Chapter40(Unicode+Zawgyi)

118 6 11
                                    

'imm......တူ..တူတူ.......'

သီချင်းလေးတငြီးငြီးနဲ့အိမ်ပေါ်ထပ်ကနေဆင်းလာတဲ့ကောင်းသေးငယ်....လက်ထဲမှာလည်းဆိုင်ကယ်သော့လေးကိုလက်နဲ့ကစားရင်းနဲ့ပေါ့....

'သား.......'

'ဟင်.....'

အသံလာရာဘက်ကိုလှည့်ကြည့်တော့ထမင်းစားခန်းထဲကနေလှမ်းခေါ်တဲ့ဖခင်ဖြစ်သူကြောင့်သူခပ်ပြုံးပြုံးလေးပြုံးပြလိုက်တယ်....

'ဖေ...morning.....'

'morning....သား....'

ငယ်ငယ်ကအတိုင်းဘဲကျွန်တော်အဖေ့စီပြေးသွားရင်းမနက်တိုင်းနှုတ်ဆက်နေကြစကားလေးပြောကာဖေ့ပါးကိုနှာခေါင်းနစ်ဝင်သည်အထိနမ်းပြစ်မိသည်....

'မွ.......မွှေးနေတာဘဲဗျာ...ဖေ့ပါးက.....'

'ဘာလဲ...?မုန့်ဖိုးပြတ်နေပြီလားကောင်း....?'

'ဟာ...မဟုတ်တာ....ဒီသားကဒီအဖေကိုချစ်လို့နမ်းတာကိုဖေကလဲ....'

'အဟက်....မသိပါဘူးကွာ...တစ်ခုခုများရှိလို့လားလို့....'

'ဖေနော်..ဟွန့်.....'

'အသက်က၁၈ပြည့်တော့မယ်..မင်းကခုထိကလေးလိုလုပ်နေတုန်းလားကောင်း...'

'မလုပ်ပါဘူး....ဖေကလဲ...သားကိုဆိုအပြစ်ပြောဖို့ချည်း......'

ထိုအချိန်....မီးဖိုခန်းထဲကနေကော်ဖီအိုးလေးကိုင်ရင်းကျွန်တော့်အနားကိုခပ်ပြုံးပြုံးလေးလျှောက်လာသူ....တချိန်ကတော့သူသိပ်ချစ်ရတဲ့ပါး...ခုတော့သိပ်မုန်းရတဲ့သူပေါ့.....

'သာတောင်နိုးနေပြီလား....?မီးဖိုချောင်ထဲကတောင်ကြားနေရပါတယ်နော်...သားအဖနှစ်ယောက်ဘာတွေအဝေမတည့်ဖြစ်နေပြန်တာလဲ.....?'

'ကိုယ်ကသားကိုကလေးလိုလုပ်နေလို့မေးကြည့်ယုံပါ...ဒီကလေးကိုယ်မရှိတုန်းရောငယ့်အပေါ်ကိုတအားဆိုးလား....'

'အိုး....ကိုကိုကလည်း...‌ောင်းလေးကဒီလောက်လိမ်မာတာကို...ကလေးကိုအဲ့လိုမပြောပါနဲ့......သား...မနက်စာစားသွားနော်...ပါးခုဘဲသားအကြိုက်ကော်ဖီလေးဖျော်လာတယ်.....သောက်လိုက်နော်.....'

SOUL(Completed)Where stories live. Discover now