ဧည့်သည်၊ ငါက အိမ်ရှင်ပဲ။ ကြိုတော့ ကြိုရမှာပေါ့။

အခန်း သပ်ရပ်နေတာ သေချာမှ ကျွန်မ အပြင်ထွက်မိသည်။ မမရီက အပေါ်ထပ် ဧည့်ခန်းထဲ ရောက်နေလေပြီ။
ဧည့်ခန်းထဲမှာ ဆိုဖာ ခုံအနည်းငယ်က လွဲပြီး ဘာမှ မရှိပါ။ နံရံပေါ်ကလည်း ပြောင်ရှင်းနေသည်။ ကျွန်မတို့ မိသားစုပုံနှင့် ထွေး၏ ဘွဲ့ဓါတ်ပုံ နှစ်ပုံသာ TV ဘေးက နေရာမှာ တင်ထားသည်။

အကယ်၍သာWhere stories live. Discover now