Chapter13(Unicode+Zawgyi)

90 9 0
                                    

မိုးတွေကလည်းခုမှအရမ်းကိုသဲလာလိုက်တာကိုကိုရာ...

အမြဲတမ်းပေါ့ပေါ့စစနေတတ်တဲ့ကိုကိုရောအပြင်သွားတဲ့အခါထီးမှယူသွားရဲ့လား...?

အပြင်ကရေစိုပြီးပြန်လာရင်လည်းခေါင်းကိုပြေင်ပြီးခြောက်အောင်မှသုတ်ရဲ့လား?

ရာသီဥတုကအေးရအေးနဲ့နွေးနွေးထွေးထွေးကောနေရဲ့လား..?

လူကသာအိပ်ယာပေါလှဲနေပေမဲ့စိတ်ကတော့ကိုကို့စီရောက်နေတာကို ကိုကိုကတော့သိမှာမဟုတ်လောက်ဘူးမလား....

ဟင်း............

တောင်းပန်ပါတယ်ကိုကို....ငယ်နဲ့မှားယါင်းတွေ့စုံစေခဲ့မိလို့...

ခွင့်လွှတ်ပါတယ်ခင်ဗျားကို....ငယ့်အပေါဘယ်လောက်ဘဲနာကျည်းမုန်းတီးပြီးရက်စက်နေပါစေ...

သိပ်ချစ်တယ်ကိုကို...ငယ့်ရင်ထြကစစ်မှန်တဲ့မေတ္တာတရားတွေကိုကိုကိုသိအောင်ဖွင့်ပြောချင်သေးလို့....

ပျော်သလိုနေပါကိုကို...ငယ့်ကြောင့်နာကြင်နေရမဲ့ကိုကို့ကိုငယ်မမြင်ရက်လို့.....

ပေါက်ခနဲ့လက်ခုံပေါကျသွားတဲ့မျက်ရည်တစက်ကိုငယ်ငေးကြည့်နေမိတယ်.....

အင်း...

ကိုကို့ရဲ့နာကြင်မှုတွေကိုငယ့်မျက်ရည်တွေနဲ့အစားထိုးခံပေးပါရစေလား......

ကိုကို့ကိုငယ်အရာရာထက်တန်ဖိုးထားပြီးချစ်ခဲ့တာပါ...

နောက်တော့ငယ့်ကုတင်ဘေးကစားပွဲပေါမှာတင်ထားတဲ့leatherစာအုပ်ကလေးကိုဆွဲယူမိပြီးငယ်ရေးနေကြစကားလုံးတချို့ကလက်ကအလိုလိုရေးနေမိသည်....

ငယ်ပြောသလိုပေါ့ကိုကို...

"ငယ့်အကြင်နာတွေသာစစ်ရင်တစ်နေ့တော့ငယ့်နှလုံးသားနဲ့ကိုကို့နှလုံးသားတစ်စုံထပ်တူကျတဲ့နေဆိုတာရှိလာမှာပါ"

ငယ်အကြွင့်မဲ့ယုံကြည်ပြီးအဲ့နေ့ကိုလက်ချိုးရေပြီးစောင့်နေပါ့မယ်...

ဒါပေမဲ့မသေချာတာတစ်ခုက..ငယ်အဲ့အချိန်ထိကိုကို့ကိုစောင့်မနေနိုင်မှာကိုဘဲ........

SOUL(Completed)Where stories live. Discover now