Character introduction(Part 2)

420 11 0
                                    

ကောင်းခန့်ရှိန်သာ

အားလုံးကိုကျွန်တော်ချစ်ရတဲ့သူအကြောင်းလေးကြွားချင်တယ်...

သူကယောက်ျားလေးတစ်ယောက်...ဟုတ်တယ်...

ယောက်ျားလေးပေမဲ့သူ့အသားအရည်လေးကဖြူပြီးကြည်လွန်းနေတာ...

သူလေးရဲ့အသားလေးကဝါဂွမ်းလေးလိုနူးညံ့အိစက်လွန်းလို့ခဏခဏထိကိုင်ချင်ပေမဲ့ လက်နဲ့တို့ထိလိုက်ရင်ကိုသူလေးအသားနီရဲသွားမှာစိုးလောက်အောင်ကိုသူလေးရဲ့အသားအရည်လေးကနူးညံ့နေတာ...

မိန်းကလေးတွေလိုနှင်းဆီဖူးလိုနီရဲရဲနှုတ်ခမ်းလေးတွေသူလေးမှာမရှိပေမဲ့ ပန်းနုရောင်ဖျော့ဖျော့လေးနဲ့ဆွဲဆောင်မှုရှိလှတဲ့သူလေးရဲ့နှုတ်ခမ်း...

နှာတံချွန်ချွန်မျက်နှာရှည်သွယ်သွယ်နဲ့ ကုတ်လောက်ဆံပင်ကိုမှအပေါဆံပင်လေးတွေကိုစုစည်းပြီးတင်ထားလေ့ရှိတဲ့ကလေးလေး...

သူများတွေတင်စားပြောသလိုငြို့အားပြင်းလွန်းလှတဲ့သမင်မျက်လုံးလေးတွေသူ့မှာမရှိပေမဲ့သားရဲတစ်ကောင်လိုမာန်အပြည့်နဲ့စူးရှတောက်ပတဲ့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားတဲ့ချစ်ရသူ...

စိတ်ကောက်စိတ်တိုလွယ်ပြီး ကျွန်တော်ပြန်ချော့စရာမလိုအောင်လည်းစိတ်ကောက်ပြေတတ်တဲ့ အသည်းညှာလေး

ကလေးဆန်ပြီးနွဲ့ဆိုးဆိုးတတ်တာဟာလည်းသူလေးအကျင့်..

ဒေါသကြီးပြီးစွာတေးလန်တာကလည်းမပြောမဖြစ်ပြောရပေဦးမယ်..

အရာအားလုံးကိုချုံကြည့်လိုက်ရင် ကျွန်တော့်အတွက်တော့သူလေးကအဖိုးမဖြတ်နိုင်တဲ့ကျွန်တော်တစ်ယောက်တည်းရဲ့ရတနာလေး...

သူ့ကိုတော့ကျွန်တော်ကချစ်စနိုးလေးနဲ့ငယ်လိုခေါတယ်....

အေးချမ်းပြီးသာယာလှတဲ့မင်းဘဝလေးထဲကိုကိုကိုကဖျက်စီးဖို့ရောက်လာခဲ့မိတဲ့အတွက်ကိုကိုတောင်းပန်ပါတယ်ငယ်

တကယ်တော့မင်းနဲ့ကိုယ်နဲ့ကမတွေ့ဆုံကြသင့်တဲ့လူတွေပါ....

SOUL(Completed)Where stories live. Discover now