Chapter14(Unicode+Zawgyi)

92 7 0
                                    

'ဟင်း...'

'သားငယ်...သား..နိုးလာပြီလား...?'

'ဗျာ...ပါး..ပါးမလား...?'

'အင်း...ဘယ်လိုဖြစ်ရတာလဲကွယ်...မင်းမူးလဲကျသွားတယ်ဆိုပြီးကောင်းခန့်ရှိန်သာဖုန်းဆက်တာနဲ့ပါးအပြေးလာခေါလိုက်ရတာ....'

'အော်....ကိုကိုကပါးကိုဖုန်းဆက်ခေါလိုက်တာပေါ့...'

'သားရယ်..တော်သေးတာပေါ့..ဆေးရုံကိုရောက်မသွားလို့..ပါးမှာစိတ်ပူလိုက်ရတာ....'

'အင်း....'

အားလုံးကတော့ပါးငယ့်ကိုစိတ်ပူနေတယ်လို့ထင်မှာပေါ့..ဒါပေမဲ့တကယ်က................ငယ့်ကိုစိတ်ပူတာမဟုတ်ဘဲပါးရဲ့လျှို့ဝှက်ချက်တွေပေါသွားမှာကိုစိတ်ပူနေတာတဲ့လေ..ဟက်...ကောင်းပါတယ်....အားလုံးကသိပ်တော်ကြပါတယ်.....

'သား....'

'အင်း.....ပါးသိနေခဲ့တယ်မလား...ဒီနေ့ကကိုကို့ရဲ့လက်ထပ်ပွဲနေ့ဆိုတာ....?'

'............'

'ဘာလို့ဘာမှပြန်မပြောတာလဲ...ဟမ်...သိနေရက်နဲ့ငယ့်ကိုမှဘာလို့အရူးလုပ်ကြတာလဲ....ဟင့်..ငယ်လည်းခံစားချက်ရှိတဲ့သူတစ်ယောက်ပါ...ငယ့်ကိုရောမသနားကြတော့ဘူးလား....ဟင့်...ပါးတို့သိပ်ရက်စက်တယ်....'

'သားကိုသိစေချင်လို့....သူသားကိုမချစ်ဘူးဆိုတာ....ဒါမှ....'

'ဘာလဲ..အဲ့တာမှငယ်ကကိုကို့ကြောင့်နောင်တတွေရ...နောက်ဆုံးပါးအနားကိုပြန်ရောက်လာပြီးပါးကြိုးဆွဲရာကနိုင်မယ့်ရုပ်သေးရုပ်လိုပြန်ဖြစ်သွားမယ်ဆိုပြီးများတွေးနေတာများလား...'

'လွင်ပြင်ငယ်..မင်းဆိုတာပါးကြောင့်ဖြစ်တည်လာတာနော်...မင်းကျေးဇူးကိုမမေ့နဲ့....'

'ငယ့်စကားတွေထဲမှာကျေးဇူးကမ်းတဲ့စကားတွေများပြောမိလို့လားပါး...ငယ်ကအဖြစ်မှန်ကိုပြောပြယုံပါ...'

'မင်းငါ့စေတနာကိုမစော်ကားနဲ့...'

'အော်...ပါးရယ်...ပါးအဲ့ကျေးဇူးတရားတွေနဲ့ချည်နှောင်ထားလို့ဘဲ ငယ်ပါးရဲ့ကကြိုးရုပ်အဖြစ်လုပ်ပေးခဲ့တယ်မဟုတ်လား....'

SOUL(Completed)Where stories live. Discover now