Chapter25(Unicode+Zawgyi)

134 9 14
                                    

စောင့်နေတဲ့မျှော်နေတဲ့လူကကိုယ့်စီမလာမှတော့နောက်ဆုံးမနေနိုင်တဲ့ကိုယ်ကဘဲသူ့စီသွားတွေ့ခဲ့မိတယ်......

ကိုကို....ခင်ဗျားနဲ့အမြဲတမ်းနီးဖို့ကြိုးစားနေတဲ့ကျွန်တော်ကတခါတလေလေးတော့လက်လျှော့ချင်တဲ့စိတ်တွေဖြစ်မိသား...ဘာလို့ဆိုငယ့်ဘက်က ကိုကို့အနားရောက်ဖို့ခြေတစ်လှမ်းလှမ်းလိုက်တိုင်းကိုကို့ဘက်ကငယ်နဲ့ဝေးရာခြေလှမ်းဆယ်လှမ်းလှမ်းပြီးသူမနားကိုခြေတစ်လှမ်းပိုပိုရောက်သွားတာမို့...ငယ်လေဆက်လှမ်းရမှာလည်းကြောက်မိသလို နောက်ထပ်ဆုတ်လိုက်ရင်လည်းပိဝေးသွားမှာကြောက်လို့ပါကိုကို...

တစ်ခါလောက်တော့ငယ့်ကို ကိုကုလှမ်းကြည့်စေချင်တယ်....

ငယ့်အချစ်ကိုမြင်အောင်ကြည့်ပေးဖို့တောင်းဆိုချင်တယ်....

ငယ့်မှာအဲ့လောက်တော့တောင်းဆိုခွင့်ရှိတယ်မလားကိုကို.....

ဟူး.....

ကိုယ့်စိတ်ကိုပြင်ရင်းအခန်းတံခါးခေါက်ပြီးသာအခန်းထဲဝင်ခဲ့မိလိုက်တယ်.....

'နွယ်..အဆင်ပြေရဲ့လား...?'

'.........'

'ခေါင်းရောကိုက်လားဟင်..?...တစ်ခုခုလိုတာရှိရင်ကိုယ့်ကိုပြောနော်.....'

'ဟုတ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

'ဟုတ်....ကိုကို...နွယ်..အဆင်...ပြေပါတယ်.....'

'အင်းပါ.....တော်သေးတာပေါ့နွယ်ရယ်...ဘာမှဖြစ်မသွားလို့....'

'........ကိုကို့ကို စိတ်ပူအောင်လုပ်မိပြန်ပြီထင်တယ်...နွယ်သိပ်ဆိုးတယ်မလား...?'

'အင်း...ဆိုးတယ်...မင်းလေးကအဆိုးလေး....ဒါပေမဲ့လည်းနွယ်ဘာမှမဖြစ်ဘူးဆိုတာသိတော့ကိုယ်ပျော်သွားပြီကွာ....'

SOUL(Completed)Where stories live. Discover now