အခန်း ၄၀

14K 1.2K 49
                                    

Unicode

အချစ်သည် နှလုံးသားထဲမှ ခံစားချက်ပဲ ဖြစ်ကာ အချစ်တစ်ခုတည်းနဲ့ ဘဝကို တည်ဆောက်လို့ မရကြောင်း ကျွန်မ တဖြည်းဖြည်း သိမြင်လာပါသည်။ အချစ်နောက်မှာ ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ် စသည့် ဘေးက ထောက်ကူပေးသည့် အရာများ ပါမှ အချစ်တစ်ခုသည် တည်မြဲကြောင်း၊ ပြီးတော့ ချစ်သူ၏ အဆိုးဆုံး အခြေအနေမှာ ချစ်ပေးနိုင်မှ အချစ်ဟု ခေါ်ထိုက်ကြောင်း၊ လုံလုံလောက်လောက် မချစ်ပေးနိုင်လျှင် ကိုယ်ချစ်သည့်လူကို အဆမတန် နာကျင်စေကြောင်း၊ ဘဝနှင့် ချီပြီး သင်ခန်းစာ ရခဲ့ပါသည်။

ဖြတ်သန်းရသော နေ့ရက်များသည် အလုပ်လုပ်နေရသည့်အတွက် အဓိပ္ပါယ်မဲ့သည်ဟု မဆိုနိုင်ပေမယ့်လည်း ကျွန်မ နှလုံးသားထဲမှ စီးသမျှ နှလုံးသွေးများတွင်တော့ အချစ်ဆိုသည့် အရာဝတ္ထုလေး ပျောက်ကွယ်သွားသည့်အတွက် ရှင်သန်ဖို့ တွန်းအားမဲ့နေသလို ဖြစ်ခဲ့ပါသည်။

ထို့အပြင် မရင့်ကျက်စွာ ပြုလုပ်ခဲ့သော အမှားများအတွက် တစ်လျှောက်လုံး နောင်တတရားက ကျွန်မကို ဖိစီးပါသည်။ ဆုံးဖြတ်ချက်တစ်ခုမချခင် အချိန်အနည်းငယ် စောင့်သင့်ကြောင်းနှင့် အလျင်စလို ဆုံးဖြတ်လိုက်ပါက အချိန်တစ်ခုထိ လွဲသွားနိုင်ကြောင်း ကျွန်မ ကောင်းကောင်းကြီး နားလည်ခဲ့ရပါသည်။ ပြီးတော့ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ဘယ်တော့မှ မရောထွေးပစ်ဖို့ ကျွန်မကိုယ် ကျွန်မ အမြဲသတိပေးဖြစ်ပါ၏။ အရာအားလုံးကို စိတ်အေးအေးထားပြီး ဆုံးဖြတ်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသည်။

မမရီနှင့် ကျွန်မတို့ သူမ ထွက်သွားပြီး တစ်ပတ်ကျော် ကြာမှ အဆက်အသွယ် ကောင်းကောင်းပြန်ရပါသည်။ ကျွန်မဟု ဆိုသော်လည်း တိုက်ရိုက် ဖုန်းပြောရခြင်းတော့ မဟုတ်ပါ။ ကိုကိုနှင့် အမေမှ တစ်ဆင့် ဖြစ်သည်။ သို့သော် မဂန္ဓမာ၏ ရှင်းပေးသွားသည့် ဖြစ်ကြောင်းကုန်စင် သိသွားခဲ့တာတောင်မှ မမရီက ပြန်လာလို့ အဆင်မပြေကြောင်း ငြင်းဆန်ပစ််ခဲ့ပါသည်။ သူ့အလုပ်ကို ပြောင်းရတာ အင်မတန် ခက်ခဲသည်ဟု ဆို၏။ ထို့အပြင် အားလုံး စိတ်ငြိမ်အောင် အချိန် တစ်ခု ယူပါဦးမည်တဲ့။

အကယ်၍သာWhere stories live. Discover now