Chapter39(Unicode+Zawgyi)

79 5 10
                                    

'ကျွီ.......'

အိမ်ရှေ့မှကားတံခါးပိတ်သံကြောင့်ငယ်ကိုကိုပြန်လာပြီဆိုတာသိလိုက်တယ်.....

'ငယ်ရေ...ငယ်....'

အိမ်ထဲတောင်လူကမရောက်သေးဘဲအမြဲလိုလိုငယ့်ကိုမတွေ့မချင်းငယ့်နာမည်ကိုတကြော်ကြော်အော်ခေါ်တတ်တဲ့အသက်၄၂နှစ်အရွယ်ချစ်ရသူပါ...

၄၂နှစ်ဆိုပေမဲ့ငယ့်ကိုကိုဟာအဘိုးကြိးမဟုတ်သေးဘူးနော်....အရင်လိုဘဲသန်တုန်းမြန်တုန်းမာတုန်းပါနော်....အဲ...ဟိုကျန်းမာတာကိုပြောတာ....ကျစ်...ငါတစ်ယောက်ထဲအတွေးလွန်သွားပြန်ပါရောလား..ဟူး...

'ဟော...ကိုကို့ငယ်လေးကဒီရောက်နေတာဘဲ.....'

'ကိုကို....ပြန်လာပြီလား...?'

'အင်း...ကိုကိုပြန်လာပြီ....ငယ့်ကိုအရမ်းလွမ်းလို့မြန်မြန်အလုပ်တွေအပြတ်ဖြတ်ပြီးအပြေးပြန်လာခဲ့တာ.....လာပါဦး...ကိုကို့စီ.....လွမ်းခဲ့ရတဲ့ရက်တွေကိုအတိုးချအသားယူရအောင်လို့...အဟင်း...'

'ဟာဗျာ..ကိုကိုရာ...'

'လာပါဦးကွာ...ကိုကို့ရင်ခွင်ထဲ....'

လက်နှစ်ဖက်ဆန့်တန်းကာငယ့်ကိုကြိုနေတဲ့ကိုကိင့ရင်ခွင်ထဲကိုအရင်အချိန်တွေကလိုဘဲပြေးဝင်မိတယ်.....

'မွ...ဆံပင်လေးကမွှေးနေတာဘဲအသက်ရာ....'

'တကယ်ကြီးလား..ခွီး...'

'ဟော...ဘာဖြစ်လို့ရယ်ရတာတုန်းပြော....ခင်ဗျားလေး...'

ပါးနှစ်ဖက်ကိုဖျစ်ညှစ်ကာမေးတော့ရယ်စစနဲ့ပြောရပြန်သည်...

'ဟီး...ဟို..ငယ်ခေါင်းမလျှော်ရသေးဘူးကိုကို...ဘယ်လိုလဲ...?ဂျီးနံ့လေးကမွှေးရဲ့လား...အဟားဟား...ခစ်....'

'ဟာဗျာ....ခင်ဗျားလေးကတော့လေ....မသိဘူးကွာ...ကိုကိုကတော့ငယ့်ကိုကထွက်တဲ့ဂျီးဖြစ်ဖြစ်ချွေးဖြစ်ဖြစ်ထါက်သမျှအရာရာတိုင်းကိုမြတ်နိုးပြီးချစ်ရပါတယ်ဗျာ....'

'အော့....ကိုကိုကလည်းဘာတွေပြောနေမှန်းမသိဘူး...ရွံစရာကြီးကိုဗျာ....'

'မသိဘူး...ကိုကိုကတော့ငယ်နဲ့ပတ်သက်တဲ့အရာမှန်သမျှကိုမြတ်နိုးတယ်ငယ်...ဒါဟာယုံတမ်းပုံပြင်မဟုတ်ဘဲကိုကို့ရင်ထဲကလာတဲ့အကြင်နာမေတ္တာတွေဆိုတာကိုငယ်ယုံစေချင်ပါတယ်...အင့်...အွန့်....'

SOUL(Completed)Where stories live. Discover now