အခန်း ၃၀

14.8K 1.1K 78
                                    

Unicode

အကြိုနေ့မနက်ခင်း၌ ပုဂံမှ ကျွန်မတို့ ပြန်ထွက်ခဲ့ကြသည်။ လမ်းတစ်လျှောက်မှာ သင်္ကြန်သီချင်းဖွင့်ကာ ရေပုံးကိုယ်စီဖြင့် ရေပက်နေကြသော ကလေးတစ်ချို့ကို တွေ့ရသည်။ မဏ္ဍပ်ကြီးကြီးမားမားကိုတော့ မမြင်ရပါ။ အုန်းလက် မဏ္ဍပ်လေးတွေကတော့ နှစ်နေရာ၊ သုံးနေရာလောက် ရှိသည်။ မန္တလေးမြို့ကို ဝင်လာတော့ နေ့လည်ခင်း ရှိပေပြီ။

သင်္ကြန်ကာလဖြစ်၍ ဆိုင်အားလုံးနီးပါး ပိတ်ထားကာ လမ်းပေါ်တွင် သင်္ကြန်လည်သူများနှင့် ပြည့်‌နေသည်။ နေ့လည်စာကို လမ်းမှာ စားခဲ့၍သာ တော်သေးသည်။ သူများတွေ ရေပက်တာကို မြင်မှ မမရီအား ရေမလောင်းရသေးတာကို သတိရသည်။ ဒီနေ့နှင့် အကျနေ့ နှစ်ရက်ကို သူမ အမေအိမ်မှာ အိပ်ပြီး အကြတ်နေ့မှ ပြန်မည်ဟု မမရီက ပြောပြသည်။ အကြတ်နေ့ မနက်မှာတော့ ကျွန်မနှင့် ခဏတွေ့ခွင့်ရမည်။ မမရီက ကျွန်မကို ဟန်ဆောင်ပြီးပင် မုံရွာ လိုက်ခဲ့ပါလားဟု မခေါ်ပါ။ မခေါ်ချင်တာ အကြောင်းရှိမှာပေါ့ဟု တွေးမိပေမယ့် တကယ်ခွဲရပြန်မည် ဆိုတော့လည်း လိုက်ချင်လာသည်။

"မမရီ ကျွန်မ လိုက်ခဲ့လို့ မရဘူးလားဟင်"
မမရီက တစ်ခုခုကို တွေးတောသလို ပုံစံဖြင့် မျက်နှာက တည်သွားပါသည်။ သို့သော် ချက်ချင်းပင် ပြန်ပြင်လိုက်သည်။

"ခိုင့် သူငယ်ချင်းတွေနဲ့ သင်္ကြန် လည်ဦးလေ။ အိမ်မှာက ဆွမ်းကပ်မှာဆိုတော့ လူရှုပ်နေမှာမို့ မင်းကို ကောင်းကောင်း ဧည့်ခံနိုင်မှာ မဟုတ်ဘူး။ နောက်ကျမှ အမေနဲ့ အေးအေးဆေးဆေး တွေ့‌ကြ‌ရအောင်နော်"

"ကျွန်မကို အသိညီမလေးလို့ပဲ မိတ်ဆက်ထားပေးလို့ ရပါတယ် မမရီရဲ့"

မမရီက အားပေးသလို အပြုံးလေး ပြုံးပြသည်။
"အဲ့ဒါကြောင့် မဟုတ်ပါဘူး။ နောက်မှ သွားမယ်နော်"

မမရီကိုယ်တိုင်က မလိုက်စေချင်မှတော့ ကျွန်မ အတင်းအကြပ် မတောင်းဆိုရဲပါ။ စိတ်ကောက်ခံရပြီးကတည်းက မမရီ စကားတစ်ခွန်းဆို တစ်ခွန်း နာခံနေမိ၏။ ပြန်ပြီး အထွန့်မတက်ရဲတော့ပါ။

အဆောင်ရှေ့ရောက်သည့်အခါ မမရီက ကျွန်မလက်ကို တစ်ချက် ခပ်ဖွဖွ နမ်းပါသည်။
"ဖုန်းဆက်မယ်နော်။"

အကယ်၍သာWhere stories live. Discover now