Chapter8(Unicode+Zawgyi)

85 7 0
                                    

'မင်းဘယ်လိုဆက်လုပ်မှာလဲ..???'

'ဘာကိုလဲပါး...??'

'မင်းချစ်လှပါချည်ရဲ့ဆိုတဲ့မင်းရဲ့ကိုကိုက ခုမင်းကိုပစ်ပြီးတခြားတစ်ယောက်နဲ့လက်ထပ်တော့မှာတဲ့လေ..ဒီမှာငါ့စီတောင်လက်ထပ်ဖိတ်စာရောစေ့စပ်ပွဲဖိတ်စာရောပို့ထားတယ်.....'

'ဟက်....အဲ့စက္ကူစုတ်နှစ်ခုကကျွန်တော်နဲ့ကိုကို့ကြားခွဲလို့ရမယ်တဲ့လား....??ပါးရာ...ဟား..ဟား...'

'မင်းရှုံးပြီလို့ထင်တယ်လွင်ပြင်ငယ်....'

'ငယ်သိပါတယ်....ဒါပေမဲ့ငယ့်ကိုနောက်ဆုံးအနေနဲ့အခွင့်အရေးလေးတစ်ခုတော့ပေးပါလားပါး.....??'

'ဘာလို့လဲ..??မင်းအရှုံးကိုလက်မခံနိုင်တာလား..?'

'အဲ့တာထက်ကျွန်တော်ကိုကိုနဲ့မခွဲနိုင်တာ....ကိုကိုနဲ့နီးစပ်ခွင့်ရအောင်ပါးကူညီပေးပါ..ကျန်တာကတော့ပါးကြိုက်တာတောင်းဆိုပါ....'

..............

................................

ပါးနဲ့ငယ်စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်ကိုကို....

နောက်ဆုံးငယ့်သဘောကိုပါးကလိုက်လျောပေးမယ်လို့ပြောခဲ့တယ်...

ငယ်အရမ်းဝမ်းသာတယ်..မကြာခင်မှာကိုကိုနဲ့ငယ်နီးစပ်ခွင့်ရကြတော့မှာ.....

ခဏလေးဘဲစောင့်ပါကိုကို.....

ငယ်ကိုကို့နားအရောက်လာခဲ့မယ်..ကိုကို့ကိုတခြားသူတွေမပေးနိုင်တဲ့အကြင်နာမေတ္တာတွေငယ်ပေးနိုင်အောင်ကြိုးစားမယ်...

ကိုကိုခုမချစ်နိုင်ရင်တောင်ငယ့်ကိုနောက်ကြချစ်လာမှာပါ......

ကိုကိုရာ..ငယ်တွေးရင်းနဲ့တောင်အရမ်းပျော်မိတယ်သိလား....

ကိုကိုအနားမှာရှိနေမယ့်ငယ့်နေ့ရက်တိုင်းကိုငယ်တန်ဖိုးထားမှာပါ...

ငယ်ကိုကို့အပေါထားတဲ့အကြင်နာတွေသာစစ်ရင်.....အင်း....တစ်နေ့တော့ ငယ့်နှလုံးသားနဲ့ကိုကို့နှလုံးသားတစ်စုံထပ်တူကျတဲ့နေ့ဆိုလာရှိလာမှာပါ.......

............................................................................................................

'ကိုကို...'

SOUL(Completed)Where stories live. Discover now