Chapter34(Unicode+Zawgyi)

85 5 4
                                    

'ဆရာ....မြလေးနွယ်....ကျွန်တော်ခေါ်လာတဲ့လူနာရော....အဆင်ပြေရဲ့လား...?'

အရေးပေါ်ခန်းထဲကနေထွက်လာတဲ့ဆရာဝန်ကိုကျွန်တော်အလျှင်အမြန်ဘဲမေးမိတော့သူက'ဟင်း'ခနဲသက်ပြင်းချလေရဲ့....

'ဒီက....လူနာရှင်လား...?လူနာနဲ့ဘာပတ်သက်မှုရှိလဲ....?'

'ဟို......ကျွန်...ကျွန်တော်က.........'

ဖြေရခက်နေတဲ့သူကြောင့်ကျွန်တော်ကဘဲကြားဝင်ဖြေရှင်းပေးလိုက်မိသည်....

'မမရဲ့ခင်ပွန်းလောင်းပါဆရာ....'

'ငယ်.....'

ငယ့်အဖြေလဲကြားရောပြူးပြူးပြာပြာနဲ့ကိုကိုကငယ့်ကိုလှည့်ကြည့်သတဲ့...

နောက်တော့ငယ့်စီပြေးလာပါတော့သည်.....

'ငယ်....'

'ကိုကို....ငယ်ဆရာဝန်နဲ့စကားခဏပြောလိုက်ဦးမယ်....ကိုကိုကဒီနားမှာထိုင်စောင့်ပေးမလား....နော်.....'

ဒါဟာကိုကိုကြားယုံမျှသာငယ်ပြောလိုက်မိယုံ...

ပထမကငြင်းဖို့ကြံနေတဲ့ကိုကို့ကိုငယ်ချော့ကာမော့ကာပြောမှအနားကခုန်တန်းယားလေးမှာကုပ်ကုပ်ကလေးသွားထိုင်နေလေရဲ့....

စိတ်ရှုပ်လို့ထင်ပါတယ်.....ကိုကိုကခေါင်းပေါ်ကဆံပင်တွေကိုခဏခဏလက်နဲ့ဖွပြန်ရော....

'ဟူး......'

'ညီလေး....'

'အော်...ဆရာ....မမအခြေအနေလေးငယ့်ကိုပြောလို့ရမလား....?ငယ်က မမခင်ပွန်းရဲ့ညီလေးပါ.....'

'အင်း.....တကယ်တော့လူနာကခုတော့စိုးရိမ်စရာမရှိတော့ဘူး....'

'ဒါဆိုအဆင်ပြေတာပေါ့.........'

'ဒါပေမဲ့...ကလေး..ကလေးက...........'

'ဟင်....သား..သားလေးကဘာဖြစ်လို့လဲ....?'

'ဟူး....မကြာခင်မှာလူနာကိုခွဲစိတ်ရမယ်ထင်တယ်.....ဘာလို့ဆိုကလေးမှာချို့ယွင်းချက်ရှိနေတယ်....'

'ဘာလို့လဲ...?'

'နောက်ပြီး..ကျွန်တော့်ဘက်ကနေကြိုပြောပါရစေ....ခွဲစိတ်ခန်းဝင်တဲ့အခါအခြေအနေတွေကပြောင်းလဲမှုရှိနိုင်တယ်.....'

SOUL(Completed)Where stories live. Discover now