အခန်း ၁၂

15.4K 1.1K 15
                                    

Unicode

အိမ်က လူတွေက ကျွန်မ မမရီနှင့် ခင်နေတာကို အင်မတန် သဘောကျနေဟန် တူပါသည်။ မေမေကတော နဂိုကရင်း အမျိုးသမီး ခွဲစိတ်ဆရာဝန်ဆိုပြီး မမရီကို အထင်ကြီးပြီးသား ဖြစ်၏။ ဖေဖေကလည်း ကျွန်မ အပြင်ထွက်လည်တာကို ဘာမှ မကန့်ကွက်ပါ။ ဖေဖေက လူချစ်လူခင်များခြင်းက အရည်အချင်းတစ်ခုဟု အမြဲပြောလေ့ရှိသည်။ ကျွန်မ မောင်လေးကပင် တစ်နေ့က ကျွန်မကိုပြောနေသည်။
"နင်က အဲ့ဒီ အစ်မနဲ့ပဲ လျှောက်သွားနေတော့ ငါ နင်နဲ့အရင်ကလို ရန်မဖြစ်ရတာ ကြာပြီ" တဲ့။
ထွေးကတော့ ကျွန်မ၏ ပြောင်းလဲနေသော အပြုအမူတွေကို ရိပ်မိပုံရပေမယ့် ကျွန်မစိတ်ကို လွှမ်းမိုးထားသူမှာ ယောက်ျားတစ်ယောက်ဟု ထင်နေပုံရ၏။ "မိခိုင် နင် တစ်ချို့ညတွေမှာ မအိပ်တာ ငါ သတိထားမိတယ်၊ တစ်ခုခုဆို ထွေးကို ပြောစမ်းပါ" ဟု ရိုးရိုးပင် ပြောပါ၏။
ခရစ်စမတ်နေ့ ညပိုင်း မမရီနဲ့ သွားလည်မည်ဟု ခွင့်တောင်းတော့အဖေနှင့် အမေက ဘာမှ မပြောဘဲ ခွင့်ပြုပေးသည်။

မမရီ‌အပေါ် ထားရှိသည့် ခံစားချက်များကို ဘယ်သူမှ မသိနိုင်ပါ။ ဒါဆိုလျှင် မမရီကရော သိနိုင်ပါ့မလား။ သွေးပူနေတုန်း ဖွင့်ပြောဖို့ လုပ်လိုက်ပြီးမှ သွေးအေးသွားသည့်အခါ ဆက်ဖြစ်လာမည့် အကျိုးဆက်တွေကို ကျွန်မ မတွေးချင်ဘဲ တွေးနေရ၏။
ပထမဆုံးကတော့ ကျွန်မနဲ့ မမရီ၏ ဆက်ဆံရေး ပျက်ပြားသွားနိုင်သည်။ မမရီက ကျွန်မအပေါ်ကို ဘယ်လိုစိတ်မှ မထားခဲ့ဘဲ ခင်ရုံသာ ခင်သည်ဟု ပြောခဲ့လျှင် ကျွန်မ ရူးသွားရုံသာ ရှိသည်။ သို့သော် ဤအဖြေက ကျွန်မ ရနိုင်‌ခြေ အရှိဆုံး ဖြစ်လို့နေသည်။ သူ ရိုးရိုးသားသား ခင်နေတာကို ကျွန်မက ဘာသာပြန်မှားပြီး ကျွန်မကို ရေလာမြောင်းပေးလုပ်နေတာလို့ ထင်လိုက်၍ မရပါ။ မမရီသည် ကျွန်မထက် အသက်ကြီးပြီး ကလေးကလား စိတ်ကူးတွေ တွေးမည့်လူမျိုး မဟုတ်ပါ။

ဒုတိယတစ်ခုက မမရီက သူ့ချစ်သူဟောင်းကို ‌မမေ့နိုင်ဆိုသည့် အဖြေဖြစ်သည်။ ဘယ်သူမှန်း မသိပေမယ့် ထိုလူကို ကျွန်မရင်ထဲကနေ အမှန်တကယ်ပင် အားကျမိပါသည်။ ပြီးတော့ အခု ဒေါက်တာအောင်မြတ်ကို၏ မျက်နှာကလည်း တစ်နေရာမှ ပေါ်လာပြန်သည်။ ဒီနှစ်ခုကလည်း ဖြစ်နိုင်ခြေ နည်းပေမယ့် လုံးဝ မဖြစ်နိုင်‌တာတော့ မဟုတ်ပါ။

အကယ်၍သာWhere stories live. Discover now