အခန်း ၂၃

15.3K 1.2K 48
                                    

Unicode

ထိုနေ့ကစပြီး ကျောင်းမသွားခင် အိမ်မှာနေရသည့် ရက်များသည် စိတ်ချမ်းသာစရာ အတိ ဖြစ်ခဲ့ပါသည်။ အိမ်မှာ ကျွန်မကို ချုပ်ချယ်တဲ့ တစ်ဦးတည်းသော မေမေက အခုဆိုလျှင် မမရီအတွက် တစ်ခါတစ်ရံ ဟင်းတွေ ထည့်ပေးသည်အထိ သဘောကောင်းလာပါသည်။

စနေ၊ တနင်္ဂနွေဆိုလျှင် မမရီနား တစ်နေကုန် သွားသည်။ တနင်္လာမှ သောကြာဆိုလည်း မမရီ နေ့လည်စာ ပြန်စားသည့် အချိန်ကို သွားပြီး နှစ်ယောက်သား နေ့စာ အတူစားကြသည်။ နေ့လည်စာ စားပြီးလို့ မမရီ ဆေးရုံ ခဏ ပြန်သွားလျှင် ကျွန်မ သူ့အိမ်မှာ စောင့်ပြီး စာအုပ်ဖတ်သည်။ မမရီ အဝတ်တွေကို အဝတ်လျှော်စက်ထဲ ထည့်ပေးသည်။ တစ်ခါတစ်လေဆိုလျှင် ဘလောက်စ် အင်္ကျီလေးတွေမှာ ကျန်ခဲ့သည့် ကိုယ်သင်းနံ့ကို ကျွန်မ တိတ်တိတ်လေး ခိုးနမ်းမိသည်။
ညနေစာ ထမင်း တစ်အိုး တည်ပေးသည်။ သီချင်းဖွင့်သည်။ စာအုပ်ဖတ်သည်။

မမရီက နှစ်နာရီ၊ သုံးနာရီခန့်မှာ အိမ်ပြန်ရောက်လာသည့်အခါ သူ ဆေးခန်းမသွားခင်အထိ ကျွန်မတို့ စကားတွေ ပြောပြီး ညစာ အတူတူချက်သည်။

စကားပြောသည့်အခါ အဓိကကတော့ သီချင်းတွေနဲ့ ရုပ်ရှင်တွေ အကြောင်းပေါ့။ မမရီက ဟောလီဝုဒ်ရုပ်ရှင်တော့ တော်တော်လေး ကြည့်ပုံပေါ်ပါသည်။ ဟိုးဘက်ခေတ်က ဂန္တဝင် ရုပ်ရှင်တွေကနေ စပြီး ဒီနှစ် အော်စကာ စကာတင် ဝင်သည်အထိ သူ ကြည့်ဖူးတဲ့ ဇာတ်ကားတွေ ‌များသည်။

လေရူးသုန်သုန် အကြောင်းပြောမိရင်း ကျွန်မက စကားလက်ကို ကြိုက်တယ်လို့ ဆိုသည့်အခါ မမရီက မီလာနီကိုပဲ ကြိုက်သည်ဟု ဆိုပါသည်။ ကျွန်မတို့မှာ အဲ့ဒါနဲ့ ပတ်သက်ပြီး အချေအတင် ပြောရသေးသည်။

"ကျွန်မလေ စကားလက်ကို သိပ်သနားတာပဲ။ သူ့ဘဝ လှလှလေးကနေ ကမောက်ကမ ဖြစ်သွားတဲ့အထိ သူ့မှာ ဒုက္ခ၊ သုခ ပေါင်းစုံကို ကြုံခဲ့ရတယ်။ တစ်သက်လုံး ယောကျာ်းတစ်ယောက်ကို ကြိတ်ချစ်ခဲ့ရတာလည်း ကြေကွဲစရာပဲ"

"ဟင့်အင်း တို့တော့ သူ့ကို မကြိုက်ပါဘူး။ မီလာနီကမှ သူ့ယောင်းမက သူ့ယောကျာ်းကို တစ်သက်လုံး ကြိတ်ချစ်နေတာကို သည်းခံနေရတယ်။ တို့ဆို သည်းမခံနိုင်ဘူး။ သူမို့ စိတ်ကောင်း ရှိလွန်းတာ။ တို့သာဆို အဲ့ဒီလောက် ဖြစ်နေရင် သတ်ပစ်လိုက်ပြီ"
မမရီက ပြောနေရင်း ဒေါသထွက်လာပုံရကာ အသံပါ ကျယ်လာပါသည်။
မမရီဟာလေ အရေးကြုံရင် သွေးအေးသလောက် ဘာမဟုတ်တာလေးနဲ့ကျပြန်တော့ စိတ်ဆိုးတတ်နေရော။

အကယ်၍သာWhere stories live. Discover now