Chapter23(Unicode+Zawgyi)

93 11 19
                                    

နောက်ဆုံးမှာတော့ငယ်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့သည်....

အဲ့တာကငယ်ဒီနေရာဒီအိမ်ကြီးကနေထွက်သွားတော့ဖို့....နောက်ပြီးကိုကို...ကိုကို့ရဲ့အဝေးတနေရာမှာဘဲတစ်ယောက်တည်းအခြေချတော့ဖို့လေ.....

သိပ်ချစ်မိခဲ့တဲ့အတွက်အရှုံးကြီးရှုံးခဲ့ဖူးတာလည်းငယ်ပါ.....

ကိုယ့်ဘဝကိုခဏတာလောက်လုံခြုံမှုပေးနိုင်လိမ့်မယ်လို့တွေးထင်ခဲ့မိပြီးခိုဝင်ခဲ့မိတဲ့ဦးရဲ့အရိပ်ဟာလည်းငယ့်အတွက်ကိုငရဲလိုပူလောင်ခဲ့ပြန်တယ်....

နောက်ဆုံးဖအေအရင်းလို့သိခဲ့ယုံကြည်ခဲ့တဲ့သူကလည်းသူ့အပေါကိုအပေးအယူသဘောမျိုးနဲ့ဘဲဆက်ဆံခဲ့ပြန်တယ်........

တကယ်ပါ..ငယ်လောကကြီးကိုစိတ်ကုန်မိတယ်...

ပတ်ဝန်းကျင်ဆိုတာကြီးကိုလည်းနာကျည်းမိပြန်တယ်....

လူတွေကိုလည်းကြောက်လာမိတယ်....

အယုံအကြည်လွယ်လွန်းတဲ့ကိုယ့်ကိုယ်ကိုယ်လည်းစိတ်နာတယ်....

ငိုရလွန်းလို့လည်းရင်ဘတ်တွေအောင့်နေပြီးမျက်ခွံတွေလည်းကြိမ်းစပ်နေပါပြီ....

ဒီလောက်ဆိုတော်ပါပြီ...

လောကကြီးရယ်..ဒီလောက်နှိပ်စက်ရရင်လည်းကျေနပ်ပေးပါတော့လား....

.................

.........................

အိမ်ကထွက်လာတဲ့နေ့တည်းကယူလာခဲ့တဲ့ပစ္စည်းလေးတွေကိုစနစ်တကျအိတ်ထဲထည့်ယူရင်းအိမ်အောက်ထပ်ကိုဆင်းလာလိုက်တယ်.....

မနက်ဝေလီဝေလင်းဆိုတော့ဦးလည်းနိုးဦးမှာမဟုတ်သေးလောက်ဘူး....

ဦး..ဒီနေရာမှာခဏတာခိုလုံခွင့်ပေးခဲ့တဲ့အတွက်ငယ်ကျေးဇူးတင်ပါတယ်...

လှေခါးအောက်ထပ်ကနေဘဲဦးရှိတဲ့အခန်းဘက်ကိုမျက်နှာမူပြီးဦးသုံးကြိမ်ချရှိခိုးလိုက်တယ်....

ရေစက်မကုန်သေးဘူးဆိုရင်လည်းတတ်နိုင်ရင်တော့ဦးနဲ့ဘယ်တော့မှထပ်မဆုံချင်တော့ဘူးဗျာ......ကိုကိုနဲ့ရောဘဲ...

SOUL(Completed)Where stories live. Discover now