အခန်း ၁၇

19.1K 1.2K 142
                                    

Unicode

လေအေးအေးက နောက်ကျောကို တိုးဝှေ့ပြီး ဝင်လာသည့်အခါမှ တဲ တံခါးကို ပိတ်လိုက်ဖို့ သတိရသည်။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဘာမှ မပြောဘဲ စစချင်းဝင်လာသည့် ပုံစံအတိုင်းကြည့်နေမိကြသည်မှာ နှစ်မိနစ်၊ သုံးမိနစ်လောက်တော့ ရှိမည်ထင်သည်။ သို့သော် မမရီ မျက်ဝန်းထဲက အရိပ်အယောင်တွေကို ကျွန်မ အဓိပ္ပါယ် ဖော်ထုတ်နိုင်ခြင်း မရှိပါ။ မမရီ တဲထဲမှာ ရှိနေမည်ကို မီးပုံဘေးကနေ ထထချင်း သတိရ‌မိပေမယ့် စည်သူက ဖွင့်ပြောလာသည့်အခါမှာတော့ လုံးဝ မေ့သွားပါသည်။ တဲက ခပ်ကျဉ်းကျဉ်းဆိုတော့ သေချာပေါက် တဲအပြင်ဘက်က စကားပြောသံကို ကြားရမှာပဲ ဖြစ်၏။

ကျွန်မ တံခါး ဇစ်ကို ပိတ်လိုက်သည်။
"ဘာလာယူတာလဲ"
"ဘာမှ မဟုတ်ပါဘူး မမရီ"
ကျွန်မ မမရီဘေးမှာ မဝံ့မရဲ ခပ်ယို့ယို့လေး သွားထိုင်မိသည်။ မမရီမျက်နှာက မီးပုံဘေးမှာ မြင်ခဲ့ရသလိုမျိုး ဘာခံစားချက်မှ မပေါ်အောင်ထိန်းထားသည့် မျက်နှာသေ ဖြစ်လို့နေ၏။ မျက်ရည်စများသည် အစောပိုင်းက ရှိခဲ့မည် ဖြစ်သော်လည်း ကျွန်မကို ကြည့်နေသည့်အချိန်မှာပင် အားလုံး ခန်းခြောက်သွားသည်နှင့် တူပါသည်။

"မမရီ ...ဟို.. "
ကျွန်မ ဘယ်ကနေ ဘယ်လို စကားစ‌ပြောရမှန်း မသိပါ။
"အင်း.. မင်းတို့ နှစ်ယောက် ပြောနေတာကို တို့ ကြားသွားတယ်။ မင်း မေးချင်တာ ဒါ မဟုတ်လား။ တို့တမင် ခိုး နားထောင်တာ မဟုတ်ရပါဘူး။ မင်းတို့က ဒီနားမှာ လာပြော‌တာကိုး။
ဟုတ်တယ် ငါ အစအဆုံး ကြားတယ်။ မင်း ဖြေလိုက်တဲ့ အဖြေကြောင့် သူ ရည်းစားစကား လာပြောဖြစ်သွားတယ်ဆိုတာက အစ"

မမရီ လေသံက ပြောရင်းဖြင့် တင်းမာလာပါသည်။ ခရစ်စမတ်နေ့က ကို အောင်မြတ်ကိုအား အော်လိုက်သည့် ဒေါသအရှိန်နီးပါးပင် ရှိမည်။

"မဟုတ်ဘူး မမရီ"

"ဘာကို မဟုတ်တာလဲ"
‌ခြင်္သေ့တစ်ကောင်၏ ဟိန်းဟောက်မှုနှင့် တူသည့် အသံက ကျွန်မ နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပါသည်။
"ဘာကို မဟုတ်တာလဲ ခိုင်။ တစ်ညလုံး တို့ကို ရှိမှန်းတောင် မသိတော့တဲ့ ကိစ္စကိုလား။ ဒါမှမဟုတ် ဟို မေးခွန်းကို ရေလာမြောင်းပေး လုပ်ပြီး ဖြေတဲ့ ကိစ္စကိုလား။ ဒါမှ မဟုတ် အဲ့လို ဖြေလိုက်လို့ တို့ ရှေ့မှာ ရည်းစားစကား အပြောခံလိုက်ရတာကို ဂုဏ်ယူပြနေတာကိုလား"

အကယ်၍သာWhere stories live. Discover now