အခန်း ၅

16.4K 1.3K 68
                                    

Unicode

အဝေးမှ လှမ်းကြည့်ရုံနဲ့တင် တောင်နေကြာတွေ ဖုံးလွှမ်းနေသော တောင်ထွဋ်ကြီးကို မြင်ရသည်။
တစ်တောင်လုံးကို ဝါထိန်နေတာ‌ပဲ။
တောင်တက်လမ်းက ကားလမ်းဖြစ်ပေမယ့် အတော် မတ်သည်။ ဒီလို ခပ်မတ်မတ် လမ်းကွေ့တွေမှာ မမရီ ကားမောင်းရတာ ခက်များ ခက်မလားလို့ တွေးပေမယ့် သူကတော့ လီဗာကို အသာကစားကာ ကျွမ်းကျင်ပိုင်နိုင်စွာပဲ မောင်းတက်လာပါသည်။
ကတ္တီပါ ဖိနပ်အဝါကို စီးထားသည့် ခြေထောက်သွယ်သွယ်လေးကို ဘရိတ်နှင့် လီဗာပေါ်မှာ အသာ တင်ထားသည်။
တချို့လူတွေကျတော့လည်း ကံကောင်းလိုက်တာကွယ်။ ခြေချောင်းလေးတွေက အစ မြတ်နိုးဖို့ ကောင်းတယ်။

မမရီအသားက မဖြူပါ။ ညိုလည်း မညိုပါ။ ညက်ညက်လေးနဲ့ ဝါဝါဝင်းဝင်းလေးရှိသည်။ မေမေပြောတာတော့ အဲ့ဒါ ဗမာဖြူ ဖြူတယ်လို့ ခေါ်တယ် တဲ့။

"မမရီက တောင်တက်လမ်းတွေ တကယ် ကျွမ်းတာပဲ၊ ကျွန်မဆို အခုထိ အနောက်ပိုင်းကို ‌မမောင်းရဲသေးဘူး"

"အင်း ဒီကို ရောက်ကတည်းက ဘယ်သွားသွား တခြားလူနဲ့ မလိုက်ဘဲ တို့ကိုယ်တိုင်ပဲ မောင်းခဲ့တာ၊ တစ်နှစ်ဆိုတဲ့အချိန်ဟာ တောင်ပေါ်လမ်းတွေ မောင်းတတ်ဖို့ လုံလောက်ပါတယ်"

တောင်ခါးပန်းက မြေကွက်လပ်ကျယ်ကျယ်မှာ မမရီက ကားကို ရပ်ပါတယ်။ အဲ့ဒီနားက ညောင်ပင်ကြီး နှစ်ပင်က အရိပ်ကောင်းကောင်းရသည်။ တခြား ဓါတ်ပုံ လာရိုက်တဲ့ လူတွေလည်း ရှိနေတာမို့ လူကတော့ တော်တော်စည်ပါသည်။

တောင်ပေါ်ကနေ မြို့တစ်ဖက်ခြမ်းကို ဆီးမြင်ရသည်။ လမ်းတစ်ဖက်က တောင်နံရံမှာတော့ တောင်နေကြာတွေဟာ အအုံလိုက် အကျင်းလိုက် လေယူရာမှာ ယိမ်းနေကြသည်။ ဆောင်းလေက တစ်ချက်တစ်ချက် ဝေ့လာသည့်အခါ အရိပ်ထဲမှာတောင် မနေနိုင်တော့။ နေပူထဲ ထွက်ရသည်။

"ဓါတ်ပုံရိုက်လေ ခိုင်"

"မမရီ ရိုက်ပေးမှာလား"

"ဒီမှာ မင်းနဲ့ တို့နဲ့ပဲ ရှိတာကို တို့မှ မရိုက်ပေးရင် ဘယ်သူ့ကို ရိုက်ပေးစေချင်တာလဲ၊
အဲ့လိုမျိုး မဟုတ်တာတွေ မမေးစမ်းနဲ့"

အကယ်၍သာWhere stories live. Discover now