Chapter18(Unicode+Zawgyi)

116 10 2
                                    

ကိုကိုကပြန်မလာသေးဘူးလား...?

မျှော်ရတဲ့လူလည်းစောင့်ရင်းစောင့်ရင်းဒိုင်နိုစောခေတ်တောင်ပြန်ရောက်တော့မယ်...

ခင်ဗျားဟာလေ..အရင်အတိုင်းဘဲ..အချိန်ကိုမလေးစားတတ်သေးဘူး...

ဒီအချိန်လိုပြောရင်အနည်းဆုံးနာရီဝက်တစ်နာရီကတော့နောက်ကျမြဲ...

ခုလည်းပွဲသွားဖို့၆နာရီလာခေါမယ်ဆိုပြီးမနက်ကပြောသွားတဲ့သူက၇နာရီထိုးတော့မယ်ပေါမလာသေးဘူး..

ဟူး....

ငယ်ဆိုတာကသူများအတွက်အချိန်ပေး၇တာတို့..စောင့်ရတာတို့ဆိုသိပ်မုန်းတာကိုကိုသိလား...

'လွင်ပြင်ငယ်...ဟဲ့..ငါခေါနေတာမကြားဘူးလား..!!'

ပြတင်းပေါက်ကိုအေးဆေးလေးထိုင်ကြည့်နေတဲ့ငယ့်ကိုလာပွမ်နေတဲ့သူမကိုငယ်မသိချင်ယောင်ဆောင်နေမိသည်...

'ဟဲ့...သေနာလေး...နင့်နာမည်ခေါနေတာတောင်ငါ့ကိုမကြားချင်ယောင်ဆောင်တယ်ပေါ့လေ....နင်တော့လား...အင့်ဟာ....'

'ဖြောင်း...'

ဒါသူမငယ့်ကိုသတ်သတ်လာရန်စနေတာ...ငယ်သူမကိုအမြင်ကတ်လွန်းလို့သူမပြောနေတာတွေကိုလျစ်လျူရှုပြီးနေလိုက်တာကိုသူမဘက်ကတုံပြန်တာကငယ့်ကျောကုန်းကိုသူမလက်နဲ့အားပြင်းပြင်းရိုက်ချလိုက်တယ်တဲ့....

မိန်းကလေးတစ်ယောက်ရဲ့အားဆိုပေမဲ့နာကြည်းမှုတွေမကျေနပ်ချက်တွေပါပေါင်းပြီးရိုက်လိုက်တာဆိုတော့ငယ်ဘယ်လောက်နာသွားမလဲခင်ဗျားတို့တွေးကြည့်ပေါ့...

ငယ်သူမကိုတချက်သူကြည့်ပြီးအနားကနေထွက်သွားလိုက်တယ်...ပြဿနာမတက်ချင်တော့ဘူး...

ကိုကိုအိမ်မှာမရှိတဲ့အချိန်ဖြစ်တာကြောင့်လည်းငယ်ဘာမှမပြောဘဲနှုတ်ဆိတ်ပြီးထိုနေရာကနေသာခပ်အေးအေးဘဲထွက်လာလိုက်တယ်...

ဒါတွေအားလုံးကခင်ဗျားကြောင့်နော်ကိုကို...ခင်ဗျားနဲ့ပတ်သက်နေလို့အရာရာကိုငယ်သီးခံပေးနေတာ...

'တီ..တီ.....'

'ဟယ်..ကိုကိုလာခေါပြီတော်....ဟီး...'

SOUL(Completed)Where stories live. Discover now